ခက်ခက်ခဲခဲရလာသောပျော်ရွှင်မှု

756 106 0
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၄၁။ ။ ခက်ခက်ခဲခဲရလာသောပျော်ရွှင်မှု
"ပင်ပန်းနေပြီလား"
လင်းစစ်ယောင်က ပုံးအလွတ်တစ်လုံးအား ရေနွေးများဖြည့်နေသည်။ စုရွှေလျန်ရေချို့းရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။
"ကျွန်မအဆင်ပြေပါတယ်။ ရှင့်ကိုဒုက္ခပေးရလို့အားနာပါတယ်"
စုရွှေလျန်က ရေသယ်ကာအခန်းထဲဝင်လာသော လင်းစစ်ယောင်ကို အားတုံ့အားနာကြည့်လိုက်ကာ သူသည် သူမအတွက် သန့်ရှင်းသောအဝတ်တစ်စုံထုတ်ပေးကာ စင်ပေါ်တွင်တင်ပေးခဲ့သေး၏။
"ကိုယ်တို့ အရမ်းယဉ်ယဉ်ကျေးကျေးစကားမပြောဘူလို့ ကတိပေးထားကြတယ်မလား"
လင်းစစ်ယောင်က မျက်မှောင်ကြုတ်ကာ ရေအပူချိန်ကိုစမ်းသပ်လိုက်သည်။
"ကောင်းပြီ။ အဆင်သင့်ဖြစ်ပြီ။ မင်းပြီးရင် ကိုယ့်ကိုခေါ်လိုက်ပါ"
ထိုသို့ပြောပြီး အိပ်ခန်းလိုက်ကာများကိုချပေးလိုက်ကာ အိမ်ပြင်သို့ထွက်သွားသည်။
လင်းစစ်ယောင်၏မပျော်မရွှင်ဖြစ်နေသောခံစားချက်မှ သူသည် အဒေါ်လောင်၏တောင်းဆိုမှုကိုလက်ခံကာ ရှီချွေ့အားပန်းထိုးပေးပြီး အသစ်စက်စက်ခင်ပွန်းလောင်းဖြစ်သောသူ့အား လျစ်လျူရှုထားခြင်းကြောင့်ဖြစ်သည်ကို သူမသိသည်။
သို့သော်လည်း အဒေါ်လောင်သည် မနက်စောစောတွင်ပင် နှစ်ခေါက်လာသွားကာ ကူညီပေးရန်တောင်းဆိုခဲ့သည်။ ပန်းထိုးသတ်မှတ်ရက်သည်လည်း နီးကပ်လာပြီးဖြစ်ကာ မကူညီပေးလျှင် သူမဆိုးရွားသည်ဟုခံစားရပေလိမ့်မည်။ အဒေါ်လောင်နှင့် သူမ၏မိသားစုသည် အကြိမ်များစွာကူညီပေးခဲ့ဖူး၏။
သူမသည် ရေချိုးစည်ပိုင်းကိုနောက်ကျောမှီကာ ခန္ဓာကိုယ်ပေါ်သို့ ရေခွက်ဖြင့်ရေခပ်ကာလောင်းနေပြီး အားယောင်အကြောင်း စဉ်းစားနေမိသည်။ လတ်တလောတွင် ဘာလုပ်နေမှန်း မသိသောလင်းစစ်ယောင်အကြောင်းစဉ်းစားမိကာ မျက်ခွံများစတင်လေးလံလာသည်။
လင်းစစ်ယောင်သည် ချယ်ရီပင်အောက်တွင် ခေတ္တမျှရပ်နေသည်။ သာနေသောလရောင်က သစ်ရွက်များကြားမှ ဖြတ်သန်းတိုးဝင်လာကာ သူ၏မျက်နှာပေါ်တွင် ထိန်လင်းနေသေည်။ သူ့ပုံစံမှာ လရောက်အောက်ရှိကျောက်စိမ်းနတ်ဘုရားနှင့်ပင်ဆင်တူသည်။ အေးစက်ကာခံ့ညားနေ၏။ တည်ငြိမ်ခြင်းပျက်သွားသည့်ပုံပေါ်ကာ မျက်ခုံးတွန့်သွားပြီး ငြိမ်သက်အေးချမ်းမှုသည် အလှမ်းကွာသွားသည့်ပုံလည်းပေါ်ပေသည်။
ထိုမျှကြာသည်အထိ သူမ အဘယ့်ကြောင့်မခေါ်ရသေးသနည်း။ သူ၏သဘောထားကို နားလည်မှုလွဲနေသည်လော။ သူမအား စိတ်ဆိုးနေသည်ဟု တွေးနေမိသည်လော။ မှန်ပေသည်။ သူမအားစိတ်ဆိုးနေမိသည်။ သို့သော်လည်း စိတ်မဆိုးရက်ပေ။ တစ်နေကုန် မန့်ထုံတစ်ဝက်သာစားသည်။ ရေလည်းမသောက်သကဲ့သို့ အပေါ့အပါးသွားကာအချိန်ဖြုန်းမိမည်ကိုပင် ကြောက်နေပေသည်။ အချိန်ကိုပန်းထိုးရန်အတွက် တတ်နိုင်သမျှမဖြုန်းတီးမိအောင်နေကာ သူမနှင့် ရှီချွေ့သည် ပုံ၏လေးပုံတစ်ပုံခန့်မျှပြီးသွားလေပြီ။ သုံးရက်ထက်သာပိုကြာခဲ့လျှင် သူမလမ်းလျှောက်နိုင်သေးလျှင်ထူးဆန်းနေပေလိမ့်မည်။
လင်းစစ်ယောင်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အိပ်ခန်းဆီသို့သွားလိုက်သည်။ အချိန်ကြာမြင့်ပြီးနောက်တွင် အသံတစ်သံပင်ထွက်မလာပေ။ လင်းစစ်ယောင်မျက်ခုံးတွန့်လိုက်ပြီး လျင်မြင်စွာဖြင့် အိပ်ခန်းထဲသို့သွားကာ တံခါးခေါက်လိုက်သည်။
"ရွှေလျန်?"
လင်းစစ်ယောင်မြင်ကွင်းကိုကြည့်ကာ မှင်တက်သွားမိသည်။ သူမသည် ရေချိုးရင်းဖြင့်အိပ်ပျော်နေခြင်းဖြစ်သည်။ စည်ပိုင်း၏တစ်ဖက်တွင် သူမ၏ဆံပင်များကိုချထားပြီး မြေကြီးပေါ်သို့ပင်ကျနေသည်။
ချိတ်မှတဘတ်ကြီးအားယူလိုက်ပြီး လင်းစစ်ယောင်က စုရွှေလျန်ပေါ်တွင် ပတ်ပေးလိုက်ကာ ရေထဲမှထုတ်ယူကာ အိပ်ရာဆီသို့ခေါ်သွားလိုက်သည်။ သူမအားစောင်အပါးလေးဖြင့်မပတ်ပေးခင် ခန္ဓာကိုယ်အားခြောက်သွေ့အောင်သုတ်ပေးလိုက်သည်။ ထို့နောက် သူမ၏ခါးထိရှည်သောဆံပင်အား ခြောက်အောင်သုတ်ပေးသည်။ မစိုသောတဘတ်အသစ်ဖြင့် ရေစုပ်ရန် ဆံပင်များကိုပွတ်သည်။ ဆံပင်ခြောက်ရန် အတွင်းအားကိုပင်သုံးလိုက်ကာ စိုနေသောခေါင်းအုံးနှင့်စောင်ကိုလည်း ခြောက်စေသည်။
လင်းစစ်ယောင်သည် စည်ပိုင်းထဲရှိရေများကိုသွန်ပစ်ရန်သွားကာ စိုနေသောကြမ်းပြင်းအားသန့်ရှင်းလိုက်သည်။ ထို့နောက် အဝတ်အစားလဲကာ မီးဖိုချောင်ထဲရှိ အဝတ်လျှော်ဇလုံထဲသို့ထည့်လိုက်ပြီး မနက်ဖြန်မှလျှော်ရန်စီစဉ်လိုက်သည်။ လင်းစစ်ယောင်ပြန်ရောက်လာသောအခါတွင် စုရွှေလျန်၏ခန္ဓာကိုယ်သည် အပေါ်ပိုင်းဗလာကျင်းဖြစ်နေသည်ကို မြင်လိုက်ရသည်။
လင်းစစ်ယောင်သည် သူ၏နှာခေါင်းစီမှစီးဆင်းလာသောအနွေးဓာတ်အား ထိန်းချုပ်လိုက်ပြီး သူသည်လည်း စောင်ထဲသို့မဝင်ခင် စုရွှေလျန်အား လျင်မြန်စွာအဝတ်ဝတ်ပေးလိုက်သည်။ ထို့နောက်မှာတော့ သူမကိုဖက်ကာ သူလည်းအိပ်ပျော်သွားရှာသည်။ ထိုသို့ဖြင့် ဒုတိယမြောက်ညအား ကောင်းကောင်းမွန်မွန်အိပ်စက်အနားယူကြပေသည်။
---
တတိယမြောက်နေ့၏ကြက်တွန်သံကြားလိုက်သောအခါတွင် စုရွှေလျန်သည် ခန္ဓာကိုယ်ကို နှေးကွေးလေးလံစွာဖြင့် လှုပ်ရှားလိုက်သည်။ ရှီချွေ့မပြန်ခင် မနေ့ညကအကြောင်းအား သူမစဉ်းစားမိသည်။ သမူသည် မနက်(၅)နာရီတွင် အလုပ်စရန်ကတိပေးထားကာ တွန့်ဆုတ်စွာဖြင့် မျက်လုံးဖွင့်လိုက်ရသည်။
အရုဏ်တက်အလင်းရောင်သည် ပန်းပွင့်လိုက်ကာများကြားမှ ဖြတ်သန်းလာကာ မည်သည့်အချိန်ရှိသည်မှာ သိသာပေသည်။
သူမဘေးတွင်အိပ်မောကျနေသော လင်းစစ်ယောင်ကိုကြည့်လိုက်ပြီး သူ၏မျက်နှာအားခံစားရန် တွန်းအားတစ်ခုရုတ်တရက်ဖြစ်ပေါ်လာသည်။ သူမသည် မနေ့ညက မည်သို့အိပ်ရာဝင်သွားသည်ကို ရှင်းရှင်းလင်းလင်းမသိပေ။ သူမမှတ်မိသည်မှာ ရေချိုးကာ ထို့နောက်တွင်....။
“အား”
စုရွှေလျန်တစ်ယောက် အသံကျယ်ကျယ်မအော်မိစေရန် ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်မိသည်။ သူနိုးသွားမည်ကိုကြောက်သောကြောင့်ဖြစ်သည်။ မနေ့ညကအကြောင်းအားစဉ်းစားကြည့်လျှင် သူသည် ရေချိုးစည်ပိုင်းမှအဝတ်အစားမပါသောသူမအားခေါ်ထုတ်လာပြီး အိပ်ရာထဲသို့ခေါ်လာခြင်းဖြစ်ပေမည်။ စုရွှေလျန်ရှက်လွန်းသည့်အတွက် စောင်ထဲတွင်သာပုန်းနေချင်မိသည်။
လင်းစစ်ယောင်က မျက်လုံးများပိတ်လျက်သားဖြင့် သူမ၏တောင့်တင်းနေသောခန္ဓာကိုယ်လေးကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။
"အစောကြီးရှိသေးတယ်"
“အားယောင်...”
စုရွှေလျန်က ရှက်ရှက်ဖြင့် သူ့အားဖက်ခွင့်ပြုလိုက်ပြီးပြောလိုက်သည်။ သူ၏လက်များသည် သူမ၏လည်ပင်းကိုသိုင်းဖက်ထားကာ သူမ၏ခေါင်းအား သူ၏ရင်ဘတ်ပေါ်တွင်တင်လိုက်သည်။ အခြားလက်တစ်ဖက်က သူမ၏ခါးအားထွေးဖက်ထားပြီး သူမမထနိုင်အောင်တင်းကြပ်စွာဖက်ထားသည်။
"အစောကြီးရှိသေးတယ်"
လင်းစစ်ယောင်က ထိုစကားလုံးကိုပင်ထွက်ကျလာပြီး သူမအားသွားခိုင်းရန်ငြင်းဆန်နေသည်။
"ကျွန်မ ရှီချွေ့ကို မနက်(၅)နာရီထဖို့ ကတိပေးထားတယ်"
စုရွှေလျန်က သူ၏ထူးဆန်းသောနှလုံးခုန်သံကိုနားထောင်ကာ ညင်သာစွာရှင်းပြလိုက်သည်။ သူသည် သူမအားသန့်စင်ပေးရသည့်အကြောင်းတွေးကာရှက်နေမိသည်။ ထို့နောက် မနေ့ညကအကြောင်းကိုစဉ်းစားမိကာ သူ၏မပျော်မရွှင်ဖြစ်နေသောအမူအရာကြောင့် သူမမေးလိုက်မိသည်။
"အားယောင်... ရှင်ကျွန်မကိုစိတ်ဆိုးနေတာလား"
လင်းစစ်ယောင်၏နှလုံးသားသည် သူ၏ဝမ်းနည်းကာတောင်းပန်နေသောလေသံက နားထဲသို့ဝင်ရောက်လာသည့်အတွက် နာကျင်သွားရသည်။ သူမအား ဂရုမစိုက်ပေးနိုင်သောမိမိဘာသာ အပြစ်တင်နေမိကာ သူမကနောင်တရနေရှာသည်။
ဒါကြောင့် အမျိုးသမီးလေးကို သူ့နားသို့ပို၍ကပ်အောင်ဆွဲခေါ်လိုက်ကာ နဖူးပေါ်တွင်အနမ်းတစ်ပွင့်ခြွေလိုက်သည်။ ထို့နောက် နှုတ်ခမ်းများက သူမ၏မျက်ခုံးကွေကွေးလေးများဆီသို့ သက်ဆင်းသွားသည်။ ထို့နောက် ရှည်လျားသောနှာတံလေး၊ ထို့နောက်တွင် နီရဲနေသောနှုတ်ခမ်းဖူးလေးအား စုပ်ယူလိုက်သည်။
စုရွှေလျန်၏ခန္ဓာကိုယ်လေး တုန်ရီသွားကာ သူမ၏ချယ်ရီနှုတ်ခမ်းလေးအား အလိုက်တသိဖြင့်ဖွင့်ဟလာသည်။ စိတ်ကျေနပ်နေသောသက်ပြင်းချသံကြားတွင် သူ၏အားကောင်းကာနှိပ်ကွပ်တတ်သောလျှာဖြင့် သူမဘာသာ ရှုပ်ထွေးငြိတွယ်သွားသည်။
သူမသည် ပြင်းပြသောအချိန်ကာလကို ခံနိုင်ရည်မရှိသည့်တိုင် အသက်ပြင်းပြင်းရှုကာချန်ထားလိုက်သည်။
လင်းစစ်ယောင်က သူမ၏နှာခေါင်းကိုညွှန်ပြလိုက်ကာ ရယ်လိုက်မိသည်။
"ဘယ်လိုလုပ်အသက်ရှုဖို့မေ့နေရတာလဲ"
စုရွှေလျန်က ရှက်ကိုးရှက်ကန်းဖြင့် သူ၏ပုခုံးနားတွင် မျက်နှာအားဖုံးကွယ်ထားလိုက်သည်။ သူ၏ပြက်လုံးဖြင့်ရင်ဆိုင်ရန် သူမငြင်းဆန်နေပေသည်။
“ရွှေလျန်?”
လင်းစစ်ယောင်က သူမမေးစေ့လေးကိုပင့်လိုက်ကာ အလေးအနက်ဖြင့် မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။
"မနေ့ညကကြောင့် ကိုယ်စိတ်မဆိုးပါဘူး။ ကိုယ်စိုးရိမ်သွားရုံတင်ပါ။ မင်းရဲ့ကျန်းမာရေးကိုစိုးရိမ်တာ"
တစ်ချို့သောစကားလုံးများသည် မပြောလျှင် အထင်လွဲခြင်းအားဖြစ်စေကာ ထိုသို့အထင်လွဲမှုများ စုပုံလာခြင်းသည် မကျေနပ်ချက်နှင့် ခါးသီးသောခံစားချက်အဖြစ်သို့ပြောင်းလဲသွားပြီး ထို့သို့ဆိုလျှင် နောက်ကျသွားလိမ့်မည်ဖြစ်သည်။
"ကျွန်မသိပါတယ်"
စုရွှေလျန်က လက်ချောင်းလေးအား သူ၏နှုတ်ခမ်းပေါ်တွင်တင်ထားကာပြောလိုက်သည်။
"ဒီတစ်ခေါက်ကတော့ အဒေါ်လောင်ကို ကတိပေးပြီးသွားလို့ပဲ။ ဒါပေမဲ့ ဒါပြီးရင်တော့ ဒီလိုမျိုးထပ်ပြီးပန်းမထိုးတော့ဘူးလို့ ကတိပေးပါတယ်"
သူမက သူ၏နှုတ်ခမ်းလေးအား တို့ထိကာ ကတိပေးလိုက်သည်။
ပန်းထိုးခြင်းမှာ မည်မျှခက်ခဲကြောင်း သူမသိသည်။ အတိတ်တွင် "နံပါတ်တစ်ပန်းထိုးအိမ်" ဟူသောနာမည်အားထိန်းသိမ်းရန် မည်သည့်အခါမျှတွန်းအာမပေးခံခဲ့ရဖူးပေ။ သို့သော်လည်း အချိန်မဖြုန်းသောနည်းလမ်းများကိုအသုံးချခဲ့သည်။ သူမအတွက် ထောက်ပံ့ပေးခဲ့သောအရာအားလုံး အပါအဝင်ဖြစ်သည်။ သူမခေါ်လိုက်လျှင် အလိုကျဆောင်ရွက်ပေးရန်အသင့်ရှိနေသောအစေခံများရှိသည်။ သူမ၏အမေသည်ပင် မျက်လုံးထဲတွင် သနားစရာကောင်းကြောင်းပြသခဲ့သော်လည်း အသံသည် မည်သည့်အခါမှနူးညံ့မနေပါ။ စုအိမ်၏အကြီးဆုံးမမလေးအနေအဖြစ် သူမတွင်ရှိခဲ့သည့်ပင်ကိုယ်စရိုက်ပင်ဖြစ်သည်။ သူမကိုယ်တိုင်လည်းသိပေသည်။ သူမသည် မည့်သည့်အခါမှ မည့်သည့်အကြောင်းနှင့်မျှ မညည်းတွားဖူးပေ။
သို့သော် ယခုတွင် လင်းစစ်ယောင်၏အသံအေးစက်စက်ကာ သူမအတွက်စိုးရိမ်နေကြောင်းပြောလာကာ စုရွှေလျန်တစ်ယောက် မျက်ရည်ကျလုနီးပါးဖြစ်သွားရသည်။ နှစ်ပေါင်းများစွာ ပင်ပန်းကြီးစွာအလုပ်လုပ်ခဲ့ရသည်မှာ အချည်နှီးဖြစ်ကာ သူမ၏ပင်ပန်းနေမှုသည် ရုတ်တရက်စီးထွက်လာလေသည်။
လင်းစစ်ယောင်က သူမ၏မျက်လုံးထောင့်စွန်းမှစီးကျလာသောမျက်ရည်စလေးအား နမ်းရှိုက်လိုက်သည်။ သူမသည် ထိုအခိုက်အတန့်တွင်ပင် အဘယ့်ကြောင့်လှပနေရသည်ကို သူမနားမလည်ပါ။ သူသည် သူမ၏မျက်ရည်စက်များကို နမ်းချင်နေဆဲဖြစ်ကာ အကူအညီမဲ့မှုနှင့် မကျေနပ်မှုများ၊ ထိုအတွေးများက သူမအား ညင်သာစွာအဆက်မပြတ်နမ်းရှိုက်စေမိသည်။
သို့သော်လည်း မကြာမီပင် ပူနွေးမှုတစ်ခုအဖြစ်သို့ကူးပြောင်းသွားပြီး ချက်ချင်းပင် ထိုအရှိန်အားဖြတ်ချလိုက်ပြီး နှစ်ဦးသား ဒီရေအလားပြင်းပြသောချစ်ဇောဟုန်ထဲတွင် သက်ဆင်းကျရောက်သွားတော့ပေ၏။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now