လက်မလျော့သော လုဝမ်အာ

545 66 1
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၅၄။ ။လက်မလျော့သော လုဝမ်အာ

လုဝမ်အာသည် ဖုယင်မန်တံခါးဝတွင်ရပ်နေသည်မှာ တစ်နာရီနီးပါးမျှရှိပြီဖြစ်သည်။ သူမစိတ်ထဲတွင် အမြဲတမ်းရှိနေခဲ့သောထိုသူသည် ဝူချင်စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူမသည် သူ့နောက်သို့လိုက်သွားချင်သော်လည်း သူမ၏အစေခံ ချင်ယွီအား အထဲသို့မပို့ချင်ပေ။ ထိုသို့လုပ်လျှင် ကဗျာဆရာအသိုင်းအဝိုင်းအား အသိပေးသွားသကဲ့သို့ဖြစ်သွားမည်။ သူမအတွက် ယောင်္ကျားများက တိုက်ခိုက်တတ်သည့်အတွက် ထိုသို့ရန်ပွဲမျိုးအားလည်းမဖြစ်စေချင်ပါ။ ထို့ကြောင့် ထိုသို့လုပ်ရန်မလိုအပ်ပါ။ လုဝမ်အာသည် ဖုယင်မန်တံခါးဝတွင်သာရပ်နေကာ သူ့အား ထပ်၍လွတ်သွားမည်ကိုကြောက်နေမိ၏။

လုဝမ်အာသည် သူ၏နာမည်နှင့်အိမ်ကိုပင် မသိသည့်အတွက် မိမိဘာသာကျိန်ဆဲနေမိသည်။ သူသည် သူမနောက်သို့ လိုက်ရန်ဆန္ဒမရှိသည့်အတွက် သူမသည်သာ သူ့နောက်သို့လိုက်ရပေမည်။ သူမဘဝတွင် တစ်စုံတစ်ခုရရန် ထိုမျှလောက်စိတ်အားမထက်သန်မိပေ။
လုအိမ်၏သမီးအကြီးအဖြစ် မြို့ထဲတွင်အရည်အချင်းရှိသောမိန်းမလှလေးအဖြစ် သေချာပေါက်အောင်မြင်မည်ဟု လုဝမ်အာယုံကြည်ချက်ရှိနေသည်။ များပြားလှစွာသောယောင်္ကျားများသည် သူ၏ဆီမှ ဖျတ်ခနဲအကြည့်ခံရရန် သို့မဟုတ် သူမအားအပြင်သို့ထွက်လည်ရန် ဖိတ်ကြားရန်အတွက် အိမ်တော်ရှေ့တွင် နေ့စဉ်လူပျိုလှည့်လည်ကြ၏။
သို့သော်လည်း လပြက္ခဒိန် ခုနှစ်လပိုင်း (၇)ရက်မြောက်နေ့တွင် ထိုအေးစက်စက်ယောင်္ကျားအား တွေ့ရပြီးနောက်တွင် သူမသည် အချစ်နာကျခြင်းအားစတင်ခံစားရတော့၏။ သူ့အားနှစ်ကြိမ်မျှပင် တွေ့ဆုံခဲ့ရကာ တစ်ကြိမ်တွင် သူမအား အေးစက်စက်ဖြင့် လျစ်လျူရှုနေခဲ့ပြီး အခြားတစ်ခေါက်တွင် သူ့အားနှုတ်ဆက်ရန်ပင် အခွင့်အရေးမရခဲ့ပေ။
သို့သော်လည်း ထိုသူသည် သူမအားနှစ်သက်မည်ဟု လုဝမ်အာ သေချာနေပေသည်။ သူမတွင် သူ့အားချစ်ကျွမ်းဝင်ရန် အကောင်းဆုံလုပ်နိုင်သောမန္တာန်ရှိနေသကဲ့သို့ ယုံကြည်ချက်ရှိနေသည်။ တစ်နည်းပြောရလျှင် သူမမျက်စိကျမိသောယောင်္ကျားအားရရန် မည်သည့်အခါမျှ မကျရှုံးခဲ့ဖူးပေ။
ငွေပေးချေပြီးနောက်တွင် စုရွှေလျန်က စားပွဲထိုးအား မကုန်သောအစားအသောက်များကို ဆီခံစက္ကူဖြင့်ထုပ်ကာ အိမ်ပြန်သောအခါတွင်မှ စားသောက်ဆိုင်တွင်ဝင်ယူမည်ဟုပြောကာထားခဲ့၏။ ဘဲကင်အကျန်များနှင့် ကြက်သားများသည် ရှောင်ချွမ်နှင့် ရှောင်ရွှယ်ညစာပင်ဖြစ်သည်။ ထျန်းတပေါင်အတွက်မူ စုရွှေလျန်သည် နှမ်းဆီစိမ်ကြက်သားများမှာယူထားပြီးဖြစ်ကာ ထိုဟင်းပွဲသည် ဝူချင်စားသောက်ဆိုင်၏ပါဆယ်ထုပ်ပေးရသောနံပါတ်တစ်ဟင်းပွဲပင်ဖြစ်သည်။ ကြက်မွေးမြူရသည်ကိုနှစ်သက်သော ထျန်းတပေါင်သည် ထိုဟင်းအား ကြိုက်သင့်ပေသည်။
နှစ်ဦးသား ဝူချင်စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက်တွင် မြို့ဈေးအနီးသို့ဦးတည်သွားကာ အစာကြေလမ်းလျှောက်ကြမည်ဖြစ်သည်။
"သခင်လေး"
လုဝမ်အာသည် စားသောက်ဆိုင်ထဲမှထွက်သောလင်းစစ်ယောင်အား တွေ့လိုက်သောအခါတွင် စိတ်လှုပ်ရှားသွားရ၏။ သူမသည် လျင်မြန်စွာဖြင့် အဝတ်အစားများကိုပြင်လိုက်ကာ သူ့အားခေါ်လိုက်သည်။
"သခင်လေး လုအိမ်ရဲ့ လုဝမ်အာက သခင်လေးကို နှုတ်ဆက်ပါတယ်"
သူမသည် လင်းစစ်ယောင်ရှေ့တွင်တားလိုက်၏။ ရှက်သည့်ဟန်ဆောင်လိုက်ကာ ခေါင်းငုံ့ပြီး ညင်သာနူးညံ့စွာနှုတ်ခွန်းဆက်လိုက်၏။
လင်းစစ်ယောင်ဘေးတွင်ရပ်နေသာ စုရွှေလျန်က ပြတင်းပေါက်အပြင်ဘက်တွင်လုဝမ်အာအားတွေ့ခဲ့သည်ကို အမှတ်ရသွားသည်။ ကျက်သရေရှိလှကာရှားပါးလှသောအလှလေးသည် အမှန်ပင် လင်းစစ်ယောင်အားစောင့်နေခြင်းဖြစ်သည်။
"သခင်လေး..."
လုဝမ်အာကမော့ကြည့်လိုက်ကာ အရည်ရွှမ်းလဲ့နေသောမျက်လုံးများဖြင့် ပျံတံတံနန့်တန့်တန့်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ သူမတွင်သူ့အားပြောစရာစကားထောင်ချီရှိသည်။
စုရွှေလျန်၏နှလုံးသားသည် အတော်လေးမကြည်မသာဖြစ်သွားသည်။ ထိုသို့လှပကာကျက်သရေရှိလှသောမိန်းကလေးတစ်ယောက်အား ယောင်္ကျားများစွာနှစ်သက်ကြမည်မှာသေချာသည်။ ထို့နောက် သူမက လင်းစစ်ယောင်အား အေးစက်စက်အကြည့်ဖြင့်ကြည့်လိုက်ပြီး မျက်နှာတွင်မည်သည့်ခံစားချက်မျှမရှိသည်ကို မြင်နိုင်ပေသည်။
ရုတ်တရက် ခါးနားတွင်လက်ဖြင့်ထွေးပွေ့လိုက်သည်ကို ခံစားမိလိုက်၏။ လှည့်လိုက်ကာ လုဝမ်အာအဝေးသို့လျှောက်သွားကြ၏။
“အားယောင်….”
စုရွှေလျန်က သူ့အားအော်ပြောလိုက်ကာ သူ၏အပြုအမူများက မသေချာတော့ပေ။
အနောက်မှ လုဝမ်အာသည် လျင်မြန်စွာအော်ပြောလိုက်၏။
"သခင်လေး လပြက္ခဒိန် ၇လပိုင်း ၇ရက်မြောက်နေ့ကတည်းက ဒီမိန်းကလေးက ဒီမိန်းကလေးက သခင်လေးအကြောင်းကို အမြဲတမ်းသတိရနေတာ။ သခင်လေးစိတ်မဆိုးရင် သခင်လေးရဲ့ မျိုးရိုးနာမည်လေးပြောပြပေးပါ။ ဝမ်အာလာလည်ပါ့မယ်"
လုဝမ်အာသည် လင်းစစ်ယောင်ဘေးမှ စုရွှေလျန်အား မမြင်ပေ။ သူမ၏မာနကြောင့်သာဖြစ်သည်။ ရိုးရိုးသာဝတ်စားဆင်ယင်ထားသောစုရွှေလျန်အား မျက်လုံးထဲတွင်ပင် မထည့်ပေ။ ခပ်ရိုးရိုးသားသာဝတ်ဆင်ထားသော လိမ်ရလွယ်ပုံပေါ်သည့်ထိုမိန်းမပျိုလေးသည် သူ၏မြတ်နိုးရသောဇနီးဖြစ်သည်ကို မယုံကြည်ပေ။
လင်းစစ်ယောက်သည် သူမကိုအသာမျက်လုံးစောင်းကာကြည့်လိုက်သည်။ ထိုသို့အရှက်မရှိသောမိန်းကလေးမျိုးသည် နေ့ခင်းကြောင်တောင်တွင်ပင် သူစိမ်းယောင်္ကျားလေးအား မျိုးရိုးနာမည်လိုက်မေးရဲသည်။
"ဘာဖြစ်တာလဲ။ အဆင်မပြေဘူးလား"
နေ့ခင်းနေသည် စူးရှနေသော်လည်း ဆောင်းဦးရာသီဖြစ်သောကြောင့် မဆိုးဝါးလှပေ။
"ကျွန်မကိုမေးတာလား။ အဆင်ပြေပါတယ်"
စုရွှေလျန်သည် သူမ၏အတွေးနှင့်အကြည့်များအား ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူမကငုံ့ကာခေါင်းရမ်းပြလိုက်သည်။ သူမသည် လင်းစစ်ယောင်တစ်ယောက် လုဝမ်အာအား ကြိုက်သွားမည်ကိုစိုးရိမ်နေခြင်းဖြစ်ကြောင်း ပြောမထွက်ပေ။
"ကျွန်မကိုမေးလိုက်တာလားဆိုတာ ဘာကိုပြောတာလဲ။ ဘယ်သူ့ကိုမေးတယ်ထင်လို့လဲ"
လင်းစစ်ယောင်က စိတ်မချမ်းသာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူမ၏ခါးကိုကိုင်ကာ ဖန်းလော့ရေကန်သို့ သွားနေကြခြင်းဖြစ်သည်။ နောက်တွင်ကျန်ခဲ့သော လုဝမ်အာအား မျက်စိပေကလပ်ပေကလပ်ဖြင့်ကြည့်လိုက်ကာ သူမအား စိတ်မဆိုးမိချေ။
သူ၏ဘဝတွင် မိန်းမသည် တစ်ဦးတည်းသာရှိကာ ထိုသူသည် စုရွှေလျန်ဖြစ်သောသူမသည်ဖြစ်သည်။
လုဝမ်အာသည် သူမဆီမှအဝေးသို့လျှောက်သွားသော ထိုသူနှစ်ဦးအား ကြည့်လိုက်သည်။ မျက်လုံးထဲရှိမနာလိုခြင်းအရိပ်အယောင်များအား ရုပ်သိမ်းလိုက်သည်။ သူမ မယုံနိုင်ပေ။ ထိုသူသည် သူမအား တစ်ဖန်ထပ်၍လျစ်လျူရှုပြန်ပေသည်။
သူ့ဘေးတွင်ရှိသောမိန်းကလေးသည် အဘယ့်ကြောင့် ထိုမျှကောင်းနေရသနည်း။ ညင်သာစွာပျော်မြူးတတ်သောအပြအမူမျိုး၊ အေးစက်ကာအဖက်မလိုက်တတ်သောလူစားမျိုး...ထိုသို့လူမျိုးသည် အမှန်ပင်သူမအပိုင်ဖြစ်သင့်ပေသည်။
လုဝမ်အာပို၍တွေးမိလေ ပို၍မခံချင်ဖြစ်လာပေသည်။ သို့သော်လည်း အိပ်မက်ထဲရှိယောင်္ကျားသည် သူမဆီမှအဝေးသို့ထွက်သွားလေပြီ။ ထို့အပြင် သူ၏လိပ်စာကိုပင် မသိလိုက်ရချေ။
သူမသိသောတစ်ခုတည်းသောအရာမှာ သူသည် သူမမျက်လုံးထဲတွင်ပေါ်လာကာ နှလုံးသားထဲသို့ဝင်ရောက်လာခြင်းဖြစ်သည်။
ယောင်္ကျားများစွာ၏ပိုးပန်းခြင်းအားခံခဲ့ရသော လုအိမ်၏ လုဝမ်အာသည် တုံ့ပြန်ခြင်းမရှိသောတစ်ဖက်သတ်အချစ်၏သားကောင်အဖြစ် အဆုံးသတ်ရမည်လော။ သူမမျက်နှာတွင် ဝမ်းနည်းခြင်းအရိပ်အယောင်မျှပင်မပြဘဲ သူ့အားလက်လျော့လိုက်ရမည်လော။
မဖြစ်နိုင်ပေ။ သူမသည် သူ့အား ဘယ်သောအခါမှလက်လျော့မည်မဟုတ်ပေ။
နောက်ဆုံးတွင်မှ သူမအား ဆွဲဆောင်နိုင်သောယောင်္ကျားအား ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ကံကြမ္မာသည် ထိုမျှလောက်ပေါ့တန်နေလိမ့်မည်ဟု မယုံပေ။ ထို့အပြင် သူမအလိုရှိလျှင် သူ့အား ပေးသွားနိုင်မည်မဟုတ်ပေ။
ထိုသူသည် သူမနှင့် ရေစက်ရှိသည်သာဖြစ်ရမည်။
သူသည် သူမအားနာမည်ပြောပြရန်ကိုပင် ငြင်းဆန်ခဲ့သည်လော။ လိပ်စာပြောရန်ကို တွန့်ဆုတ်နေခဲ့သည်လော။
သူမ၏အရင်းအမြစ်များကိုသုံးကာ ရှာလိုက်လျှင် ပြဿနာမဟုတ်ပေ။
အနည်းဆုံးတွင် လုအိမ်သည် ငွေရှိပေ၏။
ဆောင်းဦး၏ ဖန်းလော့ရေကန်သည် လှပတင့်တယ်လွန်းပေသည်။
စိမ်းလန်းစိုပြေသောသစ်ရွက်စိမ်းများအား တိုက်ခတ်နေသောနွေဦးလေပြေမရှိသော်လည်း အပြာရောင်ရေမျက်နှာပြင်ထက်တွင် အနီရောင်သစ်ရွက်များရောင်ပြန်ဟပ်စေသောမေပယ်ပင်များသည် ရေကန်နှင့် ပနံသင့်နေပေသည်။
စုရွှေလျန်က လင်းစစ်ယောင်အား တစ်ခါထိုင်ဖူးသောကျောက်တုံးလေးပေါ်တွင်ထိုင်ရန် ခေါ်သွား၏။ သူမသည် လှိုင်းထနေသောရေကန်ဖြင့် မျက်နှာချင်းမဆိုင်ခင်တွင် သူ့အားထိုင်စေသည်။ စုရွှေလျန်က အပြုံးခပ်ရေးရေးလေးပြုံးကာ ပြောလိုက်၏။
"အားယောင် လုမိန်းကလေးက ရှင့်ကိုတကယ်သဘောကျတဲ့ပုံပဲ"
ထိုပြဿနာသည် သူမစိတ်ထဲတွင် တစ်ချိန်လုံးရှိနေပေသည်။ သူမသည် သူ့အားမယုံကြည်သောကြောင့်မဟုတ်ပေ။ သူမဘာသာပို၍မယုံသောကြောင့်ဖြစ်၏။
တစ်ချိန်က မြင့်မြတ်သောမိသားစုမှ သမီးအကြီးဆုံးကာ ပန်းထိုးပညာရှင်တစ်ယောက်ဖြစ်ခဲ့သောစုရွှေလျန်သည် ထိုသို့မသေချာမရေရာသောအချိန်များအား တွေ့ကြုံခံစားရလိမ့်မည်ဟု မည်သူသိမည်နည်း။ ညီမဖြစ်သူ ရွှေယန်ကြောင့်ပင်ဖြစ်သည်။ သူမ၏တစ်ဝက်သာသွေးစပ်သောညီမဖြစ်သူသည် စိတ်အားနည်းငယ်သည့်အမျိုးသမီးများကိုသာချစ်သောယောင်္ကျားမျးစွာကို အသားပေးခဲ့သည်။
ရလဒ်အနေဖြင့် စုရွှေလျန်သည် အကြိမ်ပေါင်းများစွာ ထင်ကြေးပေးခံရပြီး လင်းစစ်ယောင်အား လက်ထပ်လိုက်သောအကြောင်းမှာ သူမသည် သူ့အသက်အားကယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ စုရွှေလျန်ကခေါင်းရမ်းကာ ခါးခါးသီးသီးရယ်လိုက်မိသည်။
“....?”
လင်းစစ်ယောင်က စုရွှေလျန်၏နောက်ကျောအား လှည့်ကြည့်လိုက်သည်။ သူမသည် အသံခပ်တိုးတိုးဖြင့် မျက်မှောင်ကြုတ်ကာပြောလိုက်၏။
"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့"
မိန်းကလေးလုသည်လော။ သူ့အားကြိုက်နေသည်လော။ ထိုမိန်းကလေးသည် သူမ၏အတွေးအား ရိုင်းစိုင်းသွားစေပြန်၏။
မဆီမဆိုင်မိန်းမတစ်ယောက်က သူ့အားကပ်တွယ်ရန် အကြိမ်များစွာကြိုးစားသည်ကိုပင် အနှောင့်အယှက်ဖြစ်နေပြီးဖြစ်သည်။ သူသည်သာ ထိုအမျိုးသမီး၏တောင်းဆိုချက်အား လက်မခံ၍ သိုင်းပညာသာထုတ်သုံးရမည်ဆိုလျှင် သူသည် ထိုမိန်းကလေးအား မိုင်ပေါင်းရာချီရောက်အောင်ကန်ထုတ်ရန် ရွှမ်ဖုန်းလက်ဝါးအား ထုတ်သုံးမိမည်ပင်။ သို့သော်လည်း ယခုတွင် သူသည် အဓိပ္ပာယ်မရှိသောစကားများပြောနေသောလူနှင့် ရင်ဆိုင်နေရပေသည်။
စုရွှေလျန်သည် အမှန်ပင် သူ့အားလှောင်ပြောင်ရယ်မောခဲ့သည်။ ဝင်ရှုပ်နေသော လုမျိုးနွယ်မိန်းကလေးအား အဓိပ္ပာယ်မရှိသောစကားများပြောပြီးနောက်တွင် သူမသည် သူ့အကြောင်းအား မစိတ်ပူသည်လော။
ထိုအကြောင်းအားစဉ်းစားကြည့်လျှင် လင်းစစ်ယောင်တစ်ယောက် အတော်လေးဒေါသထွက်သွားသည်။ သူမတ်တပ်ရပ်လိုက်ကာ ရေမျက်နှာပြင်ကိုသာငေးမောနေ၏။ ရုတ်တရက်အခြေအနေက စုရွှေလျန်အား ငေးနေရမ အသိဝင်လာစေသည်။
သူဒေါသထွက်နေသည်လော။ သူမသည် လုဝမ်အာ၏အပြုအမူများနှင့် အဓိပ္ပာယ်မရှိသောစကားများကြောင့် သူမစိတ်ပူနေသည်ကို သူစိတ်ဆိုးနေမိသည်လော။ ထိုမိန်းကလေးသည် နို့မပြတ်သေးသောကလေးမျှသာဖြစ်သည်။ သူမအားပျက်ရယ်ပြုကာ ရဲဝံ့နိုင်ခြင်းအား သူမစောစီးစွာပင် စိတ်ခုနေသည်လော။ ထိုသိုသာဆိုလျှင် ထိုမိန်းကလေး၏ဂုဏ်သတင်းသည် ပျက်စီးရပေမည်ဖြစ်သည်။
"ကျွန်မ..."
စုရွှေလျန်က မျက်နှာချိုသွေးလိုက်သည်။
"ကျွန်မတောင်းပန်ပါတယ်...ကျွန်မ..."
သူမဘာသာရှင်းပြရန် မစဉ်းစားတတ်တော့ပေ။
"ဘာလို့တောင်းပန်နေတယ်လို့ပြောနေရတာလဲ"
လင်းစစ်ယောင်ကမေးလိုက်၏။ စိတ်ဆိုးနေသောအသံမှ မိမိဘာသာအပြစ်တင်သောလေသံအဖြစ်ပြောင်းသွားသည့်အတွက် သူစိတ်ပူသွား၏။
“အားယောင် ရှင်သာ အဲ့မိန်းကလေးနဲ့အရင်တွေ့ခဲ့မယ်ဆိုရင် ကျွန်မကိုလက်ထပ်ဦးမှာလား"
စိတ်ထဲတွင်ရှိသောမေးခွန်းအား မေးလိုက်သည်။ အမှန်တွင် သူမမေးချင်သည့်မေးခွန်းသည် သူမနှင့်ပို၍ပင်ပက်သက်နေသေး၏။ သူ့အသက်အား ကယ်ခဲ့ခြင်းကြောင့် သူမအား လက်ထပ်ခဲ့ခြင်းလော။
လင်းစစ်ယောင်က ခန္ဓာကိုယ်ကိုလှည့်လိုက်ကာ သူမနှင့်မျက်နှာချင်းဆိုင်လိုက်သည်။ သူမက‌ ထိုမေးခွန်းအားမေးလိုက်သောအခါတွင် စုရွှေလျန်မျက်နှာငုံ့သွားသည်။ လက်များက လက်ကိုင်ပဝါအား ကျစ်ကျစ်ပါအောင်ဆုပ်ထားက လိမ်နေသည်။ သူမဘာသာပင် သတိမမူမိပေ။
သူမစိတ်ပူနေသည်လော။ သူသည် အခြားသောသူအတွက် ခံစားချက်ရှိမည်ကို ကြောက်နေသည်လော။
လင်းစစ်ယောင် သက်ပြင်းချလိုက်မိသည်။ ရယ်ရမည်လား စိတ်တိုရမည်လားကိုပင် သေချာမသိတော့ပေ။ ထို့နောက် သူမ၏ပုခုံးအားဆွဲကာ ထွေးပွေ့ထားလိုက်၏။
"မင်းဘယ်လောက်လှလဲဆိုတာ မင်းဘာသာမသိပါဘူး"
လင်းစစ်ယောင်က ၎င်းဘာသာ ပြောနေသကဲ့သို့ပင်။
"ဖြစ်နိုင်တာကတော့ ကိုယ်ကစကားအပြောမကောင်းလို့ မင်းနားလည်မှုလွဲသွားတာပါ။ ရွှေလျန်...မင်းကဒီမှာထာဝရရှိနေတာပါ"
သူမ၏လက်ကိုယူပြီး ကျယ်ပြန့်သောရင်အုံအား ညွှန်ပြလိုက်သည်။ ရင်ခုန်သံများထင်ရှားကာ သူမအားလက်လွှတ်ရန် ငြင်းဆန်နေသောနေရာကိုပင်ဖြစ်၏။
"မင်းကဒီအထဲမှာရှိတာပါ"
သူကအသားပေးပြောဆိုလိုက်၏။
“အားယောင်… ”
စုရွှေလျန်သည် သူ၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
"ကျွန်မတောင်းပန်ပါတယ်။ ကျွန်မရှင့်ကိုယုံခဲ့သင့်တာ။ ဒါပေမဲ့ ကျွန်မစိတ်ထားသေးသိမ်သွားမိတယ်"
သူမက ဆို့နင့်သောအသံဖြင့် တောင်းပန်နေသည်။
သူသည် သူမအား မည်မျှဖူးဖူးမှုတ်ထားကာ အိမ်အားမည်မျှပင်ကြိုးစားအားထုတ်ထားသည်ကို သူမအပြည့်အဝသိ၏။ သူမသည် မသက်ဆိုင်သောသူစိမ်းတစ်ယောက်၏စကားများကြောင့် သူ့အား မည်သို့သံသယဝင်မိခဲ့သနည်း။ အမှန်ပင် ဒေါသထွက်ခံရသင့်ပေသည်။
"ကျွန်မဝမ်းသာပါတယ်..."
လင်းစစ်ယောင်က သူ၏မေးစေ့အား သူမခေါင်းပေါ်တွင်ထားကာ ဆက်ပြောလိုက်သည်။
"ကိုယ်အရမ်းဝမ်းသာတာပဲ..."
မင်းကကိုယ့်ကိုအရမ်းဂရုစိုက်တာပဲ"
သူမသည် သူ့ဘေးတွင်ရှိလျှင်ပင်အဆင်ပြေကာ သူ၏ခံစားချက်များအား မည့်သည့်အခါမျှဖလှယ်မည်မဟုတ်ဟု စဉ်းစားထားခဲ့သည်။ သို့သော် အချိန်ကျလာသောအခါတွင်မူ သူမ၏အာရုံစိုက်မှုနှင့် ဂရုစိုက်ပေးမှုအား လိုသေးကြောင်း သတိထားမိလာပေသည်။
အစစ်အမှန်ချစ်ခြင်းမေတ္တာသည် နှစ်ဦးသားခံစားချက်များဖလှယ်ရန် အမှန်ပင်လိုအပ်ကြောင်း နားလည်လာပေ၏။
မသက်ဆိုင်သောမိန်းမတစ်ယောက်ကြောင့် သူမသည် သူ့အား ထိုမျှဂရိုစိုက်မှုပေးခဲ့ခြင်းဖြစ်သည်။ လင်းစစ်ယောင်သည် သူမနှင့်သာနောက်တစ်ကြိမ်တွေ့ဆုံလျှင် သူမအား ရွှမ်ဖုန်းလက်ဝါးဖြင့် ရိုက်တော့မည်မဟုတ်ပေ။ အမှန်ပင် သူမသည် ပို၍နှိပ်ကွပ်လာလျှင် သူ၏တပည့်ဖြစ်သူကို ဆုံးမခိုင်းရန် စဉ်းစားရပေတော့မည်။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now