ဖြေရှင်းခြင်း

339 43 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူအခန်း ၉၂ ။ဖြေရှင်းခြင်း

လင်းစစ်ယောင်၏ အတွေးအကြံသည် ရိုးရှင်လှးသည်။ စုရွှေလျန်အတွက် အကျိုးရှိသရွေ့ ဘာမဆို သူသဘောတူမှာဖြစ်သည်။

လျန်မော့မော့ ပြောတာမှန်ပါသည်။ ဝေဒနာကို ခံစားရပြီးနောက်တွင် မွေးဖွားပြီးချိန်အတွင်း ပြန်လည်ထူထောင်ရမည်ဖြစ်သည်။ သူမကို သေချာဂရုစိုက်ရန် လူများစွာလိုအပ်ပါသည်။ ပထမတော့ အဒေါ်လောင်ကို အကူအညီတောင်းရမည်ဟု သူထင်ခဲ့သည်။ ယခုမူ သူတို့သည် ရွှေလျန်ကို မိနစ်ပိုင်းအတွင်း ပြုစုစောင့်ရှောက်ရန် အဆင်သင့်ဖြစ်နေသော ကလေးထိန်းများနှင့် အိမ်အစေခံများအား ပြင်ဆင်ပေးခဲ့သည်။ သူဘယ်လိုငြင်းနိုင်မလဲ။

ထို့အပြင် စစ်ထို အတွက် သူဆောက်ခဲ့သော အိမ်အလွတ်တွင် နေထိုင်သူ နှစ်ဦးကို လစ်လပ်စွာ ထားခဲ့ခြင်းက ပိုကောင်းပါသည်။

ဘာပဲဖြစ်ဖြစ် မြေလေးဧကကျော်ရှိသည့် အိမ်ကြီးတစ်အိမ်ဖြစ်သည်။ အိမ်တဝိုက်တွင် သစ်ပင်များ၊ မြက်များ၊ ဝါးများကို အလှဆင်ရန်အတွက် စိုက်ပျိုးထားသောကြောင့် ထိုအပင်များကို ပုံမှန်ထိန်းသိမ်းရန် လိုအပ်ပါသည်။ သူသည် ပရိဘောဂများကို ဝယ်ယူခဲ့ပြီး အသုံးပြုရန်အတွက် သန့်ရှင်းရန် လိုအပ်သည်။ ထိုသို့မှမဟုတ်လျှင် စစ်ထို၏အဖွဲ့သည် ဘယ်အချိန်ပြောင်းလာမလဲဆိုတာ မသိတာကြောင့် ဂရုမစိုက်ဘဲထားခဲ့မည်ဆိုလျှင် သေလုမြောပါးဥယျာဉ်များနှင့် ဖုန်များဖြင့်ပြည့်နေသောအိမ်ထဲကို လျှောက်သွားရနိုင်သည်။

စစ်ထိုနှင့် တခြားသူများပြောင်းလာချိန်တွင်ထမင်းချက်နှင့် ဥယျာဉ်မှူးလည်းလိုအပ်သေးသည်။ မဟုတ်လျှင် သူတို့၏ စရိုက်လက္ခဏာများနှင့် မနက်နေ့လည်ညအနပ်တိုင်း သူ့အိမ်မှာစားရန် လာလည်ကြလိမ့်မည်ဖြစ်သည်။ စစ်ထိုနှင့် တခြားနှစ်ယောက်မှ ရွှေလျန်နှင့် ပျော်ရွှင်စရာကောင်းသည့် မိသားစုလေးကို အနှောက်အယှက်မဖြစ်စေရန် လျန်မော့မော့၏အဖွဲ့ကို လက်ခံလိုက်ခြင်းဖြစ်ကြောင်း လင်းစစ်ယောင် ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ နောက်နှစ်တွင် လေးယောက်ရှိသည့်မိသားစု ဖြစ်သွားလိမ့်မည်ဖြစ်သည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now