အဒေါ်ထျန်း၏စိုးရိမ်ပူပန်ခြင်း

526 63 1
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၅၅။ ။ အဒေါ်ထျန်း၏စိုးရိမ်ပူပန်ခြင်း

ဆောင်းရာသီနီးကပ်လာပြီဖြစ်၏။ လင်းစစ်ယောင်၊ ထျန်းတပေါင်နှင့် ရှောင်ချွမ်တို့သည် ဆောင်းခိုရန်ကျန်ရှိနေသေးသောတောကောင်များကို အမဲလိုက်ရန် တရှီတောင်ပေါ်သို့ တက်လာကြ၏။ ယခုတစ်ခေါက်တွင် ရှောင်ချွမ်နှင့် တပေါင်တို့၏ပြိုင်ပွဲကြောင့် ခွေးတူဝက်တူသုံးကောင်၊ တောဝက်ထီးတစ်ကောင်နှင့် တောယုန်တစ်ကောင်အား ဖမ်းမိလိုက်ရသည်။ ထို့အပြင် လင်းစစ်ယောင်သည်မှာ ခက်ခဲသောဆောင်းရာသီအတွက် ဗိုက်ဖြည့်ရန်ကြိုးစားသောဝက်ဝံတစ်ကောင်အား ဖမ်းယူနိုင်ခဲ့ပေသည်။

ထိုတောကောင်များအား ပြန်သယ်သွားပြီးနောက်တွင် ဝက်ဝံအမွှေးသင်ရန် လင်းစစ်ယောင်တစ်ယောက် မြစ်ဘေးတွင် နှစ်ရက်တာမျှအချိန်ကုန်ခဲ့ရသည်။ ထို့နောက်တွင် ဝက်ဝံသားရေအား အပိုင်းများအဖြစ် ခွဲထုတ်လိုက်သည်။ လောင်အိမ်နှင့် ထျန်းအိမ်တို့သည် နောက်ခြေနှင့် လက်သည်းတစ်စုံစီရသွားကြသည်။ ကျန်သောအပိုင်းများအား ဆားနှင့်ဝိုင်အရောထဲတွင် မစိမ်ခင်တွင် ရေထဲတွင်နှစ်နာရီမျှ စိမ်ကာ ကြက်သွန်နှင့် လေးညှင်းရွက်များဖြင့် ပြုတ်သည်။ အခြားသောအပိုင်းများသည်မူ ဆားနှင့်ငရုတ်သီးများဖြင့် သုတ်လိမ်းပြီးနောက်တွင် အသားအားကင်ရန် သံကင်ပျစ်ပေါ်တွင်ထားလိုက်သည်။ ဝံပုလွေပေါက်များသည် ယခင်က အသားကင်အားမစားဖူးကြသောကြောင့် ၎င်းတို့နှစ်သက်မည့်အခွင့်အရေးပင်ဖြစ်သည်။

အခြားသောအပိုင်းများသည်မူ ဖန်းလော့မြို့သို့ ထျန်းတပေါင်အား သယ်သွားစေသည်။ တရှီတောင်တွင် လူသားစားသောသားရဲအားတွေ့ရှိရသောကြောင့် ဈေးတွင် တောကောင်များရောင်းရန်မှာ ရှားပါးလာသည်။ ၎င်းတို့သယ်လာသောတောကောင်များမှာ အရှင်များဖြစ်သည်။ ထို့ကြောင့် ခွေးတူဝက်တူသုံးကောင်နှင့် တောဝက်ထီးတစ်ကောင်မှာ ငွေစရှစ်စဖြင့် ရောင်းထွက်ခဲ့သည်။ ထိုတောကောင်များမှာ ထျန်းတပေါင်နှင့် ရှောင်ချွမ်တို့ဖမ်းထားခြင်းဖြစ်သောကြောင့် ငွေစငါးစအား ထျန်းတပေါင်ကိုပေးလိုက်သည်။ တောယုန်ကြီးကိုမူ ထျန်းတပေါင်အား အိမ်သို့သယ်သွားကာ မွေးစေသည်။
စုရွှေလျန်သည်မူ သူမအိမ်ရှိ ယုန်အားစောင့်ရှောက်ခြင်းဖြင့် အလုပ်များနေပေသည်။ ယခင်ဖမ်းမိလာသောယုန်နှစ်ကောင်မှတစ်ကောင်မှာ ယုန်ပေါက်ခြောက်ကောင်မွေးခဲ့သည်။ အထီးနှစ်ကောင်နှင့် အမလေးကောင်ဖြစ်သည်။ ရစ်ဌက်များကလည်းမွေးကြ၏။ ကြက်မနှစ်ကောင်မှာလည်း တစ်ကောင်၏အသိုက်ထဲတွင်ငါးကောင်ရှိကာ အခြားအသိုက်တွင် ၇ကောင်ရှိ၏။ ရွာသူကြီးမှလက်ဆောင်ပေးထားသောဆိတ်မနှင့်မိတ်လိုက်ရန် ရွာသူကြီးမှသူ၏ဆိတ်ထီးအား ဌားထားပေသည်။ ထို့မှ ဆိတ်ပေါက်လေးလေးကောင်မွေးထား၏။ ခြံဝန်း၏တောင်ပိုင်းသည် အသစ်ပေါက်လာသောအကောင်လေးများအားထားရန် သင့်တော်ပေသည်။ လင်းစစ်ယောင်သည်လည်း ယုန်ပေါက်လေးများအတွက် မုန်လာနီဉကျွေးရန် ဉယျာဉ်ထဲတွင် သပ်သပ်စိုက်ပျိုးထား၏။ ကြက်များနှင့် ဆိတ်များအား ကျွေးရန် မြက်နှင့်အစေ့အဆန်များအတွက်မူ ရှို့ဖုန်းအခြေမှ စုဆောင်းထားပေသည်။ လင်းစစ်ယောင်နှင့် ထျန်းတပေါင်သည်မူ မနက်စောစောလေ့ကျင့်ပြီးမှ ပြန်လာကြမည်ဖြစ်သည်။
လောင်အိမ်နှင့် ထျန်းအိမ်သည်မူ ယခုရာသီအတွင်းတွင် ထိုသို့ဝက်ဝံမျိုးရမည်ဟု စိတ်ကူးပင်မယဉ်ဖူးပေ။ ထို့အပြင် ရှားပါးလှသောဝက်ဝံလက်ဖဝါးရမည်ဟု မတွေးဖူးပေ။ ၎င်းတို့သည် လွန်စွာပျော်ရွှင်ကြသော်လည်း လင်းစစ်ယောင်နှင့် ထျန်းတပေါင်၏လုံခြုံရေးအတွက် စိတ်ပူကြပေသည်။ စုရွှေလျန်ဆီသို့ ကျေးဇူးတင်ရန်နှင့် လင်းစစ်ယောင်အား အန္တရာယ်များသော တရှီတောင်သို့မသွားရန် ဖျောင်းဖျရန်အတွက် သွားကြပေ၏။
"မိန်းကလေး ငါအဒေါ်လောင်နဲ့ပြောပြီးပြီ။ ငါတို့ဝက်ဝံသားမစားနိုင်ဘူးဆိုတာကို သဘောတူထားကြတာ။ ဒါပေမဲ့လည်း လင်းစစ်ယောင်ကို တရှီတောင်ကို ထပ်မသွားဖို့ အကြံပေးပေးပါဦး။ အဲ့ဒီမှာ ရက်စက်ကြမ်းကြုတ်တဲ့ဝက်ဝံတွေရှိယုံတင်မကဘဲ ကျားတွေရော၊ ဝံပုလွေတွေရောပါရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် အဲ့လိုအန္တရာယ်များတဲ့နေရာမျိုးကို ထပ်မသွားပါစေနဲ့။ မင်းတော့မသိလောက်ဘူး။ ဒါပေမဲ့ အနီးအနားမြို့မှာ မုဆိုးတွေအများကြီးရှိတယ်။ သူတို့တွေ တရှီတောင်ကို ဝင်သွားကြတာနဲ့ ဘယ်တော့မှပြန်မလာကြတော့ဘူး"
အဒေါ်ထျန်းသည် စုရွှေလျန်အား ဖျောင်းဖျရန် ခက်ခက်ခဲခဲကြိုးစားနေရသည်။ သူမသည် လင်းစစ်ယောင်အား သတိပေးထားသော်လည်း အဒေါ်ထျန်းသည် သားဖြစ်သူ တပေါင်အား ပို၍စိတ်ပူနေမိသည်။
လင်းစစ်ယောင်နှင့်အတူ သုံးလမျှလေ့ကျင့်ပြီးနောက်တွင် လင်းစစ်ယောင်၏ခန္ဓာကိုယ်သည် သိသိသာသာသန်မာထွားကြိုင်းလာသည်။ ဆောင်းရာသီအတွင်းတွင် ထျန်းတပေါင်သည် ဖျားနာတတ်၏။ ထိုနှစ်တွင် သူသည် မဖျားနာယုံသာမက အင်္ကျီနှစ်ထပ်တည်းနှင့်ပင် ကောင်းကောင်းလမ်းလျှောက်နိုင်နေပြီဖြစ်သည်။
ထျန်းအိမ်သည် ထိုသို့ပြောင်းလဲမှုများကိုတွေ့ရသောအခါတွင် အမှန်ပင်အံ့ဩနေရသည်။ ထျန်းတပေါင်သည် လင်းစစ်ယောင်နောက်သို့လိုက်ပြီးနောက်တွင် လျှောက်မသွားရန်နှင့်ပျောက်မသွားရုံလောက်သာ မျှော်လင့်ထားကြသည်။ တစ်ချိန်တည်းတွင်ပင် သူသည် ကိုယ်ခံပညာအချို့အားလည်း သင်ယူနိုင်ခဲ့သောကြောင့် ရွယ်တူများ၏အနိုင်ကျင့်လည်းမခံရတော့ပေ။ သူသည် လင်းစစ်ယောင်နောက်သို့လိုက်ကာ တရှီတောင်သို့သာသွားတတ်သည်ကို အဒေါ်ထျန်းသိခဲ့ရသည်။ တောယုန်များနှင့် ငွေစငါးစရခဲ့ပေသည်။ လူခြောက်ယောက်ရှိသောမိသားစုအတွက်မူ ထိုပမာဏသည် တစ်နှစ်လုံးစုထားရန်အတွက် လုံလောက်ပြီဖြစ်၏။ သို့သော်လည်း တောယုန်နှင့်ငွေအတွက် တပေါင်သည် အသက်အန္တရာယ်စွန့်စားရသည့်အလုပ်များလုပ်သည်ကို သိသောအခါတွင် အဒေါ်ထျန်းတစ်ယောက် တံတွေးသာမျိုချနေရတော့သည်။ ထျန်းမိသားစု၏တစ်ဦးတည်းသောသားလေးအား ဆုံးရှုံးသွားရမည်ကို စိုးရိမ်သောကြောင့် လွန်ခဲ့သောရက်အနည်းငယ်က ထျန်းတဖူသည် စားမဝင်အိပ်မပျော်ရှိနေခဲ့သည်။
မှန်ပေသည်။ သူသည် စိတ်ပိုင်းဆိုင်ရာယိုယွင်းအားနည်းချက်ရှိသော်လည်း အသက်ရှိနေသေးကာကျန်းမာနေသေးသည်။ သို့သော်လည်း မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်သွားလျှင်......စဉ်းစားကြည့်လိုက်လျှင်ပင်.....။ အဒေါ်ထျန်းတစ်ယောက် ထိုသို့ကိစ္စမျိုးအားတွေးမိသည့်အတွက်မိမိဘာသာ အပြစ်တင်လိုက်မိသည်။ သူမ၏အတွေများအား မောင်းထုတ်ပြီးနောက်တွင် စုရွှေလျန်ကိုဖျောင်းဖျရန်သာ အကောင်းဆုံးကြိုးစားပေတော့သည်။
"အင်း မိန်းကလေး ဝက်ဝံသားက အရသာရှိပေမဲ့လို့ စွန့်စားရအောင်အထိ‌တော့ မထိုက်တန်ပါဘူး။ လင်းစစ်ယောင်က အရမ်းကျွမ်းကျင်တယ်ဆိုတာ ငါတို့သိပါတယ်။ ဒါပေမဲ့ တစ်ခုခုသာဖြစ်သွားခဲ့ရင်...."
သူမ၏ဆွေးနွေးသောစကားက ပို၍ပင်အပြောကောင်းလာပေသည်။
"အင်းပါ အဒေါ်တို့။ စိတ်ချပါ။ အားယောင်က ဘာကိုလက်ခံရမလဲဆိုတာ သိမှာပါ။ သူပြန်လာတဲ့အခါကျရင် သူ့ကိုပြောလိုက်ပါ့မယ်"
စုရွှေလျန်က ပြုံးကာခေါင်းညိတ်ပြလိုက်၏။ သူမစိတ်မပူပေ။ သူမသည် သူ့အား အကြိမ်ရေအနည်းငယ်မျှ တိုက်တွန်းပြီးဖြစ်သည်။ သူသည်ပြုံးကာဖြင့် ပြဿနာတစ်စုံတစ်ရာမရှိရန်အတွက် စိတ်ချပါရန် ပြန်ဖြေခဲ့၏။ သူနှင့် တပေါင်သည် မည်သည့်အခါမျှ တောနက်ထဲသို့ မဝင်ကြောင်းနှင့် တောစပ်တွင်သာလေ့ကျင့်ကြောင်းပြောပေသည်။ တပေါင်သည် တစ်ခါတစ်ရံတွင် ဝံပုလွေပေါက်များနောက်သို့လိုက်ကာ တောကောင်းများရှိသောနေရာသို့လည်းသွားတတ်သည်။ လင်းစစ်ယောင်သည် တိမ်နီးပါမြင့်သောဝါးပင်ထိပ်တွင်ခြေဖျားတင်ရပ်ကာ သူ့အားစောင့်ကြည့်နေပေသည်။ တစ်ရာမီတာအတွင်း အန္တရာယ်များသောတောကောင်တွေ့လျှင် ချက်ချင်းပင် တပေါင်နှင့် ဝံပုလွေများကိုခေါ်ကာ ထိုနေရမှ ထွက်သွားတတ်၏။ ချစ်ဇနီးလေးနှင့် နွေးထွေးသောအိမ်လေးရှိနေပြီဖြစ်သောကြောင့် မည်သည့်အခါမျှ သူ၏အသက်အား စွန့်စားတော့မည်မဟုတ်ပေ။
"အဲ့တာကြောင့် စိတ်မပူပါနဲ့။ အားယောင်က တပေါင်ကို ဘာမျှမဖြစ်အောင်ထားပါတယ်"
စုရွှေလျန်က အကြိမ်ကြိမ်သာ အာမခံနေသည်။ လင်းစစ်ယောင်သည် တပေါင်၏လုံခြုံရေးနှင့်ပက်သက်၍ မည်သည့်အခါမျှ မနောက်ပြောင်သကဲ့သို့ မိမိလုံခြုံရေးနှ့င်ပက်သက်၍လည်း ထိုသို့လုပ်မည်မဟုတ်ပေ။ သူ၏စောင့်ရှောက်မှုအောက်တွင်ရှိသောသူများသည် သူ၏ကာကွယ်စောင့်ရှောက်ရေးခြင်းအား လုံးဝယုံကြည်စိတ်ချနိုင်ပေသည်။
"မိန်းကလေး ထျန်းအိမ်ရဲ့ မျိုးဆက်သုံးဆက်မှာ သားတစ်ယောက်ဆီပဲရှိကြတာ။ သူ့ကို ငါ့ခန္ဓာကိုယ် အနာခံပြီး မွေးထားရတာ။ အဲ့တာကြောင့် ထပ်ပြီးလည်းကိုယ်ဝန်မဆောင်နိုင်တော့ဘူး။ တပေါင်အတွက် အရမ်းပင်ပန်းခဲ့ရပြီးပြီ"
အဒေါ်ထျန်းက အလွန်စိုးရိမ်သောအမူအရာဖြင့် ပြောလိုက်၏။ သူမသည် လင်းစစ်ယောင်အား မယုံ၍ထိုသို့လုပ်ခြင်းမဟုတ်ပေ။ သို့သော်လည်း တပေါင်သည် တစ်ဦးတည်းသောသားလေးဖြစ်ကာ မည်သည့်အန္တရာယ်မျှမဖြစ်စေချင်ပေ။
တပေါင်သည် လင်းစစ်ယောင်နှင့်အတူ တရှီတောင်သို့ သွားမည်ကိုသာ သိခဲ့ပါလျှင် သူမ၏အသက်ပေါ်တွင် မူတည်နေမည်ဆိုလျှင်ပင် လင်းစစ်ယောင်၏တပည့်လုပ်ရန် ခွင့်ပြုခဲ့မည်မဟုတ်ပေ။ သို့သော်လည်း သူမသည် တပေါင်အား သာမန်ကာလျှံကာပင်သဘောထားကာ အဆာငတ်ခံကာပင် ကန့်ကွက်ခဲ့သည်။ ထိုသို့ပြဇာတ်မျိုးသည် အသက်ကိုးနှစ်သားအရွယ်စိတ်သာရှိသောသားဖြစ်သူယုံကြည်ရန် ခဲယဉ်းလှပေသည်။
အဒေါ်ထျန်းသည် သူ၏အတွင်းစိတ်ကြီးထွားမှုရပ်တန့်နေခြင်းသက်သာလာသည်ကို အံ့ဩနေမိသော်လည်း ထိုအကြောင်းအားစဉ်းစားရန် အချိန်ကောင်းမဟုတ်ပေ။ သူမသည် သားဖြစ်သူအား အန္တရာယ်များသောနေရာများသို့မခေါ်သွားရန် လင်းစစ်ယောင်အား ဖျောင်းဖျရပေမည်။
"ကောင်းပါပြီ။ ကျွန်မတကယ်သူ့ကို ပြန်ပြောလိုက်ပါ့မယ်"
စုရွှေလျန်ခေါင်းညိတ်ပြကာပြောလိုက်၏။ အဒေါ်ထျန်း ပြောပြီးဖြစ်သောကြောင့် သူမအား အခက်တွေ့အောင်လုပ်မည်မဟုတ်ပေ။ စုရွှေလျန်ကိုယ်တိုင်သည်ပင် ထျန်းတပေါင်အန္တရာယ်ကျရောက်မည်ကို မယုံကြည်ပေ။ လင်းစစ်ယောင်သည် Dabaoအား အစွမ်းပြင်းသောဓားကွက်များကို လျင်မြန်စွာ သင်ယူစေချင်ပေသည်။
"အားယောင်....အဒေါ်ထျန်းနဲ့ အဒေါ်လောင် အစောကြီးလာကျတာပဲ"
စုရွှေလျန်က ပြန်လာသောလင်းစစ်ယောင်အား လက်ပြလိုက်သည်။ မျက်နှာသုတ်ရန် ရေနွေးနှင့် တဘတ်စောင်တစ်ထည်ယူလာပေး၏။
ထိုနေ့များသည် ဆောင်းရာသီကောက်နှံများမျိုးစေ့ရန် ပြီးပြည့်စုံသောနေ့ရက်များဖြစ်သည်။ ထို့အပြင် မနက်တွင် ထျန်းတပေါင်နှင့် ဝံပုလွေပေါက်များက အပြင်သို့သွားသာကြောင့် လင်းစစ်ယောင်တစ်ယောက် လယ်ကွင်းထဲတွင် အနားယူနိုင်ပေသည်။ တပေါင်အား ငါးရက်အနားပေးထား၏။ လင်းစစ်ယောင်အပြင်သွားသောအခါတွင် စုရွှေလျန်က ဝံပုလွေပေါက်များအား အဖော်ပြုနေလေသည်။ သူမ၏လုံခြုံရေးကိုစိတ်ပူ၍ ထိုနှစ်ကောင်အား စောင့်ကြပ်ခိုင်းထားသည်ဟုပြောလျှင် ပိုမှန်ပေမည်။
လက်မှတဘက်အား ပြန်မယူခင်တွင် သူမပြောသည်များကို ကြားလိုက်ရပြီးနောက် လင်းစစ်ယောင်တစ်ယောက် မျက်ခုံးပင့်မိကာ ချွေးပြန်နေသောမျက်နှာကိုသုတ်လိုက်၏။
"အဒေါ်ထျန်းပြောတာက တရှီတောင်က အန္တရာယ်အရမ်းများတယ်တဲ့။” စုရွှေလျန်သည် သတိထားကာ ဆက်ပြောနေ၏။ သူမသည် လင်းစစ်ယောင်အား စိတ်မတိုစေချင်ပါ။ တပေါင်ကိုလင်းစစ်ယောင် အမှန်ပင်ဂရုစိုက်သည်ကို သူမြင်နိုင်ပေသည်။ သူသည် မည်သည့်အခါမျှ ထုတ်မပြသော်လည်း တပေါင်အား လွန်စွာတင်းကျပ်သော်လည်း တပေါင်အား သင်ကြားပေးရန်တွင် မည်မျှစိတ်နှစ်ထားကြောင်း သူမသိပေသည်။
"သူက ကိုယ်တပေါင်ကို တောထဲခေါ်သွားတာကို တားချင်တာပေါ့"
လင်းစစ်ယောင်က သူမ၏စကားအား အဆုံးသတ်ပေးလိုက်သည်။
"ရှင်...ရှင် စိတ်မဆိုးဘူးမလား"
စုရွှေလျန်က သူ၏မျက်နှာအားမော့ကြည့်ကာမေးလိုက်၏။
"ဘာလို့စိတ်ဆိုးရမှာလဲ"
လင်းစစ်ယောင်တစ်ယောက် ရယ်ရမည်လား ငိုရမည်လားကိုပင် မသိပေ။
"အမ်....ရှင်ကကောင်းတဲ့ရည်ရွယ်ချက်နဲ့ခေါ်သွားတာပဲကိုး"
စုရွှေလျန်အထစ်ထစ်အငေါ့အငေါ့ဖြင့် ပြောလိုက်၏။
"စိတ်ပူစရာမလိုပါဘူး။ သူကသန်မာလာဖို့ပဲလိုတာပါ။ အခုအဲ့ကိုသွားစရာမလိုတော့ပါဘူး"
လင်းစစ်ယောင်က ဆီးဖြူနွယ်လက်ဖက်ရည်ခါးအားသောက်လိုက်ပြီး နှုတ်ခမ်းတွင်အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်၏။
"နေ့လည်စာဘာစားချင်လဲ"
လင်းစစ်ယောင်က မေးလိုက်ကာ အစားအသောက်ထားသည့်ဗီရိုဆီသို့ လျှောက်သွားပြီး သုံးနိုင်မည့်ပစ္စည်းများအား ရှာလိုက်သည်။
"ကျွန်မက ရှီကျင်ထမင်းလုပ်ထားတာ"
စုရွှေလျန်က မီးဖိုဆီသို့ ခပ်သွက်သွက်လေးသွားကာ အိုးကြီးမှအဖုံးအား မလိုက်သည်။ အိုးကြီးထဲတွင်အနံ့မွှေးကြိုင်သော ရှီကျင်ထမင်းများရှိ၏။
(什锦饭, ရှီကျင်ထမင်း - ထမင်းကြော်လိုမျိုး။ ဒါပေမဲ့ အသားနဲ့ဟင်းသီးဟင်းရွက်တွေကို ထမင်းနဲ့ရောချက်ထားတာ။ ထမင်းချက်ပြီးမှရောကြော်တာမျိုးမဟုတ်ဘူး)
"ကိုယ်ပြန်လာမှ ဟင်းချက်ကြမယ်လို့ သဘောတူထားတယ်မလား"
လင်းစစ်ယောင်မျက်မှောင်ကြုတ်ကာ သူမလက်လေးများကို နီးကပ်အောင်ဆွဲယူလိုက်သည်။ ဓားပြတ်ရာရှိမရှိအား လက်နှစ်ဖက်လုံးကို စစ်ဆေးကြည့်နေသည်။
"ရှင်က အရမ်းအလုပ်ကြိုးစားတာလေ။ ကျွန်မက အိမ်မှာဘာမှမလုပ်ဘဲ ဘယ်လိုနေနိုင်ပါ့မလဲ"
စုရွှေလျန်က ထမင်းခူးသည့်ဇွန်းယူကာ လင်းစစ်ယောင်အတွက် ထမင်းတစ်ပန်းကန်လိုက်ပြီး သူမအတွက်မူ ပန်းကန်လုံးခပ်သေးသေးဖြင့် ခပ်လိုက်၏။
"မင်းများများစားသင့်တာပေါ့"
လင်းစစ်ယောင်က သူမဆီမှ ထမင်းခူးသည့်ဇွန်းယူကာ ထမင်းများထပ်ထည့်ပေးလိုက်၏။
သူမသည် သေးငယ်ကာနူးညံ့သည့်ပုံပေါ်သည် သူမအား ရင်ခွင်ထဲသို့ထည့်ထားလျှင် သက်တောင့်သက်သာရှိလှ၏။ ရှိသည့်ရှိထိုက်သည့်နေရာများလည်းရှိ၏။ ထိုသို့ဆိုလျှင်ပင် သူမအတွက် သူစိတ်ပူမိ၏။ ကြမ်းတမ်းခက်ခဲသောဆောင်းရာသီရောက်လာလျှင် ခပ်ပြင်းပြင်းတိုက်ခတ်သောလေက သူမကိုလဲကျအောင်လုပ်နိုင်ပေသည်။
လင်းစစ်ယောင်၏စိတ်အတွင်းတွင် တွေးနေသည်ကို စုရွှေလျန်သာ သိမည်ဆိုလျှင် သေချာပေါက်ပြန်လည်ချေပပေလိမ့်မည်။ သူမသည် တောထဲမှထွက်လာစဉ်ကတည်းကပင် မည့်သည့်အချိန်တွင်မျှ သက်တောင့်သက်သာမရှိခြင်းအား မခံစားခဲ့ရဖူးပေ။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now