ဒါက ကျွန်မမိသားစုပဲ

408 57 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူအခန်း ၈၇ ။ ဒါက ကျွန်မမိသားစုပဲ

~Warning~

"ရှီမော့မော့ အကြီးအကဲအန်း ရှင်တို့ရဲ့အကြံအစည်ကို ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် အရင်ကဘာတွေဖြစ်ခဲ့လည်းသေချာမမှတ်မိပေမဲ့ အခု ကျွန်မက တစ်စုံတစ်ယောက်ရဲ ဇနီးဖြစ်နေပြီ။ နောက်ပြီး ကိုယ်ဝန်လည်းရှိနေပြီ၊ ဆွေမျိုးတွေဆီ သွားလည်ဖို့ အင်ပါယာမြို့တော်ကို မသွားသင့်ဘူး။ ကျေးဇူးပြုပြီး သူတို့ကို ပြောပြပေးပါ။" စုရွှေလျန် နူးညံ့စွာ ဦးညွှတ်သည်။ သို့သော်လည်း လင်းစစ်ယောင်က သူမ၏ ဦးညွှတ်ခြင်းကို ရပ်တန့်လိုက်သည်။

အကြီးအကဲ၊ ဘုရင်၊ သို့မဟုတ် ဘုရင်မဖြစ်သည်ကို မည်သူက ဂရုစိုက်မည်နည်း။ ဧကရာဇ်က ဤနေရာကိုလာရင်တောင် သူမကို ဦးမညွှတ်ခိုင်းသင့်ပေ။ ကိုယ်ဝန်ရှိနေသည့်တစ်စုံတစ်ဦးအနေနှင့် ဦးညွှတ်ဖို့ဆိုတာ သိပ်မသင့်တော်ဘူးမဟုတ်လား။

"ဒါပေမယ့်... စတုတ္ထသခင်မလေး..." သူမစကားကိုကြားသောအခါ အကြီးအကဲအန်းက သူမကို ဆွဲဆောင်ချင်သော်လည်း အဘွားကြီးက သူ့ကို မလုပ်ရန် အချက်ပြလိုက်သည်။

"ဟုတ်တာပေါ့ သခင်မလေးပြောတာ မှန်ပါတယ်။ ကျွန်မတို့ သေသေချာချာ မစဉ်းစားမိဘူး။ ဒါကြောင့် အကြီးအကဲအန်းနဲ့ ကျွန်မ အင်ပါယာမြို့တော်ကို အရင်ပြန်သွားလိုက်မယ်။ ရက်အတော်ကြာပြီးရင် ကလေးတွေအတွက် ပစ္စည်းတွေ ပို့ပေးမယ်။ ဘုရင်မင်းမြတ်က သခင်မလေးရဲ့ သတင်းကောင်းကို ကြားလိုက်တာနဲ့ မကြာခင် သူပြန်ကောင်းလာပါလိမ့်မယ်။" အဘွားကြီးမှာ ဝမ်ဖေး၏ဘက်မှ ရှားမိသားစုမှ အစေခံဖြစ်သည်။ သူမသည် စုရွှေလျန်၏လက်ကို သဘောကျစွာ ပွတ်သပ်ကာ ပြုံးလိုက်သည်။

"ရှင့်ရဲ့နားလည်မှုအတွက် ကျေးဇူးတင်ပါတယ် " စုရွှေလျန်က ပြုံးပြီး ခေါင်းညိတ်သည်။ သူမဝမ်းထဲမှ အမွှာများအတွက် ကံကောင်းပါသည်။ မဟုတ်လျှင် ဤတစ်ခါတွင် အင်ပါယာမြို့တော်ကို သူမသွားရမှာ မဟုတ်လား။ ယနေ့တွင် ဤခန္ဓာကိုယ်၏မိခင်သည် ကွယ်လွန်သွားပြီဖြစ်ကြောင်းနှင့် သူမ၏ အမှတ်တရကျောက်ပြားကို မင်းသား၏စံအိမ်မှ အသိအမှတ်ပြုကြောင်း သူမသိသည်။ သူမသည် ဤသာယာလှပသော ဖန်းဟွာမြို့လေးတွင် ပျော်ရွှင်စွာနေထိုင်ပြီး အားယောင်နှင့် သူမ၏မိသားစုလေး၏ ပျော်ရွှင်သောဘဝကို ပျော်ရွှင်စွာနေထိုင်သင့်သည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now