ထနောင်းသစ်သားများ

887 121 0
                                    

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူအခန်း ၂၉။ ။ ထနောင်းသစ်သားများ

"အားယောင်၊ ကျွန်မတို့ အတူတူသွားစရာ မလိုတာ သေချာရဲ့လား" စုရွှေလျန်သည် ဖန်းဟွာမြို့သို့ထွက်ခွာမည့် လင်းစစ်ယောင်ကို ရပ်‌စေလိုက်ပြီး မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

အိမ်အတွက် ပရိဘောဂတွေ အားလုံး ပြီးသွားပြီလို့ ကြားသိရပြီး တစ်ခုတည်းသောလုပ်စရာကျန်‌နေသေးတာက အိမ်ရှေ့ကိုဦးတည်ပြီး အုတ်စီထားတဲ့ လမ်းပင်ဖြစ်၏။ ထို့အပြင် လင်းစစ်ယောင်ထံမှ လက်ရှိအိမ်အနီးရှိ မလိုအပ်သောခြံစည်းရိုးကို ဖယ်ရှားကာ ကြီးမားသောတံခါးနှစ်ထပ်ပါသော လူအရပ်မြင့်လောက်ရှိသည့်ခြံစည်းရိုးတစ်ခုဖြင့် အစားထိုးရန် ရည်ရွယ်ထားကြောင်း သူမကြားသိခဲ့ရသည်။

သူသည် သူမကို ဒီလိုအလုပ်မျိုးတွေအား ဘယ်တော့မှ မလုပ်ခိုင်းခဲ့ပေ။ တည်းခိုခန်းမှာပင် ဝံပုလွေနှစ်ကောင်နှင့်အတူ‌နေဖို့ ဒါမှမဟုတ် အပ်ချုပ်ဖို့ နေခိုင်းခဲ့တာချည်းပင်။ ဒါပေမယ့် သူတို့ဝယ်ထားတဲ့ ချည်ထည်တွေ အကုန်ချုပ်ပြီးသွားတာတောင်မှ သူနဲ့လိုက်ဖို့ ခွင့်မပြုသေးဘူး။ သူမက အသုံးမဝင်ဘူးလို့ သူထင်‌နေတာလား?

လင်းစစ်ယောင် သူ့နောက်လိုက်ချင်စိတ်တွေပြည့်နေတဲ့သူမမျက်လုံးတွေကို မြင်လိုက်ရတော့ သက်ပြင်းချလိုက်ပြီးပြောလိုက်သည် "ကောင်းပြီ၊ ဒါပေမယ့် အဲဒီကို ရောက်ရင် သတိထားရမယ်‌နော်။ ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့"

စုရွှေလျန် သူပြောတဲ့အတိုင်းလုပ်ပါ့မယ်လို့ကတိပေးလိုက်သည်။ အိမ်တွင်တပ်ဆင်ရန် ရည်ရွယ်ပြီးချုပ်ထားသည့် လိုက်ကာအိတ်ကို ယူရန် အမြန်ပြေးသွားလိုက်၏။

"အလျင်လိုမနေနဲ့။ အိမ်က ညစ်ပတ်နေတုန်းပဲ" လင်းစစ်ယောင်

သည် အိတ်ကြီးကို လက်ခံပြီး အခန်းထဲသို့ ထည့်လိုက်သည်။ သူမ တစ်နေကုန် အနားယူခြင်းမရှိဘဲ ပြီးမြောက်အောင်ကြိုးစားလုပ်ထားသော လိုက်ကာများကို ရက်အနည်းငယ်ကြာ ချိတ်ဆွဲလိုက်ရုံဖြင့် ညစ်ပတ်သွားမှာကို သူ မလိုလားပေ။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now