Intro

6.7K 167 1
                                    

" ထိုက်တန်! နင် ငါ့ကို အော်စရာအကြောင်းမရှိဘူးနော်! "

" မြလွန်းက ကိုယ်ပြောတာကိုမှ မယုံတာ။ "

" နင့်ကို ယုံစရာဘာအကြောင်းရှိလို့လဲ။ ဟမ်
ပြောစမ်းပါ။ ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာလေ နင်က ဘာငြင်းချင်လို့လဲ။ "

လွန်းခမြိုင် စံအိမ်တော်ကြီးထဲမှ ကျယ်လောင်စွာ ထွက်ပေါ်လာသော မြလွန်း၏ အသံ။ အိမ်ထဲမှ အလုပ်သမားများသည်လည်း ထိုအသံကြောင့် မလှုပ်ရဲကြ။
သူတို့၏ မမလေး စိတ်တိုရင် ဘယ်လောက်ဆိုးသည်ဆိုတာကို သိနေပြီဖြစ်သည်။

" မမလေး နဲ့ အကိုလေးတို့ ရန်ဖြစ်ကြပြန်ပြီ ထင်တယ်။ "

" ဒီတစ်ခါတော့ မမလေး အတော်စိတ်တိုနေတာပဲ။"

"အကိုလေးအကြောင်းကို သိသွားပြီထင်တယ်။ "

ခဏခဏဖြစ်နေတာကြောင့် မထူးဆန်းတော့သော်လည်း သူတို့မှာ တီးတိုးပြောရုံသာ တတ်နိုင်သည်။

" မင်းသိသွားပြီဆိုတော့လည်း အေး ဟုတ်တယ် မင်းမြင်ခဲ့သလိုပဲ။ "

" ထိုက်တန် နင်! "

" ကွာရှင်းကြရအောင် မြလွန်းရွယ် "

" အဲ့ဟာမကြောင့်နဲ့ နင်က ငါ့ကို ဒီစကားပြောတာပေါ့လေ။ "

" ငါ မင်းကို စိတ်ကုန်နေပြီ မြလွန်းရွယ်။
ငါ မင်းကို မချစ်ဘူး။ "

ထိုက်တန်ရဲ့ စကားတွေဟာ နာကျင်စရာဆိုပေမယ့် မြလွန်း လှောင်ရယ်ဖို့ပဲ သိသည်။

" ဒီနေ့ကစပြီး နင် နဲ့ ငါ သူစိမ်းတွေပဲ။ "

ကိုယ့်ကိုကိုယ် အားကိုးနိုင်တဲ့ မြလွန်းလို မိန်းမတစ်ယောက်အဖို့တော့ လင်ယောက်ျားမရှိလည်း ရပ်တည်နိုင်သည်။ ဒီလိုယောက်ျားတစ်ယောက်အတွက် လွမ်းနေစရာမလို ၊ အသည်းကွဲစရာမလို။  မြလွန်း ထိုက်တန်ကို ချစ်ခဲ့ပါသည်။ သို့သော် တန်ပြန် ချစ်ခြင်းတွေအစား ဥပက္ခာပြုခြင်းနှင့် သစ္စာမဲ့ခြင်းကိုသာ ပြန်ရသည်။ ဒီနေ့သည် မြလွန်းအဖို့ ထိုယောက်ျားနှင့် သူစိမ်းအဖြစ်သို့ ပြောင်းလဲလိုက်သော နေ့ဖြစ်သည်။

" ငါ စိတ်ပါရင် နင့်ကို သတ်ပစ်ဖို့က လွယ်တယ် ထိုက်တန်။ ငါနင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဘယ်တော့မှ...။ "
_____________________________________

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now