အခန်း (၁၀)

1.5K 134 4
                                    

Unicode

ဒီနေ့ဟာ ခရီးထွက်ရမယ့်နေ့ဖြစ်သည်။ ဝန်ထမ်းတွေအပြင် မြလွန်းရွယ်လည်းပါမှာဖြစ်တာကြောင့် အခွင့်အရေးလို့ပဲ ပြောရမလား။ ကိုကိုကြီးကတော့
မြလွန်းရွယ်ကို ထိတ်လန့်အောင်လုပ်ဖို့ ကြံစည်ထားသည်ဟုပြောသည်။ ဘာလုပ်မည်မသိပေမယ့်
မြလွန်းရွယ် မထိခိုက်ရင် ကောင်းမည်။

" ဇီတာ။ "

ရောက်ရောက်ချင်း ဇီတာလို့ခေါ်ကာ အနားရောက်လာတဲ့ မြလွန်း။

မြလွန်း ခရီးဆောင်အိတ်ကို ကားပေါ်တင်နေတုန်း အတွေးများသလိုဖြစ်နေတဲ့ ဇီတာ့ကိုတွေ့တာကြောင့် ခပ်မြန်မြန်ပင် ကားထဲကိုထည့်ရင်း ဇီတာ့အနားကိုသွားလိုက်သည်။

" အာ~ မမ "

" စိတ်လှုပ်ရှားနေလား "

" နည်းနည်း "

" ဒီခရီးမှာ မင်းနဲ့ ပိုပြီး သိခွင့်ရမယ်လို့ မျှော်လင့်တယ် ဇီတာ။ "

မြလွန်းက ခပ်အေးအေးအပြုံးလေးဖြင့်ပြောလာတော့ သူလည်း မြလွန်းကို ပြုံးပြလိုက်သည်။

* ကျွန်မလည်း ရှင့်ကို ပိုပြီး သိချင်ပါတယ်။ *

ချိန်းထားတဲ့ နာရီရောက်တော့ လူစုံပြီဖြစ်တာကြောင့်
ကားပေါ်ကို တက်ကြသည်။ အားလုံး နေရာယူပြီးနောက်တော့ မြလွန်းကားပေါ်တက်ကာ ဇီတာ့အနားမှာ ထိုင်ဖို့လုပ်သည်။ သို့သော် ဇီတာ့အနားမှာ ကောင်လေးတစ်ယောက်ရှိနေသည်။ မြလွန်းထိုကောင်လေးကို စူးရဲရဲစိုက်ကြည့်နေမိသည်။ ဇီတာကတော့ နားကြပ်ကိုတပ်ကာ မျက်လုံးတွေမှိတ်ထားသည်။
မြလွန်း ကားပေါ်ကနေပြန်ဆင်းကာ ကိုယ့်ကားနဲ့ကိုယ်သာ လိုက်ခဲ့ဖို့ စဉ်းစားလိုက်သည်။ တစ်လမ်းလုံး ဇီတာနဲ့ အတူ တခြားကောင်လေးတစ်ယောက်ရှိနေတာကို ကြည့်မနေနိုင်။ မြလွန်း ပြန်လှည့်ထွက်မည်လုပ်တော့ ဇီတာက သူ့ကိုကြည့်လာသည်။ အဲ့ကလေးမ ဘာလို့ဒီလိုလာကြည့်နေတာလဲ။

" အစ်ကို နည်းနည်းလောက်ဖယ်ပေးလို့ရမလား။ "

ဘေးကကောင်လေးကို ခွင့်တောင်းကာ ဇီတာက ထလာသည်။ နောက်ပြီး သူရပ်နေတဲ့ နေရာက လွတ်နေတဲ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်တဲ့ ဇီတာ။ သူ့ကိုမော့ကြည့်ကာ ဘေးနားက နေရာလွတ်ကို ပုတ်‌ပြသည်။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now