အခန်း (၁၄)

1.4K 121 1
                                    

Unicode

ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းမောင်းနေရာကနေ bar တစ်ခုရောက်တော့ ရပ်လိုက်သည်။ ဦးထုပ်ကိုချွတ်ကာ ဘေးကဝန်ထမ်းကို ပေးလိုက်ရင်း သူ့ရဲ့ ဦးတည်ရာက အခန်းတစ်ခုဆီသို့။

" ရောက်ပါပြီလား ခေါင်းဆောင် "

သူဝင်လာတာနဲ့ အခန်းထဲမှာရှိနေတဲ့ လူတွေဟာ ထနှုတ်ဆက်ကြသည်။ အလင်္ကာ ခုံပေါ်မှာ ဝင်ထိုင်ရင်း ထိုလူတွေကို နောက်ကျောပေးလိုက်သည်။ ထို့နောက် လက်ကိုယမ်းပြကာ အခန်းထဲကနေထွက်သွားဖို့ ပြောလိုက်သည်။ သူစကားအရမ်းမပြောချင်။

" အဆင်ပြေခဲ့ရဲ့လား ခေါင်းဆောင် "

ထွက်မသွားဘဲကျန်နေခဲ့ရတဲ့ လက်ထောက်ဖြစ်သူက မေးလာသည်။

" ပြေပါတယ်။ နည်းနည်းတော့ သုံးလိုက်ရတာပေါ့။ "

သေနတ်ကို စားပွဲပေါ်ပစ်တင်ကာ ပြောလိုက်တော့ သူ့ရဲ့လက်ထောက်က ကြည့်လာသည်။

" ကျွန်တော်တို့ကို ခိုင်းလို့ရရက်နဲ့။ ခေါင်းဆောင်‌လက်ကို သွေးစွန်းမခံပါနဲ့။ "

" ခြေထောက်ကိုပဲ ပစ်ခဲ့တာပါ။ မင်းတို့က ငါစုံစမ်းခိုင်းထားတာကိုပဲ ရအောင်စုံစမ်း။"

" ဟုတ်ကဲ့ပါ ခေါင်းဆောင်။ "

" လုပ်စရာရှိတာဆက်လုပ် ငါနားအုံးမယ်။ "

" ဟုတ်ကဲ့။ ကောင်းကောင်းနားပါ ခေါင်းဆောင်။ "

အလိုက်သိစွာနဲ့ ဘီယာဘူးတွေကို ထုတ်ပေးပြီးနောက် သူ့ရဲ့လက်ထောက်ဟာ အပြင်ကိုထွက်သွားသည်။ အလင်္ကာ ဘီယာဘူးကို ပြန်ထားကာ ရေခဲသေတ္တာထဲမှာ အသင့်ရှိနေတဲ့ အချိုရည်ဘူးကို ယူသောက်လိုက်သည်။ အချိုရည်ဆိုသော်လည်း တကယ်တော့ ဗီတာမင် စီ ဖြစ်သည်။ ဗီတာမင်စီ ဘူးကိုသောက်ရင်း ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ ထို့နောက် စားပွဲပေါ်မှာ အသင့်‌ရှိနေတဲ့ ဖိုင်တစ်ခုကို ယူလိုက်သည်။

" အလုပ်တွေကလည်း များလိုက်တာကွာ "

လက်မှတ်ထိုးစရာရှိတာတွေထိုးရ။ စာချုပ်ထဲမှာပါတဲ့ သဘောတူညီချက်တွေ လိုက်ဖတ်လိုက်ရဖြင့် မျက်လုံးအတော်ညောင်းနေပြီဖြစ်သည်။ ကိုယ့်အလုပ်တင်မက အစ်မတော် အင်္သခရာရဲ့ အလုပ်တွေကိုပါ ကူပေးနေရသည်လေ။ အတော်လေးညောင်းကာ ဖိုင်တွေကို ဆက်ကြည့်ဖို့ မရတော့တာကြောင့် ခဏလောက်နားဖို့စဉ်းစားလိုက်ပြီး စာအုပ်တွေကို ပိတ်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်ကို ခြေထောက်ဆင်းလိုက်ပြီး မျက်လုံးတွေကို ခဏမှိတ်ထားလိုက်သည်။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now