အခန်း (၂)

2.4K 150 1
                                    

Unicode

မနေ့က ဘယ်လိုအိပ်ပျော်သွားမှန်းမသိပါ။ မြလွန်းနိုးလာတော့ ကုတင်ပေါ်မှာမဟုတ်ဘဲ ဗီဒိုကိုမှီရင်း အိပ်ပျော်နေခြင်းဖြစ်သည်။ အခန်းတစ်ခုလုံးလည်း ရှုပ်ပွနေပြီး မြလွန်းလက်တွင် သွေးစတစ်ချို့ရှိနေသည်။ ညက မြလွန်း စိတ်လွတ်ပြီး သောင်းကျန်းထားသည် ထင်သည်။

" ဟူးးး "

သက်ပြင်းမောကို ချလိုက်ကာ ထလိုက်သည်။
ရေချိုးခန်းထဲဝင်ကာ မှန်ကိုကြည့်တော့ မိတ်ကပ်တွေဟာ ကြည့်ရဆိုးလောက်အောင် ပျံ့နေပြီ။
အဝတ်တွေကို ချွတ်ကာ ရေပန်းအောက်သို့ရပ်ရင်း ရေဖွင့်ချလိုက်သည်။ ရေနဲ့ထိမှ လက်က ဒဏ်ရာကပေါ်လာပြီး တဆစ်ဆစ်နဲ့ ကိုက်လာသလိုလို။
သို့ပေမယ့်လည်း ရေချိုးလိုက်ရတာကြောင့် အနည်းငယ် လန်းဆန်းသွားသလိုရှိသည်။

‌ရေချိုးပြီးတော့ အဝတ်အစားလဲ မိတ်ကပ်ပါးပါးလိမ်းကာ ဒဏ်ရာကို ဆေးထည့်ရသည်။ ဒဏ်ရာက အနည်းငယ်နက်သည်။ အနည်းငယ် သွေးထွက်လွန်ထားတာကြောင့် ခေါင်းက ရိပ်တိတ်တိတ်နဲ့ မူးနေသည်။ သို့သော် မြလွန်း ဆေးသောက်ကာ ကုမ္ပဏီသို့ သွားရမည်။

" မနက်စာ အသင့်ဖြစ်ပါပြီ မမလေး "

အပေါ်ထပ်က ဆင်းလာတဲ့ မြလွန်းကို မြင်မြင်ချင်း
အိမ်အကူ အဒေါ်ကြီးက ပြောသည်။

" အွန်း။ "

ထမင်းစားခန်းကို ဦးတည်ပြီးလျှောက်လိုက်ကာ
စားပွဲတွင် ဝင်ထိုင်လိုက်သည်။

" နွားနို့တစ်ခွက်နဲ့ ဆေးပြင်ပေးထားအုံး ဒေါ်အေး "

" ဟုတ်ကဲ့ မမလေး "

ပြင်ပေးထားသော မနက်စာကို စိတ်မပါစွာ စားကာ ဆေးသောက်လိုက်သည်။ ထို့နောက် ကုမ္ပဏီကို သွားရတော့သည်။

____________________

" ဟို... အင်တာဗျူး ဖြေရမယ့် အခန်းက ဘယ်မှာလဲမသိဘူး။ "

မျက်မှန်ထူထူ တပ်ကာ ပုံမကျ ပန်းမကျဖြစ်နေတဲ့ ကောင်မလေးတစ်‌ယောက်မှ ကုမ္ပဏီမှ လူတစ်ဦးကို မေးလိုက်ခြင်းဖြစ်သည်။ ထိုကောင်မလေးရဲ့ ပုံစံကြောင့် နှာခေါင်းရှုံ့တဲ့သူတွေများပေမယ့် လမ်းတော့ညွှန်လိုက်သည်။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now