အခန်း (၂၂)

2.7K 152 14
                                    

ထွက်သွားတဲ့ မြလွန်းရဲ့ ကျောပြင်ကို ငေးရင်း
အသင်္ခရာ နာကျင်သလိုဖြစ်လာသည်။ ရင်ဘတ်ရဲ့ ဘယ်ဘက်အခြမ်းက တဆစ်ဆစ်နာလာသည်။ မြလွန်းရွယ်ရဲ့ ကြောက်လန့်တကြား ရုန်းကန်နေတဲ့ ပုံစံကို မြင်လိုက်ရတဲ့နောက် သူအမှားလုပ်မိပြီဆိုတာကို သိလိုက်ပေမဲ့ နောက်ကျသွားပြီ။ ပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခု။ မြလွန်းရွယ်ကို ဘယ်လိုရင်ဆိုင်ရမလဲ။ စိတ်ရှုပ်စွာပဲ အိမ်ကို ပြန်လာခဲ့လိုက်သည်။

" ဘာဖြစ်လာတာလဲ အသင်္ခရာ။ "

ကုတင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲနေသည့် သူ့ကို ကြည့်ကာ အလင်္ကာက မေးလာသည်။ အခန်းထဲကိုဝင်လာပြီး ဘေးနားက ခုံတစ်ခုံကို ယူကာ အလင်္ကာကဝင်ထိုင်သည်။

" အလင်္ကာ "

" အင်း "

" မြလွန်းရွယ် အကြောင်း ငါ့ကို ပြောပြမလား။ အထူးသဖြင့် ကိုကိုနဲ့ ပတ်သက်တဲ့ ကိစ္စ "

" မြလွန်းရွယ်နဲ့ တစ်ခုခုဖြစ်လာတာလား။ "

" အင်း။ ငါ အမှားလုပ်မိတယ်။ "

ဒီနေ့ အဖြစ်အပျက်ကို ‌အလင်္ကာ့ကို ပြန်ပြောပြမိတော့ အလင်္ကာက သူ့ခေါင်းကို တစ်ချက်ရိုက်သည်။

" ဘာလုပ်တာလဲ "

" ရိုက်လိုက်တာလေ "

" ဘာလို့ ရိုက်တာလဲ "

" ရိုက်ချင်လို့ ရိုက်တာ "

အသင်္ခရာ အလင်္ကာ့ကို မျက်စောင်းထိုးလိုက်သည်။

" နင် တကယ်သိချင်တာလား အသင်္ခရာ "

" အင်း "

အလင်္ကာက သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် သူ့ကို ကြည့်ကာ ပြောလာသည်။

" အရင်ဆုံး နင်သိရမဲ့အချက်က ထိုက်တန်ဦးက
မြလွန်းအပေါ် သစ္စာမဲ့တယ်။ ဖောက်ပြန်တယ်။
မြလွန်းက အဲ့တာကို သိသွားပြီး ထိုက်တန်ဦးနဲ့ ကွာရှင်းဖို့လုပ်တယ်။ အဲ့အထိ အဆင်ပြေနေသေးတယ်။ မြလွန်းက ထိုက်တန်ဦးကို သိပ်ချစ်တယ်။ "

အလင်္ကရဲ့ စကားကြောင့် အသင်္ခရာ လက်သီးဆုပ်မိသည်။ မြလွန်းရွယ်ဟာ ကိုကို့ကို သိပ်ချစ်သည်တဲ့။
အနည်းငယ်နာကျင်လာတဲ့ နှလုံးသားကို လျစ်လျူရှုထားရတာ မသက်သာလိုက်တာဟု တွေးမိသည်။။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now