အခန်း (၄)

1.9K 127 2
                                    

Unicode

"ဒါ မင်းနေရာပဲ။ "

" ဟုတ်ကဲ့။ "

ဇီတာ မြလွန်းပြတဲ့ နေရာမှာ ဝင်ထိုင်လိုက်သည်။
ဘေးနားက လူတွေက ဇီတာ့ကို ကြည့်နေကြသည်။
မမလေး ကိုယ်တိုင်က ဒီလိုနေရာလိုက်ပြတယ်ဆိုတာ မရှိ။ အလုပ်ဝင်ရင် အတွင်းရေးမှုး ဒါမှမဟုတ် ကိုယ်လုပ်မယ့် အဖွဲ့က အဖွဲ့မှုးကသာ လိုက်ပြလေ့ရှိသည်။ အခု မမလေးကိုယ်တိုင်က နေရာအထိလိုက်ပို့တော့ ထူးဆန်းသည်။

" အားလုံးပဲ။ ဒါက program team မှာ လုပ်မယ့် လူသစ်ပဲ။ နွေးနွေးထွေးထွေး ကြိုဆိုပေးဖို့ မျှော်လင့်တယ်။ "

" ဇီတာနိုပါ။ ကြည့်ရှုစောင့်ရှောက်ပေးကြပါအုံး။ "

မိတ်ဆက်ပေးတော့ team က သူတွေက လက်ခုပ်တီးသည်။ ပြီးနောက် အလုပ်ပြန်လုပ်နေကြသည်။ သူတို့တွေက ဒီလိုပဲဆိုတာလားတော့ မသိပါ။

" ဒါက ပထမဆုံး မင်းလုပ်ရမယ့်ဟာပဲ။
ဒီ ဖိုင်ကို error စစ်ထားပါ။ ညနေအပြီးလိုချင်တယ်။ "

" ဟုတ်ကဲ့ မမ။ "

မြလွန်းလည်း ဇီတာကို အလုပ်ကိစ္စခိုင်းပြီး
ကိုယ့်ရုံးခန်းထဲကို ပြန်ဝင်လိုက်တော့တယ်။
အလုပ်လုပ်ရင် အချိန်တွေကုန်တာ မြန်သည်ပဲလားတော့မသိပါ။ နေ့လည်ထမင်းစားချိန်တောင် ရောက်လာပြီ ဖြစ်သည်။ နေ့လည်စာ စားရန် ရုံးခန်း‌ထဲက ထွက်လာတော့ မြင်ရတဲ့ မြင်ကွင်းက သိပ်တော့မကောင်းလှ။ ဇီတာက အထုပ်တွေ မနိုင်မနင်းသယ်ကာ အပေါ်သို့တက်လာသည်ကို တွေ့ရသည်။
ထို့နောက် team ကသူတွေအကုန်လုံးကို လိုက်ပေးနေလေသည်။ ကိုယ့်ဘာသာမယူဘဲ ဒီကလေးကို ခိုင်းနေကြတာလား။ မြလွန်း အနည်းငယ် စိတ်တိုသွားသည်။

" ဇီတာ "

ခုံပေါ်ကို ခေါင်းလေးတင်ကာ နားနေတဲ့ ဇီတာ့အနားကိုသွားကာ ခေါ်လိုက်သည်။ သူ့အသံကြားတော့ ပြာပြာသလဲခေါင်းထောင်လာလေသည် ။

" ဟုတ်ကဲ့ မမ‌။ "

" နေ့လည်စာစားပြီးပြီလား။ "

" မစားရသေးပါဘူး။ "

" လာ ငါနဲ့အတူတူ စားရအောင်။ "

" ရှင် "

" ထသွားမယ်။ ကြောင်တောင်တောင်လုပ်မနေနဲ့။ "

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now