အခန်း (၅)

1.8K 126 3
                                    

Unicode

မနက်စာစားရန် အောက်ကိုဆင်းလာတော့ မနက်စာချက်နေတဲ့ အလင်္ကာ့ကိုတွေ့လိုက်ရသည်။ သူတို့နှစ်ယောက် စကားများပြီးလို့ သူ့အမှားကိုသိရင် အလင်္ကာဟာ မနက်စာချက်ပေးကာ ‌သူ့ရဲ့တောင်းပန်ခြင်းကို ဖော်ပြသည်။ သို့သော် တောင်းပန်စကားကိုတော့ မပြော။ ဒါကလည်း သူ့ရဲ့မာနဖြစ်မည်။

" ခရာ ငါ နင့်ကို အလုပ်တွေကူပေးမယ်။ "

ပေါင်မုန့်ကို ကိုက်ရင်း အလင်္ကာ့ကို အံ့ဩသလို ကြည့်မိသည်။ တကယ်တော့ အလင်္ကာဟာ သိပ်တော်တဲ့သူ ဖြစ်သည်။ အခုလိုပြောလာတော့
အသင်္ခရာ ဝမ်းသာမိတာတော့ အမှန်ပင်။

" ဒါပေမယ့် ငါရုံးမတက်ချင်ဘူး။ လိုအပ်တဲ့အချိန်တွေရှိရင်တော့ သွားပေးမယ်။ "

" အွန်း နင့်သဘောလေ။ ငါ့အတွက် အကူညီရတာပေါ့။ "

" အွန်း "

ထိုသို့ပြောကာ ကော်ဖီကို ငုံ့သောက်နေသည်။

" ငါသွားတော့မယ်။ "

" ဂရုစိုက်သွား။ "

ခေါင်းကိုငြိမ့်ပြကာ အသင်္ခရာထွက်လာခဲ့သည်။
ကားကို ဖြည်းဖြည်းချင်းမောင်းကာ ကုမ္ပဏီသို့လာခဲ့သည်။

___________________

" မနေ့က လုပ်ခိုင်းတဲ့ ဖိုင်ပြီးပြီလား ဇီတာ ။ "

မြလွန်းအသံကြောင့် ဇီတာ ကွန်ပြူတာမှာ တစ်ခုခုရှာနေရာက အမြန်ထွက်လိုက်တာကို သတိထားမိသည်။

" ဟုတ် ပြီးပါပြီ မမ။ ဒီမှာပါ။ "

" ဟုတ်ပြီ။ တာဝန်ကျေပါတယ်။ "

ဖိုင်ကို ယူကာ ထွက်သွားတဲ့ မြလွန်းကို ကြည့်ရင်း သက်ပြင်းခိုးချရသူက ဇီတာ။ လုပ်လက်စဟာကို အမြန်လက်စသက်လိုက်မှသာ စိတ်အေးရသည်။

မြလွန်းသည်လည်း ဇီတာလုပ်ထားသော ဖိုင်ကို သေချာစီစစ်ကာ ထုတ်လုပ်ဖို့ အဆင်ပြေတာကြောင့်
တာဝန်ခံ ထုတ်လုပ်ရေးအဖွဲ့ကို အကြောင်းကြားလိုက်သည်။ လုပ်စရာရှိတာတွေလုပ်ပြီးတော့
နေ့လည် ၁နာရီပင်ထိုးတော့မည်။ အလုပ်လုပ်ရရင် ဘယ်လိုအချိန်ကုန်သွားမှန်းကို မသိပါ။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now