အခန်း (၁၅)

1.4K 117 4
                                    

Unicode

တစ်လမ်းလုံးနီးပါး သူ့ရင်ခွင်ထဲမှာ အိပ်ပျော်လာတဲ့ ဇီတာဟာ ပြန်ရောက်သည်ထိတိုင် မနိုး‌လာသေး။
ဇီတာ ဒီလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာကို တွေ့ရတာ ပထမဆုံးပင်။ တစ်ယောက်ပြီး တစ်ယောက် ကားပေါ်ကဆင်းသွားကြသော်လည်း မြလွန်းမှာတော့ မဆင်းနိုင်သေး။ မဆင်းလို့ကလည်းမဖြစ်
ဇီတာ့ကိုလည်း မနှိုးရက်ဖြစ်နေလေသည်။ ‌နောက်‌ဆုံးတော့ ဇီတာ့ကို‌ ပွေ့ချီကာ ကားပေါ်ကနေဆင်းလိုက်တော့သည်။

ဇီတာ့ကို ပွေ့ချီလာတဲ့ သူ့ကို မြင်တော့ အဖွဲ့သားတွေဟာ အံ့ဩနေတဲ့ အကြည့်‌များဖြင့် ကြည့်လာသည်။
လမင်းကတော့ သိနေသလို ပြုံးစိစိဖြင့်သာ။

" ‌ကျွန်တော် ဇီတာ့ကို ‌ပွေ့ထားပေးရမလား မမလေး။ "

သူ့နားကိုရောက်လာပြီး မေးလာတဲ့ ရိုးရာဆိုတဲ့ ကောင်လေး။ မြလွန်း နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်သွားသည်။ ဒီကောင်လေးက ဇီတာ့ကိုများ ကြိုက်နေသလား။ ထိုသို့တွေးမိတော့ ရင်ထဲက ပူလာသည်။ ဇီတာ့ကို သူကလွဲပြီး ဘယ်သူ့လက်ထဲကိုမှ အပါမခံနိုင်။

" ရပါတယ်။ သယ်ပေးချင်ရင် အထုပ်တွေဆွဲလာခဲ့။ "

ထိုသို့ပြောကာ အရှေ့ကနေထွက်သွားတဲ့ မြလွန်းကိုကြည့်ရင်း ကြောင်တောင်တောင်လေးဖြင့် ကျန်နေခဲ့သူက ရိုးရာ။

မြလွန်းလည်း ဇီတာ့ကို သူ့ရဲ့ ရုံးခန်းထဲထိ ပွေ့ချီသွားပြီး ဆိုဖာပေါ်မှာ ချထားပေးလိုက်သည်။ သက်တောင့်သက်သာ သိပ်မရှိလောက်ပေမယ့် ဇီတာ အိပ်ဖို့တော့ အဆင်ပြေလောက်ပါရဲ့။

" မမလေး "

ဇီတာ့ကို ကြည့်နေတုန်း ရိုးရာဆိုတဲ့ ကောင်လေးဟာ အထုပ်တွေကို သယ်ကာ ဝင်လာသည်။

" ဒီမှာပဲ ချခဲ့လိုက်တော့။ "

" ဟုတ်ကဲ့ဗျ။ ဟိုလေ... ဇီတာ့ကို အိမ်ပြန်လိုက်ပို့..."

" ကိုယ်ပို့လိုက်မယ်။ မင်းက ပြန်လို့ရပြီ။ "

" ‌အာ ဟုတ်။ "

မြလွန်း အဲ့ကောင်လေးကို သိပ်ဘဝင်မကျချင်တော့
ဇီတာ့နားကို အတင်းကပ်နေသလို ခံစားရသည်။
တကယ်ပဲ ဇီတာ့ကို ကြိုက်နေတာလား။ ဒီလိုဆိုရင် မဖြစ်တော့။

မြလွန်းရွယ် ၏ ဇီတာOpowieści tętniące życiem. Odkryj je teraz