အခန်း (၁၉)

1.6K 123 2
                                    

Unicode

" နွေး...? "

ခေါ်သံကြားတာကြောင့် လှည့်ကြည့်မိတော့ အမျိုးသမီးကြီးတစ်ယောက်ဖြစ်သည်။ ‌

" တကယ် နွေး ဟုတ်ပါတယ်နော်။ "

" ဟုတ်ပါတယ် ကျွန်မ အလင်္ကာနွေးပါ အန်တီ။ "

အလင်္ကာ ထိုအမျိုးသမီးကြီးရှေ့ကို သွားကာ
လက်ကိုကိုင်ရင်း ပြုံးပြလိုက်သည်။ ဒီအမျိုးသမီးကြီးဟာ သူ့ကိုစောင့်ရှောက်ပေးခဲ့တဲ့သူဖြစ်ပြီး အမေတစ်ယောက်လို ဖြစ်သည်။

" ဒီတလော အဆင်ပြေရဲ့လား နွေးလေး။ "

အတူတူလမ်းလျှောက်နေကြရင်း မေးလာတဲ့ အန်တီကြောင့် အလင်္ကာ အကြောင်းမဲ့ ကောင်းကင်ကို ‌တစ်ချက်မော့ကြည့်လိုက်ရင်း ပြုံးမိသည်။

" အွန်း ပြေတယ်လို့ပဲပြောရမှာပေါ့။
အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားတာပါပဲ။ "

" တစ်ခါလေးတောင် ဂေဟာကို မလာတော့ဘူးနော်။ "

အလင်္ကာ ပြုံးတယ်ဆိုရုံသာပြုံးလိုက်မိသည်။

" ‌မမလေးပါလား။ "

တစ်နေ့က ဘားမှာတွေ့ခဲ့တဲ့ ဦးလေးက အလင်္ကာ့ကိုတွေ့တော့ လာနှုတ်ဆက်သည်။

" မင်္ဂလာပါ ဦးလေး။ "

" ကိစ္စတစ်ခုခုရှိလို့လား မမလေး။ ပုံမှန်ဆို မမလေးကိုယ်တိုင် မလာဘူးလေ။ "

" ဒီလိုပါပဲ။ မရောက်တာကြာလို့လေ။ "

" နွေးကို သိတာလား ကိုမင်း "

" သိပ်သိတာပေါ့။ ဂေဟာကကို ထောက်ပံ့နေတဲ့ သူတွေထဲက တစ်ယောက်ပဲလေ။ "

ထိုစကားကိုကြားတော့ အန်တီက သူ့ကို လှမ်းကြည့်သည်။ အလင်္ကာလက်ကိုနောက်ပစ်ကာ ခြေထောက်ဖြင့် အောက်ကသစ်ရွက် အနည်းငယ်ကို ကစားနေသည်။

" အရင်တုန်းကအတိုင်းပဲ အကျင့်ကတော့ မပြောင်းဘူးနော်။ လျှို့ဝှက်ပြီး လူမသိအောင် လုပ်တတ်တုန်းပဲ။ "

အန်တီ့ရဲ့စကားမှာ အလင်္ကာ ရယ်ရုံသာတတ်နိုင်သည်။ အန်တီ့စကားကလည်း မှန်နေတာကြောင့် ဘာမှမပြောနိုင်တာလဲ ပါမည်ထင်သည်။
အလင်္ကာဟာ အဲ့လိုပါပဲ။ လျှို့ဝှက်ချက်တွေများလွန်းတယ်။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now