အခန်း (၁၂)

1.5K 127 7
                                    

" ဒါလေးကိုတောင် ဖြစ်အောင်မလုပ်နိုင်ဘူးလား မင်းတို့ကောင်တွေ !! "

ဒေါသတကြီးနဲ့ စားပွဲကို ဆွဲလှန်ပစ်လိုက်တဲ့ ဘော့စ်ကြောင့် လန့်သွားရသည်။

" တောင်းပန်ပါတယ်။ ကျွန်တော် သေချာလုပ်ပေမယ့် ကောင်မလေးတစ်ယောက်က.."

" အဲ့တာ မင်းသေချာမလုပ်လို့လေ ခွေးကောင်ရ!"

" တောင်းပန်ပါတယ် "

" ဘယ်သူလဲ အဲ့မိန်းကလေးက "

" မက်စ်တပ်ထားတာကြောင့်မလို့ ဘယ်သူလဲ ကျွန်တော် မသိလိုက်ပါဘူး။ ဒါပေမယ့်... သူက
ဘော့စ်ကို သိနေတယ်။ "

ထိုကောင်လေးစကားကြောင့် ခန့်နောင်ရှိန်း မျက်မှောင်ကြုံ့သွားသည်။

" သူ့ကိုရအောင်ရှာပြီး ငါ့ဆီခေါ်ခဲ့"

" ဟုတ်ကဲ့ ဘော့စ်။ "

မဟုတ်မှ... တကယ်ပဲ အဲ့ကလေးမလား?

_____________________________

မနက်ခင်းနိုးလာတော့ ဘေးမှာအိပ်နေတဲ့ သူကိုကြည့်ကာ ပြုံးမိသည်က မြလွန်းရွယ်ပင်။
အိပ်နေတဲ့ ဇီတာ့ကိုကြည့်ရင်း အကြည့်တွေက ဇီတာ့ရဲ့ နှုတ်ခမ်းဆီကို ရောက်သွားသည်။
မနေ့က သူ့ကို ကယ်ပေးနေတဲ့အချိန် အဲ့နှုတ်ခမ်းလေးက သူ့ရဲ့ နှုတ်ခမ်းနဲ့ ထိခဲ့တာပေါ့ ။
ကိုယ့်အတွေးနဲ့ကိုယ် နှုတ်ခမ်းကို စမ်းကြည့်ရင်း
မြလွန်း ပြုံးနေမိသည်။

" တစ်ယောက်တည်းပြုံးစိစိနဲ့ ဘာတွေတွေးနေတာလဲ။ "

" မ..မဟုတ်ပါဘူး။ "

ဇီတာ့အသံကြားမှ သူခိုးလူမိသလို လန့်သွားပြီး ကပြာကယာနဲ့ ရေချိုးခန်းထဲ ပြေးဝင်လိုက်သည်။
ခုန်နေတဲ့ နှလုံးသားကို ရင်ဘတ်ပေါ်ကနေဖိကာ စိတ်လျော့ရသည်။ ဒီကလေးမနဲ့တော့ ကြာရင်ရူးတော့မှာ။

ရေချိုးပြီးတော့ ဘန်ဂလိုအပြင်မှာ ထွက်ကာ ထိုင်နေလိုက်သည်။ မှာထားတဲ့ မနက်စာကို စောင့်ရင်း ဖုန်းသုံးနေမိသည်။

" မမ "

ခေါ်သံကြားတာကြောင့် လှည့်ကြည့်မိတော့ ဇီတာက ခေါက်ဆွဲဘူး နှစ်ဘူးကို ယူကာ ထွက်လာခြင်းဖြစ်သည်။

မြလွန်းရွယ် ၏ ဇီတာحيث تعيش القصص. اكتشف الآن