အခန်း (၁၃)

1.4K 130 3
                                    

Unicode

" ဒီကနေ ပင်လယ်ကိုကြည့်ရတာ တကယ်ကောင်းတာပဲ။ "

ညနေစောင်းရောက်ခါနီးတော့ နေမဝင်ခင် မြလွန်းက တောင်ကုန်းတစ်ခုလေးဆီ ဇီတာ့ကိုခေါ်သွားသည်။
ပင်လယ်ကြီးကို အပေါ်စီးကနေ မြင်နေရတဲ့ ရှုခင်းက သိပ်လှသည်။ မြင်နေရတဲ့ ပင်လယ်ဟာ မြင်ကွင်းအဆုံးမရှိဘဲ ကျယ်ပြန့်သည်။ နေဝင်ချိန်ဖြစ်တာကြောင့် တိမ်တောက်နေပြီး ရွှေရောင်လိုလက်နေတဲ့ ပင်လယ်ရေပြင်ဟာ သိပ်လှသည်။

‌ပင်လယ်ကိုငေးနေတဲ့ မြလွန်းရဲ့ မျက်ဝန်းတွေဟာ ဆွေးဆွေးမြေ့မြေ့။ တစ်စုံတစ်ခုကို သတိရ လွမ်းဆွတ်နေသလိုပင်။ ဇီတာ ဘာမှမပြောဘဲ မြလွန်းကို ကြည့်နေမိသည်။ အချိန်‌အတော်ကြာတဲ့အထိ ပင်လယ်ကိုငေးကြည့်နေသည့် မြလွန်းရဲ့ မျက်ဝန်းက ကြည်လဲ့လဲ့ဖြစ်လာသည်။ ဒီမိန်းမ မျက်ရည်ဝဲနေတာလား။ ဇီတာ မယုံနိုင်သလိုဖြစ်သွားသည်။ မြလွန်းရဲ့ ဒီလိုပုံစံမျိုး သူပထမဆုံးမြင်ဖူးတာ။ ထိလိုက်တာနဲ့ကြွေသွားမယ့် ပန်း‌လေးလို
သူစကားတစ်ချက်မှားပြီး မေးလိုက်တာနဲ့ ပြိုဆင်းလာမယ့် မြလွန်းရွယ်ရဲ့ အဲ့ဒီမျက်ရည်တွေ။

" မင်းသိလား ဇီတာ။ ကိုယ့်မှာလေ သိပ်ချစ်ခဲ့ရဖူးတဲ့ လူတစ်ယောက်ရှိတယ်။ "

မြလွန်းရွယ်က သူ့ကိုမကြည့်ဘဲ ပင်လယ်ပြင်ကိုပဲ ငေးကြည့်ရင်း ဆိုလာတဲ့စကားတွေ။

" ဒီနေရာကို သူပဲခေါ်လာပြပေးခဲ့တာလေ။ အဲ့တုန်းက ကိုယ်တို့တွေ သိပ်ချစ်ခဲ့ကြ ကြည်နူးခဲ့ကြတယ်။
သူ့ပခုံးကိုမှီရင်း ဒီလိုနေဝင်ချိန်မျိုးကို ကြည့်ခဲ့ရတာပဲ။ "

ဇီတာ ဘာမှမပြောမိ။ အဲ့လူက ကိုကိုဖြစ်လောက်မလားဟုတွေးမိသည်။ အနည်းငယ်တော့ မနာလိုသွားရသည်။ မြလွန်းရွယ်က အဲ့လူကို သိပ်ချစ်ခဲ့ပုံပဲ။

" ဒါပေမယ့်ကွာ.... အဲ့‌ဒီသူကလေ ဘာလို့ အဲ့လိုလုပ်ရပ်ကို လုပ်နိုင်ရတာလဲ။ ကိုယ် သူ့ကို သိပ်ချစ်ပေးခဲ့တာတောင်မှလေ။ တခြားတစ်ယောက်ကို ရွေးသွားခဲ့တယ်။ ကိုယ်ဘာတွေချို့ယွင်းနေလို့လဲ။ "

သန်မာလှပါတယ်ဆိုတဲ့ အဲ့ဒီမိန်းမ။ မာနကြီးပါတယ်ဆိုတဲ့ ဒီမိန်းမ။ ‌ထက်မြတ်ပြီး တော်လှပါတယ်ဆိုတဲ့ ဒီမိန်းမက သူ့ရှေ့မှာတော့ ပြိုလဲလုဆဲဆဲ မိန်းမတစ်ယောက်ဖြစ်နေသည်။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now