အခန်း (၉)

1.5K 144 3
                                    

Unicode

" အဆင်ပြေရဲ့လား။ "

မြလွန်းကို ရေတစ်ခွက်လှမ်းပေးရင်း မေးလိုက်တဲ့ ဇီတာ့ကို ခေါင်းငြိမ့်ပြလိုက်သည်။ လှမ်းပေးလာတဲ့ ရေခွက်ထဲက ရေကို တစ်ခါတည်း မော့သောက်ရင်း စိတ်လျော့ရသည်။

" ဘာဖြစ်လို့လဲဟင် "

စိတ်ပူစွာနဲ့ မေးလာတဲ့ ဇီတာ့ကို ဘယ်လိုပြန်ဖြေရမည်နည်း။ သူမစဉ်းစားတတ်။

" အဆင်ပြေပါတယ်။ "

စိတ်မပူစေဖို့ အပြုံးရေးရေးလေး ပေးလိုက်ပေမယ့် မျက်လုံးထဲမှာ ထိုမြင်ကွင်းက စွဲကျန်နေတုန်း။
အဲ့နေ့က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အတိအကျ မမှတ်မိ။ အဲ့နေ့က မြလွန်း အိမ်ပြန်နောက်ကျခဲ့တာ။
ပြန်လာတော့ သူနဲ့ လူတစ်ယောက်နဲ့ စကားများနေတာကိုကြားခဲ့တယ်။ နောက်ပြီး ရိုက်နှက်သံတွေ။
သူ့ရဲ့ အော်သံတွေ။ ထိုလူရဲ့ ရယ်သံတွေ။ သူဘာမှမလုပ်နိုင်ခဲ့။

" မမ မမ "

အတွေးလွန်ကာ ချွေးစေးတွေ ပြန်နေသည့် မြလွန်းကို ချွေးတွေသုတ်ပေးရင်း ဇီတာက ခေါ်သည်။

" တကယ် အဆင်ပြေရဲ့လား။ "

" ပြေပါတယ်။ "

"မနက်စာစားတော့မလား မမ။ မနက်စာ အသင့်ဖြစ်နေပြီ။ "

" အွန်း စားကြစို့လေ။ "

ဇီတာပြင်ပေးတဲ့ မနက်စာကို စားကာ စိတ်လျော့ရသည်။ သူ သတိလက်လွတ် နေနေလို့ မဖြစ်။ စိတ်နဲ့ကိုယ်နဲ့ ကပ်ရမည်လေ။

" မနက်စာ အတွက် ကျေးဇူးတင်ပါတယ်။ "

မနက်စာစားပြီး ပြင်ဆင်ပြီးတာနဲ့ ရုံးသွားဖို့ ပြင်ကြရတော့တယ်။

__________

အလုပ်လုပ်နေရသော်လည်း အလုပ်ထဲစိတ်မရောက်ဘဲ ဇီတာရှိတဲ့ နေရာကိုသာ ခဏခဏကြည့်နေမိသည်။ မနက်က သူ့ကို ဖက်ထားပေးသည့် ရင်ခွင်ရဲ့ အနွေးဓာတ်ဟာ အခုထိ ခံစားလို့ရဆဲ။ သူ့ကို အဲ့လိုပုံစံမြင်လိုက်ရတော့ ဘယ်လိုထင်သွားမည်တော့မသိ။ ဒါပေမယ့် ဇီတာဟာ သူ့ကို နှစ်သိမ့်ပေးခဲ့သည်ပဲ။ သူ့အတွေးနဲ့သူ ဇီတာ့ကို ကြည့်နေချိန် ဇီတာကလည်း သူ့ကို ကြည့်လာတာနဲ့ ဆုံလေသည်။
ဇီတာရဲ့ စိတ်ပူနေတဲ့ မျက်ဝန်းတွေ...။ မြလွန်းပြုံးမိသည်။ ထို့နောက် ဖုန်းကိုထုတ်ကာ ဇီတာ့ကို စာပို့လိုက်သည်။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now