အခန်း (၁၁)

1.6K 137 6
                                    

Unicode

တိမ်တွေလိုလို မြူခိုးတွေလိုလိုဖြင့် ပြည့်နေတဲ့နေရာကို မြလွန်းရောက်သွားသည်။ ဘယ်ရောက်နေသည်လဲ သူမသိ။ သူသိတာက အိမ်ပြန်ဖို့သာ။ မှုန်ဝါးဝါးနေရာမှာ အိမ်ကိုပြန်ဖို့ လမ်းကို အသည်းအသန်ရှာရသည်။ ‌ဘယ်လိုပင်သွားပါစေ မြလွန်း မူလနေရာကိုသာ ပြန်ရောက်လာသည်။ အသက်ရှုရခက်လာသည်။ တစ်ယောက်ယောက်... တစ်ယောက်ယောက်များ ကျွန်မကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးကြပါ။ ဒီနေရာမှ တစ်ယောက်ယောက်များ မရှိဘူးလား။ ကျွန်မကို ခေါ်ထုတ်ပေးကြပါ...။

အသက်ရှုရခက်နေသည့် ကြားက အားတင်းပြီး ရှေ့ကို ကြည့်ရသည်။ လူတစ်ယောက်။ ဘယ်သူလဲဆိုတာ မသဲကွဲ။ ရှည်လျားတဲ့ ဆံနွယ်တွေနဲ့ မိန်းကလေးတစ်ယောက်။ ထိုမိန်းကလေး ကြားနိုင်မလား မသိသော်လည်း မြလွန်း ပြောနေမိသည်။ ကျေးဇူးပြုပြီး ဒီနေရာကနေ ခေါ်သွားပေးပါ။ ကျွန်မ အသက်ရှုလို့မရတော့ဘူး။ မွန်းကြပ်လာပြီ။ ကျွန်မ‌ကို ခေါ်သွားပေးပါ။

* အဟွတ် အဟွတ် *

အတော်လေး CPR လုပ်လိုက်ရပြီး သတိပြန်လည်လာတဲ့ မြလွန်းကိုကြည့်ရင်း ဇီတာ စိတ်အေးရသည်။ တော်သေးတာပေါ့....။

" မြလွန်းရွယ် သတိရပြီလား။ "

ဝေဝါးဝါး အမြင်အာရုံကနေ တဖြည်းဖြည်းကြည်လင်လာတဲ့အခါ ဇီတာ့ကို ပထမဆုံး မြင်ရသည်။ စိတ်ပူနေတဲ့ မျက်ဝန်းတွေ။ စိုစွတ်နေတဲ့ နှုတ်ခမ်းတွေ....။ ဖြစ်နိုင်တာက ဇီတာက သူ့ကို ....။

" ဇီ..ဇီတာ "

မြလွန်း ဇီတာ့ရဲ့ မျက်နှာလေးကို လက်ကလေးနဲ့ ထိလိုက်တဲ့အချိန်မှာပဲ ...

" မမလေး!!! "

‌မမလေးဆိုတဲ့ အော်သံကြီးကြောင့် လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ကြည့်လိုက်မိသည်။ အဖွဲ့သားတွေအကုန်လုံးကလည်း ရှာရင်း ဒီဘက်ကိုရောက်လာသည့်ပုံပေါ်သည်။ သူတို့ကို‌တွေ့တော့ အပြေးရောက်လာလေသည်။

" အဆင်ပြေရဲ့လား မမလေး။ "

" ပြေပါတယ်။ "

" တော်သေးတာပေါ့ဗျာ။ ကျွန်တော်‌တို့ ဘယ်လောက်တောင် စိတ်ပူသွားလဲ သိရဲ့လား။ "

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now