အခန်း (၈)

1.7K 135 4
                                    

Unicode

နိုးလာတာနဲ့ ထိုးကိုက်လာတဲ့ခေါင်းကြောင့် မနေ့က သောက်တဲ့အရှိန်များသွားပြီဆိုတာ သိလိုက်သည်။
မျက်မှန်ကို တပ်ကာ ဘေးဘီကိုကြည့်မိတော့ ပတ်ဝန်းကျင်က စိမ်းသက်သက်။ ပြောရရင် သူ့အခန်းမဟုတ်။ ဘေးနားကိုကြည့်လိုက်တော့ အိပ်နေသည့် မမ (မြလွန်း) ကိုတွေ့လိုက်သည်။

* ဟင် ငါ မြ..မြလွန်းရွယ်ရဲ့ ကုတင်ပေါ်ရောက်နေတာလား *

ညကဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တော့လည်း ခေါင်းကပိုကိုက်လာပြန်သည်။ ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့ ညက ဝတ်ထားတဲ့ အင်္ကျီနဲ့မတူတော့။
ဘာပြဿနာတွေ လုပ်ထားမိတာလည်း မသိ။
ကုတင်ပေါ်က ဆင်းဖို့လုပ်တော့ မြလွန်းက ဇီတာ့လက်ကိုဆွဲကာ လှဲချလိုက်သည်။ မြလွန်းရင်ခွင်ထဲ အထိုက်သင့်လေးပါသွားပြီး တောင့်တောင့်ကြီးဖြစ်နေရှာသော ဇီတာနို။

" နိုးနေတာကြာပြီလား ဇီတာ "

သူ့ကိုအနောက်ကနေဖက်ကာ မေးလာသည့် မြလွန်းကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ကုန်ရသည်။

* နေပါအုံး ဒီအခြေအနေကြီးက ဘာကြီးလဲ။ *

ဦးနှောက်ကို မြန်မြန်အလုပ်ပေးသော်လည်း ဘာမှထွက်မလာတော့တာကြောင့် စိတ်ညစ်ရပြန်သည်။
ဖက်ထားတဲ့ မြလွန်းလက်ထဲကနေ ရုန်းသော်လည်း
ရုန်းလေ တင်းအောင်ပိုဖက်လာလေဖြစ်တာကြောင့်
ဆက်မရုန်းနိုင်တော့။

" ဟို... ဟိုလေ မမ "

" အွန်းး ပြောလေ "

" ညက ဘာ..ဘာဖြစ်သွားတာလဲဟင်။ "

သူအဲ့လိုပြောတော့ မြလွန်းက ဖက်ထားတဲ့လက်တွေကို ဖြေပေးလိုက်ပြီး ဇီတာရဲ့ မျက်နှာကို သေချာကြည့်လိုက်သည်။

* သူ တကယ် မမှတ်မိတာလား။ *

" အာ~ မင်းမူးနေတာပဲ မမှတ်မိဘူးမလား။ "

" ဟုတ် "

" မင်းကို အိမ်လိုက်ပို့ဖို့လုပ်ပေမယ့် အိမ်လိပ်စာကို ကိုယ်မသိဘူးလေ။ အဲ့တာကြောင့် ကိုယ့်အိမ်ပဲခေါ်လာခဲ့တာ။ ပြီးတော့...

ညက ......

" ဇီတာ ဇီတာ "

အိပ်ပျော်သွားသည့် ဇီတာကို နှိုးလို့လည်းမရ အိမ်လိပ်စာလည်း မသိတာကြောင့် သူ့အိမ်ကိုသာ ခေါ်ခဲ့ရသည်။ ပထမဆုံး... ပထမဆုံးအနေနဲ့ လူတစ်ယောက်ကို အိမ်ခေါ်လာဖူးတာ။ သူဆုံးပြီးကတည်းက အိမ်ပြောင်းနေခဲ့ပြီး ဒီအိမ်ကို သူကလွဲပြီး ဘယ်သူမှ ဝင်လို့မရ။ အတွင်းရေးမှုးကိုတောင် အိမ်ကိုမလာခိုင်း။ အခုတော့ အမူးသမားလေးကို အိမ်ခေါ်လာရပြီလေ။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now