အခန်း (၂၀)

1.3K 113 2
                                    

အလင်္ကာ စိတ်တွေလေးနေတာကြောင့် စိတ်လည်း ကြည်သွားအောင်ရော ဝယ်စရာတွေလည်းရှိနေတာကြောင့်ရော mall တစ်ခုကို ဝင်လိုက်သည်။ အရင်ဆုံး အိမ်မှာ ကုန်နေပြီဖြစ်တဲ့ အသီးတစ်ချို့ကို ဝယ်ဖို့ အသီးတွေထားတဲ့ ကော်နာကို သွားလိုက်သည်။

" ပန်းသီးရယ်၊ သစ်တော်သီး၊ ‌ကီဝီ၊ ချယ်ရီ နောက်ပြီးတော့...."

တစ်ကိုယ်တည်းကြားရုံမျှသာ ပြောကာ အသီးတွေကို သေချာရွေးနေသည်။ စတော်ဘယ်ရီသီးတွေထားတဲ့ နေရာကို ရောက်တော့ ရပ်တန့်သွားသည့် လက်တစ်စုံ။

" မြလွန်းရွယ် ကြိုက်တဲ့..."

အနည်းငယ် တွန့်ဆုတ်နေသလို တုန်ယင်နေတဲ့
လက်တွေ။ လက်ကို အမြန်ပြန်ရုတ်လိုက်ကာ ကော်နာကနေထွက်လာခဲ့တော့သည်။ မြလွန်းရွယ်အကြောင်းကိုတွေးမိတာနဲ့တင် ဒီလောက်ထိ စိတ်အစဉ်ဟာ ဆောက်တည်ရာမရဖြစ်ကုန်သည်။ မြလွန်းရွယ်ဟာ အလင်္ကာ့စိတ်ထဲမှာ အမြဲနေရာယူထားတတ်သည်။

" ၃၅၀၀၀ ကျပါတယ်ရှင့်။ "

ကောင်တာက ကောင်မလေးရဲ့အသံကြားမှ အနည်းငယ် အသိဝင်လာသလိုဖြစ်သွားသည်။ ကျသင့်ငွေကို ထုတ်ကာရှင်းပြီးလိုက်ပြီး အထုပ်တွေကိုဆွဲကာ ဆိုင်တစ်ဆိုင်ကို ဝင်လိုက်သည်။

" ကြိုဆိုပါတယ်။ ဘာများသုံးဆောင်မလဲရှင့်။ "

" Americano double shot ပေးပါ။ "

" ဟုတ်ကဲ့ပါရှင့်။ "

ထောင့်ကျကျတစ်နေရာမှာ ဝင်ထိုင်လိုက်ပြီး ဖုန်းကိုထုတ်ကာကြည့်နေလိုက်သည်။ ဂနာမငြိမ်ဖြစ်နေတဲ့ အတွေးတွေဟာ အနည်းငယ် ငြိမ်လာပြီဖြစ်သည်။
ဘာကြောင့် ဒီလိုဖြစ်သွားတာရယ်လို့ မသိပါ။
ဖြစ်နိုင်တာက ဂေဟာကပြန်လာပြီးကတည်းက ဖြစ်နေတဲ့ လေးလံတဲ့ စိတ်တွေကြောင့်များလား။
၁၅ မိနစ်လောက်ကြာတော့ ဝန်ထမ်းကောင်မလေးက ကော်ဖီလာချပေးသည်။ ကော်ဖီကို ယူကာ သောက်လိုက်တော့မှ အနည်းငယ်နေသာ သွားသလိုရှိသည်။

အကြောင်းရင်းမဲ့စွာ ခုံကိုလက်ညှိုးဖြင့် ခေါက်နေမိသည်။ သက်ပြင်းသဲ့သဲ့ကိုသာ ချကာ ကော်ဖီကိုထိုင်သောက်နေလိုက်သည်။ အတွေး‌စတွေဟာ အနည်းငယ် ပျံ့လွင့်စပြုလာသည်။

မြလွန်းရွယ် ၏ ဇီတာDove le storie prendono vita. Scoprilo ora