အခန်း (၁)

3.4K 171 2
                                    

Unicode

" ဟိုမှာထိုင်နေတဲ့သူက မြလွန်းရွယ်လေ။"

" သိပ်တော်တာပဲနော်။
ကျွန်မတော့ သူ့ကို သိပ်အားကျတယ်။ "

တီးတိုးပြောနေတဲ့ ကောင်မလေးတွေ။
အခု မြလွန်းရွယ်က တွေ့ဆုံပွဲတစ်ခုကို ရောက်နေခြင်း။ ပါတီလို့လည်း ပြောလို့ရသည်ပေါ့။

" တွေ့ရတာ ဝမ်းသာပါတယ်။ "

မြလွန်းကို လူတစ်ယောက်က လာနှုတ်ဆက်သည်။

" ကျွန်တော်ထိုင်လို့ရမလား "

" ထိုင်ပါ။ "

ဝိုင်ခွက်ကိုကိုင်ရင်း ခြေထောက်ကို ချိတ်လိုက်သည့် မြလွန်းရွယ်။ သူဟာ ဘယ်သူ့ကိုမှ မရိုကျိုးနိုင်။

" ကျွန်တော် မြလွန်းရွယ်နဲ့ partnership လုပ်ချင်လို့ ခင်ဗျ။ "

" အလုပ်ကိစ္စဆိုရင် ဒီ ဖုန်းကို ဆက်သွယ်လိုက်ပါ။
ကျွန်မရဲ့ healing time မှာ အလုပ်တွေ ခေါင်းထဲမထည့်ချင်ဘူး။ "

" ဟုတ်ကဲ့ပါခင်ဗျ။ တောင်းပန်ပါတယ်။ "

ထုတ်ပေးလာတဲ့ business card ကို ယူပြီး ထွက်သွားတဲ့ ထိုလူ။ မြလွန်း ဝိုင်ကို မော့သောက်ရင်း ထရပ်လိုက်သည်။ waiter တစ်ယောက်ကိုခေါ်ကာ ဝိုင်ခွက်ကို ပေးလိုက်သည်။ ထို့နောက် ပြန်ဖို့လုပ်သည်။
ဒီမှာရောက်နေတဲ့ အချိန်အတိုအတွင်းကို လူတော်တော်များများနှင့် စကားပြော နှုတ်ဆက်လိုက်ရသည်။ သူစိတ်ရှုပ်သလို ဖြစ်လာတာကြောင့် ပြန်ဖို့လုပ်လိုက်သည်။

ကားပေါ်ကို တက်ကာ ကားကို အရှိန်နဲ့ မောင်းလိုက်သည်။ တံတားတစ်ခုနားရောက်တော့ ရပ်လိုက်သည်။ ကားပေါ်ကဆင်းကာ တံတားနားကို သွားရပ်လိုက်သည်။ ဆေးလိပ်ကို ထုတ်ကာ သောက်မလို့လုပ်သော်လည်း မီးခြစ်က လက်ချော်ကာ တံတားဘောင်ရဲ့ ဟိုဘက်ကို ကျသွားသည်။

" ဟာကွာ။ "

မြလွန်းလည်း အောက်ကိုငုံကာ ကောက်ကြည့်ဖို့လုပ်သည်။ မရတာကြောင့် တံတားကို ကျော်ဖို့ တံတားဘောင်ပေါ် ခြေထောက်တင်လိုက်သည်။
သို့သော်လည်း မြလွန်းတစ်ယောက် တစ်စုံတစ်ယောက်ရဲ့ ဆွဲယူခြင်းကို ခံလိုက်ရပြီး လဲကျသွားသည်။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now