အခန်း (၁၈)

1.2K 116 2
                                    

Unicode

[ A/N : ဇီတာနဲ့ အသင်္ခရာရှင်းက တစ်ယောက်တည်းပါ။ အသင်္ခရာရှင်းဟာ နာမည်အရင်းဖြစ်ပြီး ဇီတာဆိုတဲ့ နာမည်ဟာ မြလွန်းရွယ်ကို ချဉ်းကပ်ရတဲ့အတွက် အသင်္ခရာ သုံးထားတဲ့ နာမည်တစ်ခုဖြစ်ပါတယိ။ အခုချိန်ထိ မြလွန်း မသိသေးတာကြောင့်
မြလွန်းရဲ့ pov ကနေ ရေးတဲ့အခါ ဇီတာလို့ သုံးထားပြီး အသင်္ခရာရဲ့ pov မှာကျတော့ နာမည်အရင်းကိုသာ သုံးထားတာပါ။ ]

______________________________________________

" ဇီတာ "

သူ့ရဲ့ခေါ်သံကိုကြားတော့ ကလေးလေးနဲ့ ဆော့နေတဲ့ ဇီတာဟာ သူ့ကိုလှည့်ကြည့်လာသည်။ ထို့နောက် ကလေးလေးကို ဘောလုံးပြန်ပေးကာ သူ့ဆီကို ရောက်လာသည်။

" ကိုယ်ကြာသွားတယ်မလား။ "

" အွန်း အရမ်းပဲ။ ခေါ်တုန်းကခေါ်လာပြီး တစ်ယောက်တည်း ပစ်ထားခဲ့တာနော်။ "

ဇီတာ့ စကားကိုကြားတော့ မြလွန်းရယ်မိသည်။
အခု ဇီတာက သူ့ကို စိတ်ကောက်နေတာမဟုတ်လား။ ဒီကလေးမ စိတ်ကောက်တာတောင် ချစ်ဖို့ကောင်းအောင် ကောက်တတ်တယ်လို့ တွေးမိသေးသည်။

" တစ်ယောက်တည်းထားခဲ့မိလို့ ကိုယ်က တောင်းပန်ပါတယ်။ စိတ်မကောက်နဲ့လေနော်။ "

" ဘယ်မှာကောက်လို့လဲ။ "

" ဒီမှာလေ။ "

ဇီတာ့ပါးလေးကို လက်ညှိုးလေးနဲ့ အသာထိကာ ပြောတော့ မျက်စောင်းလေးတစ်ချက်ရလိုက်သည်။
ထို့နောက် သူ့ရှေ့ကနေ ထွက်သွားတာမလို့ ဇီတာ့ဘေးကို အမှီလိုက်ရပြန်သည်။ ဂေဟာဝန်းထဲကိုလျှောက်ကြည့်ရင်း ဇီတာနဲ့ အတူလမ်းလျှောက်ရတာက ခံစားချက်တစ်မျိုးလေးဖြစ်သည်။
ကြည်နူးသလို ပျော်သလိုခံစားချက်ကလေး။
သေချာတာကတော့ မြလွန်းစိတ်တွေ ကြည်လင်တာပင်။

တစ်နေရာကိုရောက်တော့ သစ်ပင်နားက ခုံတန်းလေးမှာ ခဏထိုင်ကာ နားကြသည်။ မန်ကျည်းရိပ်ဖြစ်တာကြောင့် အေးမြသည်ဟုဆိုရမလား။
မြလွန်းတို့နဲ့ မလှမ်းမကမ်းမှာလည်း ကလေးတွေ ပြေးလွှားဆော့ကစားနေကြသည်။

" စိတ်ကောက်နေသေးလား ဇီတာ။ "

" စိတ်မကောက်ပါဘူးဆို။ "

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now