အခန်း (၂၃)

2.5K 127 21
                                    

Unicode

" မဖြစ်... မဖြစ်ဘူး..!! "

ကြောက်လန့်တကြား နိုးထလာတဲ့ ဒီလိုညတွေဟာ များလှပြီ ဆိုသော်ငြား အင်္လကာအခုထိ အသားမကျနိုင်သေး။ ‌နဖူးကချွေးတွေကို လက်ဖြင့် တရကြမ်း သုတ်ပစ်ရင်း အိပ်ယာထဲမှထလိုက်သည်။ ဘေးနားတွင်တင်ထားသော ရေဘူးကို ယူကာ သောက်လိုက်မှ ရင်ထဲတွင် အနည်းငယ် အပူသက်သာသွားသယောင်ရှိသည်။

" ထပ်ပြီး ဒီအိပ်မက်ပဲ .... "

သက်ပြင်းရှည် တစ်ချက်ကို ဖန်တီးရင်း အလင်္ကာ ရေခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ အိပ်မက်ဆိုသော်ငြား လက်တွေ့ဆန်လွန်းသည်။ မကြာခင်ဖြစ်လာတော့မည့် ပုံစံမျိုး။ အိပ်မက်ထဲကလို မြလွန်းကို အလင်္ကာ မကာကွယ်လိုက်ရမှာစိုးလှပါသည်။

နာရီကိုကြည့်မိတော့ မနက် ၃နာရီပင်ရှိသေး၏။
စောလွန်းသော်ငြား လန့်နိုးပြီးရင် ပြန်အိပ်ပျော်ဖို့ ခဲယဉ်းတတ်သည့် လူမျိုးဖြစ်တာကြောင့် အလင်္ကာ laptop ကို ယူကာသာ အလုပ်လုပ်နေလိုက်မိသည်။ ၆နာရီထိုးခါနီးလောက်တွင်တော့ အလင်္ကာ့ မျက်လုံးတွေမှေးစင်းလာကာ သတိမထားမိလိုက်ခင်မှာပဲ အိပ်ပျော်သွားတော့သည်။

ဒူ~ ဒူ~

မြည်လာသည့် ဖုန်းသံကြောင့် အလင်္ကာ ဆတ်ခနဲ နိုးလာသည်။ ဖုန်းကို ယူကာ ကြည့်လိုက်တော့ အသင်္ခရာခေါ်တာဖြစ်နေသည်။

" အင်း ပြော "

" ဒီဖုန်းပိုင်ရှင်ရဲ့ အသိလားမသိဘူး *

တစ်ဖက်မှထွက်လာသော သူစိမ်း၏ အသံကြောင့် အလင်္ကာ ဖုန်းကို တစ်ချက်ပြန်ကြည့်မိလိုက်သည်။

" ဟုတ်ကဲ့ ၊ ဖုန်းပိုင်ရှင်ရဲ့ ညီမဖြစ်သူပါ *

" ဒီဖုန်းပိုင်ရှင် accident ဖြစ်လို့ ဆေးရုံကို ရောက်နေပါတယ်။ "

" ဘာ! "

အလင်္ကာရဲ့ မှေးနေသည့် မျက်လုံးဟာ ပြူးကုန်သည်။ ဘယ်လိုဖြစ်ပြီး အသင်္ခရာက ....။

" ဘယ်ဆေးရုံလဲ "

" ဟန် ဆေးရုံမှာပါ "

ဖုန်းကို အမြန်ချကာ အလင်္ကာ ကားသော့ကို အလောတကြီး ယူရင်းထွက်လာလိုက်သည်။
ဘာမှကြီးကြီးမားမားမဖြစ်ပါစေနဲ့ ရှင်း။
‌အလျင်လို အနှေးဖြစ်ဆိုသည့်အတိုင်း လမ်းတွေ မီးပွိုင့်တွေ ပိတ်နေတာကြောင့် ထင်တာ ထပ်ပိုကြာပြီးမှ ဆေးရုံကို ရောက်လာခဲ့သည်။ နာရီကိုကြည့်တော့ ၁နာရီပင် ထိုးလုနီးပါး။ ကားကို ဆေးရုံ၏ မျက်နှာချင်းဆိုင်တွင်ရှိသည့် ပါကင်တွင်ထိုးကာ အလင်္ကာ အမြန်ပြေးရသည်။

You've reached the end of published parts.

⏰ Last updated: Jan 04 ⏰

Add this story to your Library to get notified about new parts!

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now