အခန်း (၂၁)

1.4K 118 4
                                    

Unicode

"အလင်္ကာနွေး..... "

ရင်းနှီးသလိုရှိသော နာမည်။ သို့သော် မရင်းနှီးသလိုလည်း ရှိသည်။ ဘယ်နေရာမှာ ကြားဖူးခဲ့သလဲ။ သိဖူးခဲ့သလဲ မမှတ်မိတော့။ အံ့ဩမိသည်က အသင်္ခရာ့မှာ အမွှာညီမရှိသည်ဆိုတာကိုပဲ။ ထုတ်ပြခြင်းမရှိဘဲ ဖုံးကွယ်ထားတာဟာ အကြောင်းတစ်ခုရှိလို့များလားဟု တွေးမိသည်။

" မမ "

ဇီတာ့ရဲ့အသံကြားမှ မြလွန်း အတွေးလွန်နေရာမှ အသိပြန်ဝင်လာသည်။ ဇီတာက လက်ထဲမှာ card တစ်ခုကိုကိုင်ကာ ရောက်လာသည်။

" အွန်း ဘာကိစ္စလဲ ဇီတာ။ "

" အသင်္ခရာ group ရဲ့ invitation card ပါ။ "

" ကျေးဇူးပဲ ဇီတာ။ "

" ဟုတ်ကဲ့။ "

ဇီတာက သူ့ကို ကတ်ပေးကာ ပြန်ထွက်သွားမည်လုပ်သော်လည်း မြလွန်း ဇီတာ့နောက်ကိုသွားကာ တံခါးဖွင့်ဖို့ လုပ်နေတဲ့ လက်ကလေးအပေါ်ကို မြလွန်းရဲ့ လက်တွေ အုပ်မိုးလိုက်သည်။ ထို့နောက် တံခါးကို လော့ချလိုက်သည်။ ဇီတာဟာ သူ့ကိုလှည့်ကြည့်လာသည်။ မတိမ်းမယိမ်းဖြစ်လှတဲ့အရပ်ကြောင့် နှုတ်ခမ်းချင်း တွန်းတိုက်မိဖို့ လက်မအနည်းငယ်သာလိုသည်။ တစ်ယောက်နဲ့တစ်ယောက် နီးကပ်လွန်းတာကြောင့် အသက်ရှုထုတ်လိုက်သည့် လေများက ရှိုက်ခတ်နေသည်။

" ဇီတာ "

ဆွဲဆွဲငင်ငင်ခေါ်လိုက်သည့် မြလွန်းရဲ့ ခေါ်သံ။
ဇီတာ (အသင်္ခရာ) ရဲ့စိတ်တွေ အနည်းငယ် ယိုင်လှုပ်သွားသလို ခံစားလိုက်ရသည်။ အနီးကပ်ကြည့်တော့မှ မြလွန်းဟာ သိပ်လှတာပဲ။ မျက်လုံး နှုတ်ခမ်း နှာတံလေး‌‌ မျက်တောင်မွှေးလေးတွေက အစ ပိုလှသယောင်ခံစားရသည်။

" ဟုတ်ကဲ့ "

" ကိုယ့်ကို ဘယ်တော့အဖြေပြန်ပေးမှာလဲ။ "

မြလွန်း ထိုသို့ပြောတော့ ဇီတာဟာ မျက်နှာလွှဲသွားသည်။ ချက်ချင်းဆိုသလို ဇီတာ့အနားကနေခွာလိုက်ပြီး ခုံမှာပြန်ထိုင်မိသည်။ ဇီတာဟာ ထိုနေရာမှာပင် ရပ်မြဲအတိုင်းရပ်နေသည်။ ‌မြလွန်း ဇီတာ့မျက်နှာပေါ်က ဝေခွဲရခက်တဲ့ အရိပ်အယောင်တွေ တစ်ခုခုကို ဖုံးကွယ်ထားသလို အရိပ်အယောင်တွေကို မြင်ရသော်လည်း မသိဟန်ဆောင်လိုက်သည်။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now