အခန်း (၃)

2.1K 147 1
                                    

Unicode

"ကျွန်မက အသင်္ခရာရှင်းပါ။ "

မြလွန်းလည်း အတွေးလွန်နေတာကို လတ်စသက်ကာ အသင်္ခရာ ကမ်းပေးထားသော လက်ကို ဆွဲယူကာနှုတ်ဆက်လိုက်သည်။

" မြလွန်းရွယ်ပါ။ "

" ကျွန်မ သိပါတယ်။ "

လူမှုရေးအရ မိတ်ဆက်သော်လည်း ပြန်ဖြေလာသည့် အဖြေကြောင့် မြလွန်း နည်းနည်းတော့ ဘဝင်မကျချင်ဖြစ်သွားရသည်။ သို့သော်လည်း ဘေးနားကို ဝင်ထိုင်လာသော အသင်္ခရာ့ကို ကြည့်ကာ တွေးမိသည်က သူမဟာ တစ်မျိုးတစ်ဖုံ တောက်ပနေသည် ဆိုတာပင်။

" နေရာက အဆင်ပြေရဲ့လား အစ်မ။ "

" အဆင်ပြေပါတယ်။ မီးရောင်တွေ စူးတာက‌လွဲရင်ပေါ့။ "

" ဟုတ်ပါရဲ့။ အလင်းတော်တော်စူးတာပဲ။
ပွဲကို စီစဉ်တဲ့သူတွေ အလင်းကို သေချာမချိန်ဘူးထင်တယ်။ "

" ဒီလိုဆိုရင်ရော အဆင်ပြေရဲ့လား။ "

မြလွန်း၏ နဖူးနားသို့ လက်ကလေးကာပေးကာ
မေးလိုက်တဲ့ အသင်္ခရာ။

" အဲ့လောက်ထိလည်း လုပ်ဖို့မလိုပါဘူးကွာ။
တို့ အဆင်ပြေပါတယ်။ "

အသင်္ခရာ့ရဲ့ လက်ကို ကိုင်ကာ အောက်ကိုပြန်ချပေးရင်း မြလွန်းပြောလိုက်သည်။ အသင်္ခရာက မြလွန်းကို ကြည့်ကာ ခပ်ဟဟလေး ရယ်သည်။ မြလွန်းလည်း ပြုံးမိသည်။

_______________

product အသစ်ကို တာဝန်ရှိသူတွေက မိတ်ဆက်ပေးပြီးနောက် အသင်္ခရာဟာ စင်ပေါ်သို့ တက်ကာ စကားပြောသည်။ တောက်ပသည်။ တော်သည်။
အသင်္ခရာရဲ့ စကားတွေနဲ့ အသံဟာ လူတိုင်းကို
ဆွဲဆောင်နိုင်သည်။ ပေါ့ပေါ့ပါးပါးပဲ ပြောနေသလိုရှိပေမယ့် ဒီလို ပြောနိုင်ဖို့ ဘယ်လောက်ခက်ခဲလဲ ဆိုတာ မြလွန်းသိသည်။ သို့သော် သူမသည် တော်လွန်းသည်။ အဆိုတော်တစ်ယောက် သီချင်းဆိုတဲ့အခါ စင်မြင့်ကို သိမ်းပိုက်သလို အသင်္ခရာဟာလည်း သူ့ရဲ့ နယ်ပယ်မှာ သူ့ရဲ့ stage တစ်ခုကို standard မြင့်မြင့်ဖန်တီးနိုင်သည်။

ပွဲအပြီးဆိုသော်လည်း staff party ရှိသေးတာကြောင့် ပွဲက ဆက်နေသလိုရှိသည်။ ဝန်ထမ်းတွေအကုန်လုံး စိတ်လွတ်ကိုယ်လွတ်ပျော်နေကြသလို
အသင်္ခရာဟာလည်း ‌ရယ်မောနေသည်။ ပုံမှန်ဆို ပွဲတစ်ခုမှာ အကြာကြီး မနေတတ်တဲ့ မြလွန်းဟာ ထူးထူးဆန်းဆန်းပင် မပြန်‌နိုင်သေး။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now