အခန်း (၆)

1.7K 118 0
                                    

Unicode

" သူက ? "

ဇီတာ့ကို လက်ညှိုးထိုးကာ မေးလိုက်တဲ့ မေးခွန်းကြောင့် မြလွန်း ခပ်ပြုံးပြုံးပဲ ဖြေပေးလိုက်သည်။

" သူက ဇီတာနို တဲ့။ လောလောဆယ်တော့ အလုပ်သင်ပေါ့။ "

မြလွန်းစကားကြောင့် အသင်္ခရာရဲ့ မျက်ခုံးတွေဟာ ပင့်တက်သွားသည်။လက်က နာရီကို တစ်ချက် ကြည့်နေသည်။ ထို့နောက် အလျှင်စလိုပဲ ထွက်သွားဖို့ပြင်သည်။

" ကျွန်မ ကိစ္စလေးရှိလို့ သွားလိုက်အုံးမယ်။ "

" အွန်း။ "

မြလွန်းလည်း ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
ပုံမှန်ထက် ပိုတည်နေသလို မျက်နှာထားနဲ့ အသင်္ခရာက တစ်မျိုးတစ်ဖုံ လှသည်။ သို့သော် မပြန်ခင် ဇီတာ့ကို ကြည့်သွားတာကြောင့် မြလွန်း စိတ်ထဲတွင် တစ်မျိုးခံစားသွားရသည်။

" ဇီတာ "

" ဟုတ် မမ။ "

" ခေါင်းကို မော့ထားစမ်းကွာ။ "

သူအဲ့လိုပြောတော့ ဇီတာက မရဲတရဲဖြင့် ခေါင်းမော့လာသည်။ ဒီကလေးမ ဘာလို့ အမြဲ ခေါင်းပဲငုံ့နေရလဲ။ မြလွန်း ဇီတာ့ကို ကိုယ့်ကိုကိုယ် ယုံကြည်စေချင်တယ်။

" အသင်္ခရာကို သိလား။ "

" မသိပေမယ့် သူ့အကြောင်းတွေ ကြားဖူးပါတယ်။
တကယ် တော်တဲ့ အမျိုးသမီးပါ။  "

" အွန်း ဟုတ်တယ်။ သူက တော်တယ်။ "

" ဟုတ်။ "

" ဇီတာ "

" ဟုတ် "

" ကိုယ့်ကို သေချာကြည့်စမ်း။ "

မြလွန်းရဲ့ အပြောကြောင့် မြလွန်းရဲ့ မျက်လုံးကို တည့်တည့်ကြည့်လာသည့် ဇီတာ။ မြလွန်းတို့ ကိုယ့်သေတွင်းကိုယ်တူးမိသလားတော့ မသိတော့။ ဇီတာရဲ့ ပြာလဲ့လဲ့မျက်လုံးတွေက ရူးလောက်အောင် လှသည်။

" မင်း မျက်လုံးတွေက တကယ်လှတာပဲ။ "

" ရှင်။ "

" အာ။ ဘာမှမဟုတ်ပါဘူး။ မင်းအလုပ်ဝင်တာမကြာသေးပေမယ့် ဒီ project အောင်မြင်ရင် ကိုယ်မင်းကို
အဖွဲ့မှုးနေရာပေးမယ်။ "

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now