အခန်း (၇)

1.7K 126 1
                                    

ပြန့်ကျဲနေတဲ့ ပစ္စည်းတွေအပြင် သွေးစက်တွေပါရှိနေသည်။။ အိုင်နေတဲ့ သွေးကွက်ကြီးရဲ့ ဘေးမှာ လဲနေတဲ့လူတစ်ယောက်။ ဘေးနားတွင် သွေးစွန်းနေတဲ့ ခပ်ကြီးကြီး ဖန်ကွဲစ။ အသက်ငင်နေတဲ့ ထိုလူက သူ့ကို ကြည့်သည်။ အားယူပြီး လက်တစ်ဖက်ကိုလှမ်းသည်။ သူ့ရဲ့ အင်္ကျီစကို လှမ်းဆွဲသည်။ နောက်ပြီး တိုးညှင်းတဲ့ အသံနဲ့ တစ်ခုခုကို ပြောလိုက်သည်။
ပြောပြီးတဲ့နောက်မှာပဲ လက်တစ်ဖက်ဟာ အင်္ကျီစကို ကိုင်ထားရာကနေ ပြုတ်ကျသွားသည်။ ထိုလူရဲ့ မျက်လုံးတွေဟာ မပိတ်တော့။

နံရံပေါ်မှာ စင်နေတဲ့ သွေးစက်တွေ။ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေ။ ကွဲကျနေတဲ့ ပန်းအိုး။ သွေးစတွေနဲ့ ဖန်ကွဲစ။ သေဆုံးသွား‌တဲ့ ထိုလူ။ အရာအားလုံး သူ့ရှေ့မှာ ဖြစ်ပျက်ခဲ့တာ။ မီးမှိန်မှိန်အခန်းထဲက အဲ့ဒီမြင်ကွင်းက ခြောက်ခြားစရာကောင်းလှသည်။
ခြေလှမ်းတွေက တုန့်ဆိုင်းသွားပြီး မလှုပ်နိုင်တော့တဲ့အထိ တောင့်သွားသည်ဟု ထင်ရသည်။ ဒီလူဟာ သူ့ရှေ့တင် သေသွားတာ။ သူ့ရှေ့တင်ပဲ။ ပေနေတဲ့ လက်ကသွေးတွေကို ကြည့်ရင်း ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ ငိုတယ်။ အော်ငိုတယ်။ မောပြီး ရပ်သွားမယ့်အထိ မျက်ရည်တွေ ခမ်းမယ့်အထိ ငို‌နေမိသည်။ သူ့အမှားမဟုတ်ဘူး။ အဖြစ်မှန်ကို သိတဲ့သူ သုံးယောက်သာရှိသည်။ သေဆုံးသွားတဲ့ ထိုလူရယ်။
သူရယ်။ နောက်ထပ် .... အဲ့ဒီလူရယ်။

အိပ်မက်ဆိုးကနေ အလန့်တကြားနိုးလာသည်။
နာရီကနေ လက်တံရွေ့နေတဲ့ အသံတွေကြားရသည်။ ဒါဟာ မြလွန်းအတွက် ဘယ်နှကြိမ်မှန်းမသိတော့တဲ့ အိပ်မက်ဆိုး မက်ခြင်း။ သူ ဆုံးပြီးကတည်းက အမြဲလိုလိုမက်နေတတ်သည်။ အပြစ်ရှိတဲ့ စိတ်တော့မရှိပေမယ့် အဲ့မြင်ကွင်းက ခြောက်ခြားစရာကောင်းသည်။ သူဟာ အပြစ်မရှိ။ အဲ့လူသာ သူ့ကြောင့် သေဆုံးရတာမဟုတ်။ မြလွန်း အဖြစ်မှန်ကို သိသည်။ ဒါပေမယ့် ခြိမ်းခြောက်တဲ့သူကတော့ မြလွန်းဟာ သူ့ကို သတ်ခဲ့တယ်လို့ ယုံကြည်ထားပုံ။

___________________________

မြလွန်းတစ်ယောက် ထိုင်းမှိုင်းနေတဲ့ စိတ်နဲ့အတူ ကုမ္ပဏီကို ထွက်လာခဲ့လိုက်သည်။ စိတ်လည်းရှုပ်သလို စိတ်လည်းမကြည်ပေ။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now