မိတ်ဆက်

6.2K 403 16
                                    

(0)

နန်ဟွေး က အခုချိန်မှ လူပုံစံ အဖြစ် ပြောင်းလာ နိုင်တဲ့ ယုန်ကလေး တစ်ကောင်ပါ။

'' ငါက တောင်ပေါ်ကနေ ဆင်းပြီးတော့ ငါ့ရဲ့ သူငယ်ချင်း လေးကို သွားရှာပေမယ့် မတွေ့ရပဲ မွှေးရနံ့ တစ်ခု ကနေ ဆွဲဆောင် ​ခြင်း ကို ခံခဲ့ ရတယ်လေ''

ဖြူစင်တဲ့ စိတ်နှလုံးသား ရှိပြီးတော့ နှစ်ပေါင်းများစွာ ချိုးခြံတဲ့ အကျင့် ရှိထားတဲ့ အကျိုးရလဒ် ကတော့ အရမ်းကို အကြီးအကျယ် ပျက်စီး သွားစေ တာ ပါပဲ။ ပြီးတော့ လိုအင်ဆန္ဒတွေ ကလည်း ပြင်းပြင်းထန်ထန် တောက်လောင် လာခဲ့တယ်လေ။

ထို သွေးဆောင် နေတဲ့ မွှေးရနံ့နောက်ကို လိုက်ပါ သွားရင်း နဲ့ သူ့ကိုယ်သူ အမျိုးသား တစ်ယောက် ရဲ့ လက်ထဲကို မူးဝေ စွာနဲ့ ခုန်ဝင် သွားခဲ့တယ်လေ။

ပြီးတော့ ထိုလူက သူ့ကို ကျွမ်းကျင်မှု ပြည့်ပြည့်ဝဝ မရှိပဲ စားပြီး သောက်ပြီး သွားတဲ့ အခါမှာတော့ နန်ဟွေးခမျာ အိပ်မော ကျသွားရုံတင် မက ဘူး သတိပါ လစ်သွားတော့တယ်။

နန်ဟွေး က ခေါင်းကိုက်မှု နဲ့ အတူ ပြန်နိုးလာတဲ့ အချိန်မှာတော့ သူရှာတွေ့ သွားတာ က သူ့ရဲ့ နားရွက်နဲ့ အမြှီးလေး က လုံးဝ ပြန်ထည့်လို့ မရတော့ ဘူးဆိုတာ ပါပဲ။

ပြီးတော့ နန်ဟွေး ဘေးမှာ အိပ်ပျော်နေတဲ့ ကိုယ်လူချော က နိုးလာတော့ နန်ဟွေး က အံကို တင်းတင်းကြိတ်ကာ ထိုလူကို ရိုက်ချ လိုက် ပြီးတော့ မေ့လဲ သွားစေ တယ်လေ။

ကျင်းထန် က နဂါးဥလေး ထဲမှာ ရှိနေစဥ်က ယုန်လေး တစ်ကောင်ဟာ သူ့ကို ဂူ တစ်ခု ထဲ ခေါ်သွားပြီးတော့ အချိန်အတော် ကြာထိ ပြုစု ပျိုးထောင် ပေးခဲ့တာ ကြောင့် သူက ထိုယုန် လေးကို ချစ်ခင် စုံမက် သွားခဲ့တယ်လေ။

မတော်တဆ မှု တစ်ခုကြောင့် သူက ယုန်လေး ရဲ့ မြင်ကွင်း ကနေ ပျောက်ဆုံး ခဲ့ရတယ်။

တစ်နေ့မှာတော့ သူက အနက်ရောင် ဆံပင်ရှိကာ မျက်လုံး နီနီလေး တွေနဲ့ ကောင်လေး တစ်ယောက် ကို ကောက်ယူ လာခဲ့တယ်လေ။

တစ်ဖက်လူရဲ့ အငွေ့အသက်တွေ က အတော်လေး ကို ရင်းနှီးနေ ပေမယ့် အခြေအနေ တွေကတော့ အတော်လေး ကို မမှန်ကန် နေပါပေ။

အဲ့ကောင်လေး ရဲ့ မျက်လုံး တွေက စိုစွတ် နေပြီးတော့ အဲ့ကောင်လေး က .....သူ့ရဲ့ အဝတ်တွေကို ဆွဲထား ဆဲပဲလေ။

သိပ်မကြာခင် မှာပဲ နန်ဟွေး က သူသွားရှုပ်လို့ မရနိုင်တဲ့ လူကြီး တစ်ယောက် နဲ့ အတူတူ အိပ်မိသွားတယ် ဆိုတာ သိသွားတော့တယ်။

သူ့ရဲ့ ပြင်းထန် တဲ့ ရိုက်ချက်ကို ပြန်ပြီး သတိ ရသွားတော့ သူ့ကလေးရဲ့ အဖေ အဖြစ် ပြန်အမှတ် ရပေးမယ့် အကြံဉာဏ်လေး ခမျာ တိတ်တဆိတ်ပဲ ပျောက်ကွယ် သွားတော့တယ်။

'' ကလေး တစ်ယောက် ကို ပျိုးထောင် တာ က ဒီလောက်ထိ  ငွေကုန်ကြေးကျ များလိမ့်မယ် လို့ ငါမမျှော်လင့် ထားခဲ့ဘူးလေ။ ပြီးတော့ ဒီလိုသာ ဆက်ပြီး သွားနေရင် ငါတော့ နောက်ဆုံး ညစာလေး တောင်မစား ရပဲ အသက်ဆက်ရှင် ရတော့မယ့် ဟန်ပေါ်နေပြီလေ ''

နန်ဟွေး ရဲ့ နှလုံးသား လေး က နစ်မြုပ်သွားတယ်။ သူက သူ့ရဲ့ သားကို အမှောင်ထဲမှာ သူ့ကလေးရဲ့ နောက်အဖေ အိမ်ရှေ့ကို သွားပြီး ပစ်ထား ခဲ့တယ်လေ။

ကျင်းထန် က ခုံပေါ်မှာထိုင် နေရင်း နဲ့ ယုန် တစ်ကောင် ကို စောင့်ဆိုင်း နေခဲ့လေတယ်။ သူ့ရဲ့ မိန်းမ ကိုစောင့် နေတာ တော့ မဟုတ်ပါပေ။ သူ့ရဲ့ စျေးပေါပေါ နဲ့ ရထားတဲ့ မျက်နှာ တစ်ခုလုံး မှာ မျက်ရည်တွေ နှာရည်တွေ နဲ့ ပြည့်အောင် ငိုထားတဲ့ သားလေးကို စောင့်နေတာ ပဲ ဖြစ်တယ်။

( ရွဲ့တာနော် 🤣)

သူ့သားရဲ့ လက်ပေါ်မှာ မှတ်စုလေး တစ်ခု ကပ်ထား ပြီးတော့ အဲ့ပေါ်မှာ လက်ရေး တွေက ပြင်းထန် စွာ ရေးထားလေတယ်။

'' ငါ ဒါကို လုံးဝ မတက်နိုင်တော့ဘူး ။ ဆိုတော့ အဲ့တာကို မင်းဆီ ငါပြန်ပေးမယ်! ''

နန်ဟွေး က သူ့ရဲ့ ခေါင်းကို လှည့်ကာ ဂူထဲကို ရုတ်တရက် ပြုတ်ကျ သွားပြီးတော့ တစ်နှစ် လုံး အိပ်ပျော်သွားလေတယ်။

နန်ဟွေး ပြန်နိုးလာတဲ့ အခါ သူအရင်ဆုံး တွေ့လိုက် ရတာ က အနက်ရောင် မျက်ဝန်း တစ်စုံပါပဲ။

'' မင်းကို လွမ်းတယ်လို့ ငါ့သား က ပြောနေလို့လေ ''

နန်ဟွေး ခမျာ သူ့ခါး က အပတ်ခံထား ရတဲ့ နဂါးအမြှီးကို ထိကြည့် ပြီးတော့ သူ့ခမျာ ကြောင်အ နေလေရဲ့။

.................................................................

ပေါင်ပေါင့် ဝေါသ အိုမီဂါ ပြီးမှ တင်မယ့်ဟာပါ။ မိတ်ဆက် ကြိုတင်ထားပါ့မယ်။ ပေါင်ပေါင်ဝေါသ အိုမီဂါ တင်ပြီးရင် အဲ့တာ တင်တဲ့ တင်္နလာ နေ့မှာ တင်ပေး သွားမှာပါ။

english name လည်း ရေးပေးထားတာကို ဘယ်မှာရှာရမလဲ လာမေးရင် စိတ်ကောက်ပြီပဲ ။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now