အပိုင်း (8.3)

337 48 2
                                    

(8.3)

ဘယ်လို ပဲ ဖြစ်ပါစေ ဝမ်ဟန် က အလုပ်ဆီ ပြန်သွား ရ အုံးမှာ ဖြစ်တဲ့ အတွက်ကြောင့် နန်ဟွေးကို လှိမ့်ခိုင်း မနေတော့ပေ။

'' မြန်မြန်လေး မင်းရဲ့ နားရွက်တွေနဲ့ အမြှီး တွေ ပြန်ထည့်လို့ ရမလား ဆိုတာ ကို လုပ်ကြည့် လိုက်အုံးလေ။ ညစာ စားပွဲ က နောက်ရက် အနည်းငယ် ဆိုရင် ရောက်လာတော့ မှာကွ ''

ဝမ်ဟန် က တံခါးကို ပိတ်ပြီး ထွက်သွားတဲ့ အခါ အခန်း က နောက်တစ်ဖန် ပြန်ပြီးတော့ တိတ်ဆိတ် သွားတော့ လေတယ်။

နန်ဟွေး က အမဲရောင် ရှပ်အင်္ကျီ ကို ထုတ်ယူ ကာ အသက်ပြင်းပြင်း တစ်ချက် ရှုလိုက် လေတယ်။ ဝမ်ဟန် ရဲ့ အရှေ့မှာ တည်ငြိမ် အေးဆေး နေသလို ဟန်ဆောင် ထားရ သမျှတွေ အကုန်လုံး ဟာ ထို ခဏလေး အတွင်း မှာပဲ ပြန်ပြီးတော့ ပြိုလဲ ကျသွား တော့လေတယ်။

သူ့ရဲ့ လက်ချောင်း တွေက မထိန်း မသိမ်း နိုင် အောင် တုန်ယင် လာပြီးတော့ လျှို့ဝှက်ချက် တွေ အများကြီး ရှိတဲ့ နေရာက ခူးလာခဲ့တဲ့ တားမြစ် အသီး တစ်လုံး လိုမျိုး အနက်ရောင် အဝတ်ကို ကိုင်ထား ရ လေတယ်။

အဲ့အဝတ် ကို အိတ်ထဲ ကနေ ထုတ်ပြီးတော့ သူ့ရှေ့မှာ ပေါ်လာ ချင်းပဲ သူ့ရဲ့ ကိုယ်က ဟော်မုန်း တွေက အပြောင်းအလဲ ဖြစ်သွားတာ ကို နန်ဟွေး သတိပြု လိုက် မိလေတယ်။

စိတ်လှုပ်ရှား လွန်းတာ ကြောင့် သူ့ရဲ့ တစ်ကိုယ်လုံး က တုန်ရီ လာခဲ့ ​လေတယ်။

ထိုဟာ က သူ့ ကို အတော်လေး ဆွဲဆောင် နေခဲ့လေတယ်။ တားမြစ် ဥယျာဉ် ထဲက နီရဲ နေတဲ့ အနီရောင် မကောင်းဆိုးဝါး  အသီးလို မျိုး ဆွဲဆောင် မှုတွေ ပြည့်နှက် နေကာ အာဒံ နဲ့ ဧဝ တို့ကို မလုပ်သင့်တဲ့  မှောက်မှား စေခဲ့တဲ့ အဖြစ် အပျက်ဆီကို ခေါ်ဆောင် သွား သလို မျိုးပါပေ။

ဒါပေမယ့် လည်း သူ့မှာ က ရွေးချယ် စရာ မရှိတော့ ပဲနဲ့ အသူရာ ချောက်နက် ကြီးထဲကို ခုန်ဆင်း ရတော့ မှာပဲ ဖြစ်လေတယ်။

ပြီးတာနဲ့ သူက အဆုံးမရှိ တဲ့ တွင်းနက် ကြီးထဲကို ဆက်လက် ဆင်းသတ် ရတော့ မှာလေ။

နန်ဟွေး က အရှေ့ကို မှီလိုက်ကာ အနက်ရောင် အဝတ်ထဲ ကို မျက်နှာလေး မြုပ်ထား ရင်း အသက်ကို ပြင်းပြင်းလေး ရူရှိုက် ကာ သူ့သခင်ရဲ့ ပိုင်ဆိုင်တဲ့ အငွေ့အသက်တွေ ကြားမှာ နစ်မြုပ်လိုက် တော့လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now