အပိုင်း ( 10.2)

301 51 0
                                    

(10. 2)

''မင်းရဲ့ ပါးစပ်ကို ပိတ်ထား စမ်း ၊ အဲ့တာ က နံတယ် ''

ဟော်လင်း က မြေပြင်ပေါ်မှာ ပျော့ခွေ နေတဲ့ လူကို ကြည့်လိုက် ပြီးတော့ အထင်သေးစွာနဲ့ ပြောလိုက် လေတယ်။

''မင်းကများ ငါ့ကို ထိရဲတယ် ပေါ့လေ။ မင်း က ဘယ်အသီး က စားမရ မှန်း တကယ်ကို မသိဘူးပဲ ''

''အိုး!တကယ်ကြီးလား? ''

ဟော်လင်း ကို ရန်စ ရဲတဲ့ လူဆိုတာ က အတော် လေးကို ရှားပါး ပါတယ်။ ဒါကြောင့် သူ့ရဲ့ မက်မွန်ပွင့်ပုံ မျက်ဝန်း လှလှလေး တွေက ဒေါသ မီးတွေ တောက်လောင် သွားတော့ လေတယ်။

''နှစ်ထောင်ပေါင်း များစွာ တောင် ရှိသွားပြီပဲ။ ငါ့ကို အခုလို လေသံနဲ့ ပြောရဲတဲ့ လူ မျိုး ငါ တစ်ခါ မှတောင် မမြင်ခဲ့ ဘူး ဘူးကွ ''

''မျိုးမစစ် ကောင် မင်းက မင်းဘာသာ မင်း ကြီးမြတ် လှ ပြီလို့ ထင်နေတာ လားကွ? ''

ဟော်လင်း ရဲ့ မျက်ဝန်း တွေက ကျဥ်းမြောင်း သွားပြီးတော့ တုံ့ဆိုင်းမှု အလျင်းမရှိတော့ ပဲနဲ့ သူ့ရဲ့ အရှိန်အဝါ တွေကို တိုက်ရိုက်ပဲ ထုတ်လိုက် တော့လေတယ်။

အခုလေးတင် မတူ ညီစွာ ထွက်ပေါ် လာတဲ့ အရှိန်အဝါ တစ်ခု က သူ့ရဲ့ စိတ်ဝိဉာဥ် ကို တုန်ရီ သွားစေ ပြန်တယ်လေ။ ဒီအခါ မှ ဟော်လင်း ရဲ့ အစစ်အမှန် က ဘာလဲ ဆိုတာ ကို သိသွားတော့ လေတယ်။

'' ဝေးကွာလွန်းလှတဲ့ ရှေးခေတ်ဦး  သားရဲ ''

ယန်ဖန် က မယုံကြည်နိုင်မှု တွေ နဲ့ အတူ အလွန်အမင်း တုန်လှုပ် နေခဲ့ လေတယ်။ ပြီးတော့ သူ့ရဲ့ မှတ်ဉာဏ်တွေ ထဲမှာ အိပ်ပျော်နေတဲ့ မှတ်ဉာဏ် အဟောင်း တစ်ခု က နိုးကြွ လာပြီးတော့ ထုတ်ပြော မိသွားလေတယ်။

' ဖြန်း ' ဆိုတဲ့ အသံ တစ်ချက်နဲ့ အတူ လေအလွင့်မှာ ယန်ဖန် ရဲ့ ပါးပြင်ပေါ် နီရဲ တဲ့ လက်ဖဝါးရာ ကြီး က လေထဲ ကနေ ပေါ်လာခဲ့လေတယ်။

'' နှိမ့်ကျ လိုက်တဲ့ နှင်နယ်ခံ မျိုး က ငါ့ရဲ့ ကိုယ်ပိုင် အစစ် အမှန် ကို အမည်နာမ တပ်ပြီးတော့ ခေါ်ရဲ သေးတာ လား ''

ယန်ဖန် က နန်ဟွေး ကို ပြောခဲ့ သလို မျိုးပဲ ဟော်လင်း က ယန်ဖန် ကို တစ်ထပ်ထည်း တူတဲ့ နည်းလမ်း အတိုင်း ပြန်လုပ် ခဲ့တာ ပဲ ဖြစ်လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now