အပိုင်း (12.2)

325 47 1
                                    

(12.2)

တိရိစ္ဆာန် ငယ်လေး တွေမှာ သူတို့ ကိုယ်ပိုင် ချမှတ်ထားတဲ့ စံနှုန်း သက်မှတ်ချက် တွေဆိုတာ မျိုး မရှိပေမယ့် လည်း လူသား ပုံစံ ကို ပြောင်းလဲ ပြီးတာနဲ့ လူသား တွေရဲ့ အခြေခံ စံနှုန်း တွေကို တဖြေးဖြေး နဲ့ လိုက်နာ သင်ကြား ရမှာ ပဲ ဖြစ်လေတယ်။

အခုချိန်မှာတော့ အထက်ပါ အကြောင်းအရာ တွေ အကုန်လုံးကို ဘေးနားဆီ ဖယ်ထား ရမှာ ပဲ ဖြစ်လေတယ်။

နန်ဟွေး အတွက် စိတ်အရှုပ်ထွေးဆုံး အရာကတော့ အဲ့နေတုံး က ကျင်းထန် စီကနေ ယူလာ ခဲ့တဲ့ ဝတ်ပြီးသား ရှပ်အင်္ကျီ နဲ့ ပတ်သက်ပြီး တော့ ဘာလုပ် ရမယ်မှန်း မသိ ပါပေ။

ဦးခေါင်းခွံ အထိကို ထုံကျင်အောင် သာယာ မှုကြီး က အခုချိန်ထိ သူ့ရဲ့ မှတ်ဉာဏ်တွေ ထဲမှာ ကျန်ရှိနေ ဆဲ ဖြစ်လေတယ်။ အဲ့အကြောင်းကို သူတွေးနေ သမျှ ကာလ ပတ်လုံး သူ့ရဲ့ မျက်နှာ က ပူလောင် နေ​ဆဲ ဖြစ်လေတယ်။

သူ့ရဲ့ အရေပြား တစ်လက်မ စီ တိုင်းက ထိုနေ့က ဖြစ်ပျက်ခဲ့ သမျှ တွေကို ပြန်မှတ်မိ နိုင်အောင် ကူညီ ပေးနေ ကြလေတယ်။ ကျင်းထန် ရဲ့ အသက်ရှု သံတွေက လေးလံ နေပြီး သူ့ရဲ့ လက်ချောင်း ထိပ်တွေက နှုတ်ခမ်းထောင့် စွန်း၊ လည်ပင်းနဲ့ ညှပ်ရိုးတွေ အထိ ဘယ်လို ထိတွေ့ နမ်းရှိုက်ခဲ့တယ် ဆိုတာမျိုး ကိုပေါ့လေ။

အခုချိန်ထိ တောင်မှ သူက တစ်ခါတစ်လေ ဆို ထို ရှပ်အင်္ကျီ ကို အနံ့ခံ ကြည့်လေ့ ရှိတယ်လေ။ အဲ့ပေါ်မှာ ကျင်းထန် ရဲ့ အငွေ့အသက် တွေကို ဖျော့တော့ စွာနဲ့ ခံစား ရမိဆဲ ဖြစ်လေတယ်။ ပြီးတော့ မထိန်းနိုင်ပဲ ရှုရှိုက်မိရင်း တွေးမိပြန်ပါ လေရော။

အခုတော့ သူခံစား နေရတဲ့ ခံစားချက် တွေက အပြစ်ရှိစိတ် နည်းနည်း ရယ်၊ သံသယ ၊ အ​ကြောက်တရား နဲ့ ကျင်းထန်ဆီ မပြောပြ နိုင်လောက်တဲ့ လိုအင်တွေပဲ ဖြစ်လေတယ်။

ပြီးတော့...... ရှင်းပြ လို့ မရနိုင်တဲ့ မျှော်လင့် စောင့်စား မှုတွေ ကိုရောပေါ့လေ။

တိရိစ္ဆာန် ငယ်လေး တွေရဲ့ ခံစားချက်လေး တွေ အမြဲတမ်း ရိုးရှင်း လေတယ်။ ဒါမှမဟုတ် ခံစားချက် တွေက တစ်ခုပဲ ရှိတက် ကြတယ်လေ။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now