အပိုင်း (3.1)

854 142 1
                                    

(3.1) သားပေါက်လေး

နန်ဟွေး က မိတ်လိုက် ကာလ ဝင် ပြီးတဲ့နောက် မသိတဲ့ လူ တစ်ယောက် နဲ့ အိပ်လိုက် မိတယ်။

ကြီးမားတဲ့ သတင်း အချက်အလတ် တွေက ဝမ်ဟန် ရဲ့ မသိစိတ်ကို တိုးပြီး ဝင်ဆောင့် လာခဲ့ လေတယ်။

လမ်းမကြီး ပေါ်မှာ ရှိနေတဲ့ အတွက်ကြောင့် ထိုနေရာမှာ သတင်း အချက်အလတ် တွေကို သေချာ မေးမြန်းဖို့ မသင့်တော် ပါပေ။ ဝမ်ဟန် က အမြန်ပဲ နန်ဟွေးကို သူ့ရဲ့ အိမ်အသေးလေး ဆီ ပြန်ပြီးတော့ ဆွဲခေါ် သွားတော့ လေတယ်။

အိမ် က အရမ်းကြီး မကြီးပေမယ့် လိုအပ်သမျှ တွေ အကုန် ရှိလေတယ်။ အိပ်ခန်း၊ ရေချိုးခန်း ၊ မီးဖိုချောင် ၊ ဝရံတာ တွေ ရှိလေတယ်။ နန်ဟွေး က ဆိုဖာပေါ် မထိုင်ရ သေးခင် မှာပဲ သူက အိမ် ထဲကို မနာလိုစွာ နဲ့ ပဲ လိုက်ကြည့် ခဲ့လေတယ်။

သူက အခုလို လူသား ပုံစံ ပြောင်းတယ် ဆိုတဲ့ အကြောင်း ပြချက် တစ်ခု ကတော့ ရှောင်ဟိုလီ လို မျိုး ကိုယ်ပိုင် ပိုင်ဆိုင်မှု တွေ ရှိချင် နေတာကြောင့်ပဲ ဖြစ်လေတယ်။ ဒီလူသား ကမ္ဘာ မှာ သူက ဒီလို အိမ်သေးသေး လေး တစ်လုံးတော့ ရှိချင် မိတယ်လေ။

သူ့ရဲ့ ဂူ က လုံခြုံတယ် ဆိုပေမယ့်လည်း အရမ်းကို ပျင်းစရာ ကောင်းတယ်လေ။ ပြီးတော့ အဲ့တာ က လူသား ကမ္ဘာ လိုမျိုး ပျော်ရွှင်စရာ လည်း လုံးဝ ကို မကောင်း ပါပေ။

ထို ကျဥ်းမြောင်းတဲ့ နေရာ လေး က နန်ဟွေး ကို ပြောမပြ တက်လောက် အောင် လုံခြုံမှု အငွေ့အသက်တွေ ပေးစွမ်း နိုင်လေတယ်။ ပြီးတော့ သူမေ့လျော့ထား ခဲ့တဲ့  ဆာလောင် မှု ကလည်း သူ့ရဲ့ အစာအိမ် ထဲကနေ ပျင်းထန်စွာ ဝေ့ဝိုက် တက်လာ ခဲ့ ပြီးတော့ အသံ ကျယ်ကြီး မြည်ဟီး လာခဲ့ လေတယ်။

နန်ဟွေး က သူ့ရဲ့ ' သံစုံတီးဝိုင်း ' ဖြစ်နေတဲ့ ဗိုက်လေး ကို လက်နဲ့ ဖိထား ပြီးတော့ ရှောင်ဟိုလီ ကို ရှက်ရှက် နဲ့ ပဲ ပြုံးပြ လိုက်တော့ လေတယ်။

ဝမ်ဟန် က ထို အဓိပ္ပါယ် ကို ကောင်းကောင်း လေး နားလည် လေတယ်။ သူက အရင်ဆုံး နွားနို့ တစ်ခွက် လောင်းထည့် က နန်ဟွေး ကို ပေးခဲ့ ပြီးတော့ မီးဖိုချောင် ထဲကို သွားကာ အေပရွန် ဝတ်လိုက် ပြီးတော့ မနက်စာ ချက်လိုက် တော့လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now