အပိုင်း (5.2)

624 107 2
                                    

(5.2) နိုင်ငံသား စိစစ်ရေး ကဒ်ပြား ( ID card)

အဲ့လိုမှသာ ဝမ်မို က ဝမ်ဟန် ရဲ့ လက်မောင်း တွေကို လွှတ်ပြီးတော့ နန်ဟွေးကို ကြည့်လိုက် လေတယ်။ သူနက ဒီကောင်လေး ဆီကနေ ရင်းနှီ ကျွမ်းဝင် နေတဲ့ ရနံ့ကို အမြဲ ရနေ ပေမယ့် ထိုအနံ့ကို ဘယ်မှာ ရခဲ့ ဘူး သလဲ ဆိုတာကို သူမ မမှတ်မိ ဘူး ဖြစ်နေ လေတယ်။

'' အဟွတ် အဟွတ် ''

ဝမ်ဟန် က ဘေးမှာ ရပ်နေ ဆဲ ဖြစ်ပြီးတော့ သူ့အမေ ဝမ်မိုကိုမိတ်ဆက် ပေးလိုက် ရ လေတယ်။

'' အမေ ၊ဒါက နန်ဟွေးလေ။ သား ငယ်ငယ် လေး တုံး က အတူတူ ဆော့ခဲ့တဲ့ ယုန်ကလေး လေ။''

ဝမ်မိုရဲ့ မျက်ဝန်း တွေက တောက်ပ သွားပြီးတော့ နန်ဟွေးကိုကြည့်တဲ့ သူမရဲ့ အကြည့်တွေက အနည်းငယ် ပူပြင်း လာလေတယ်။

''ဒါက အားဟွေး ကို ။ ဒီလောက်တောင် ကြီးထွား လာပြီပဲ''

နန်ဟွေး က စိုက်ကြည့်ခံ နေရတဲ့ အတွက် သူက အနည်းငယ် ရှက်ရွံ့ လာတာ ကြောင့် သူက ခေါင်းလေး သာ ငြိမ့် ပြလိုက်တော့ လေတယ်။

'' ငါက မင်း ငယ်ငယ်လေး တုံး ကတောင် ပွေ့ချီ ခဲ့သေးတာ။ အချိန်တွေ ဒီလောက် အကုန်မြန် တယ်ဆိုတာ ငါမထင်ထား မိဘူး။ ပြီးတော့ မင်းက လူသား ပုံစံတောင် ပြောင်းပြီး ပြီပေါ့လေ။ ဒါနဲ့ မင်းရဲ့ အမေ ရော ဘယ်လိုလဲ?''

'' မေမေ က အခုထိ တောင်ပေါ် မှာပဲ နေဆဲ ပါပဲ။ အန်တီ က အရင်က အတိုင်းပဲ လှနေ ဆဲပဲနော် ''

နန်ဟွေး က ဝမ်မိုကိုမမှတ်မိ သော်လည်း သူမ မျက်နှာ က လှပ သိမ်မွေ့တဲ့ အပြုံး မျိုးကို မမျှော်လင့် စွာနဲ့ပဲ  သူအရမ်း သဘောကျ လေတယ်။

'' ဟေး မင်း အမေ က တကယ့်ကို ရှေးရိုးစွဲ အဖွားကြီးပဲ။ ငါကတော့ သူမကို တောင်အောင်ဆင်း ပြီး ငါနဲ့ အတူတူ ဘဝကို လာဖြတ်သန်း ပါလို့ ပြောဘူးတယ်။ အဲ့အခါ ကျရင် ညီမ နှစ်ယောက် အတူတူ ကောင်းကောင်း ကြီး ရှင်သန် နေထိုင်လို့ ရ ပြီလေ။ ဒါပေမယ့် သူမက ငြင်းပယ် ခဲ့တယ်လေ။ တောင်ပေါ်က အရမ်းကို သန့်ရှင်း လို့ ပါတဲ့ရှင် ''

နန်ဟွေး က သူ့ အမေ ရဲ့ ခေါင်းမာ မှုကို သိပြီးတော့ ဝမ်မို ဆီကနေ ' ရှေးရိုးစွဲ အဖွားကြီး ' လို့ ပြောပြီး ဖော်ပြ တာက အတော်လေး ကို သင့်တော် တယ်လို့ ထင်မိ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now