အပိုင်း (11.1)

469 67 1
                                    

(11.1) ပြောင်းပြန် အကြေးခွံ

နန်ဟွေးကို နောက်ကျောမှာ သယ်ရင်းနဲ့ ပဲ ဝမ်ဟန် က ဖုန်းကို ထုတ်ကာ ခုန်းယင် ဆီကို လှမ်းပြီး ဆက်လိုက် လေတယ်။

''ဒေါက်တာ ခုန်း ၊ အခု ခများ အဆင်ပြေ မလား မသိဘူး ။ နန်ဟွေး က ဒဏ်ရာ ရထားတယ်။ ပြီးတော့ ကျွန်တော် လည်း သူဘယ်လို ဖြစ်သွားမှန်း လည်း မသိဘူး ။ သူ့ကို ချက်ချင်း စစ်ဆေး မှ ဖြစ်မယ် လို့ ထင်တယ် ''

''ကောင်းပြီလေ။ မင်း သူ့ကို ဆေးရုံဆီသာ တိုက်ရိုက် ခေါ်ခဲ့ လိုက်ပါ။ ငါ မင်းတို့ကို တံခါးဝ ကနေ ပြီးတော့ စောင့်နေမယ် ''

ဖုန်းချ ပြီးတဲ့နောက် ဝမ်ဟန် က နန်ဟွေးကို သယ်ကာ လုံးဝ မရပ်နား ပဲ ဆေးရုံဆီ ကို တိုက်ရိုက် အမြန် သွားတော့ လေတယ်။

ခုန်းယင် က လူနှစ်ယောက် ကို လည်း လှမ်းတွေ့ရော သူမရဲ့ နောက်က လိုက်ပါ လာတဲ့ ဆေးရုံဝန်ထမ်း တွေကို လူနာတင်စင် အမြန် ယူလာခိုင်းကာ ဝမ်ဟန် ရဲ့ နောက်ကျော ပေါ်ကနေ ထို ပေါ်ကို သေချာလေး တင်လိုက် တော့လေတယ်။

''အရမ်း ကြီးစိတ်ပူ မနေ ပါနဲ့။ သူ့ကို ငါနဲ့သာ လွဲထား လိုက်ပါ ''

ခုန်းယင် က ဝမ်ဟန် ရဲ့ ပုခုံးကို ပုတ်ကာ ဖြစ်ညှစ် ပေးရင်း နှစ်သိမ့် ပေးလိုက် လေတယ်။ နောက်တော့ သူမရဲ့ အဖြူရောင် ဂျုတီ ကုတ်ကိုလေထဲ မှာ ဝဲ ကနဲ ဖြစ်အောင် အမြန် လျောက် သွားတော့ လေတယ်။

ဝမ်ဟန် က အရေးပေါ် ခန်း ရဲ့ အပြင်မှာ ရှိတဲ့ ခုံရှည် ပေါ်မှာ ထိုင်စောင့် နေပြီးတော့ သူ့ကိုယ်သူ အပြစ်မတင် ပဲ မနေနိုင်​တော့ ပါပေ။

တကယ်လို့ သူသာ မိတ်ဆုံညစာ စားပွဲကို မခေါ်သွား ခဲ့ရင် ဒီနေ့ ဖြစ်တဲ့ ကိစ္စ ရပ်တွေ က နန်ဟွေး မှာ ဘယ်တော့ မှ ဖြစ်လာ လိမ့်မှာ မဟုတ်ဘူး..... ။

လျောက်လမ်း ရဲ့ ထောင့်နား လေးမှာ ကျင်းထန် က တိတ်တိတ်လေး ရပ်နေ ပြီးတော့ ပိတ်ထား ဆဲ ဖြစ်တဲ့ အရေးပေါ် အခန်း တံခါး ကို ကြည့်ရင်း နဲ့ လက်သီး ကို တင်းတင်း ဆုပ်ထား မိလေတယ်။ ဘယ်လောက်ထိ တောင် တင်းသလဲ ဆိုတော့ သူ့ရဲ့ လက်ဖဝါး ထဲကို လက်သည်း တွေတောင် နစ်ဝင် လုနီးပါး ဖြစ် နေပြီပဲ ဖြစ်လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] जहाँ कहानियाँ रहती हैं। अभी खोजें