အပိုင်း (8.2)

415 69 0
                                    

(8.2)

နို့ ပူပူလေး ကို ပါးစပ် အပြည့် တစ်ငုံ သောက်လိုက် ပြီးတော့ သူ့ရဲ့ ဝမ်းဗိုက် လေး က နွေးထွေးကာ သက်တောင့် သက်သာ ဖြစ်သွား တော့လေတယ်။ ပြီးတော့ တစ်ချိန်တည်း မှာပဲ ဝမ်ဟန် ရဲ့ စိတ်အခြေအနေ ကလည်း တစ်ဖြေးဖြေး ပြေလျော့ သွား တော့ လေတယ်။

အဲ့ အချိန် ကျတော့ မှပဲ နန်ဟွေး က မဝံ့မရဲ နဲ့ မေးမြန်း လိုက် လေတယ်။

'' မြေခွေး လေး ဘာကိစ္စတွေ ဖြစ်တာ လဲ? ''

ဝမ်ဟန် က လက်ဖက်ရည် ခွက် ကို ချကာ အသက်ကို ပြင်းပြင်း တစ်ချက် ရှုလိုက် လေတယ်။ ပြီးတော့ ဝမ်ဟန် က ဟော်တည် မှာ ဘာတွေ ဖြစ်ခဲ့ သလဲ ဆိုတာကို ပြောပြ ခဲ့လေတယ်။

'' ဘာရယ်! ''

နန်ဟွေး က ဝမ်ဟန် တစ်ယောက် ကျင်းထန် နဲ့ တိုက်ရိုက် တွေ့သွားတယ် ဆိုတာ ကို ကြားလိုက် ရတော့ အရမ်းကို ကြောက်လန့် သွားလေတယ်။

'' ဘာလို့ သူက အဲ့နေရာ မှာ ပေါ်လာ တာလဲ? ''

နန်ဟွေး က ချက်ချင်း လက်ငင်း ကိုပဲ အဆိုးဆုံး ဖြစ်နိုင်ချေ ကို တန်းတွေး ချ လိုက် လေတယ်။

အဲ့တာ ​က ဘာလဲ ဆိုတော့ ကျင်းထန် က ဒီကိစ္စ အကြောင်းကို သိသွား ပြီးတော့ သူနဲ့ တွေ့ဆုံ ရတာ ကလည်း မတော်တဆ တစ်ခု မဟုတ်ဘူး ပေါ့လေ။

ဝမ်ဟန် က နန်ဟွေး ရဲ့ မျက်နှာလေး ကို ပွတ်ပေး လိုက်ပြီးတော့ နှစ်သိမ့်ပေး လိုက်လေတယ်။

''အဲ့ အကြောင်း မတွေးနဲ့တော့။ သူက ငါ့ကို ရှာမတွေ့ သွားဘူး။ ငါထင် တာ ကတော့ သူက တစ်ခုခု ကျန်နေ ခဲ့လို့ လာပြီး ယူတာ ပဲ ဖြစ်ရမယ် ''

ထိုစကား ကို ကြားလိုက် ရတဲ့ အချိန်မှသာ နန်ဟွေး ရဲ့ နှလုံးသား လေး က မူလ နေရာ ဆီကို ယာယီ ကျ ပြန်ကြ သွားတော့ လေတယ်။

'' ဘယ်လို ပဲ ဖြစ်ပါစေ အဲ့တာ က တစ်ခုခု မှားယွင်း နေတယ် ဆိုပြီးတော့ ငါအမြဲတမ်း ခံစား နေ ခဲ့ရတယ်ရော ''

ဝမ်ဟန် က မျက်မှောင်ကြုတ် ပြီးတော့ ပြောလိုက် လေတယ်။

'' မင်း နဲ့ ငါ့ကြား က ဆက်ဆံရေး ကို ကျင်းထန် က သတိပြု မိသွားပြီ ဆိုပြီးတော့ ငါခံစား မိနေတယ် ''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now