အပိုင်း (5.1)

637 109 2
                                    

(5.1) နိုင်ငံသားစီစစ်ရေးကဒ်ပြား (ID card)

သေချာလေး ကို အများကြီး  စီစစ် ဆုံးဖြတ် ချက် ချလိုက် ပြီးတဲ့နောက် ဝမ်ဟန် က နန်ဟွေး အား သူ့အမေ ဆီ ခေါ်သွား ပြီးတော့ သေချာ​လေး ရှင်းလင်း အောင် လုပ်မှ ဖြစ်တော့ မယ်လေ။

သားရဲ ငယ်လေး တွေ အတွက် တစ်ကြိမ် တစ်ခါ သူတို့က အမှီခို ကင်းကင်း နဲ့ နေသွား ပြီးတာ နဲ့ မိဘတွေနဲ့ ဝေးရာမှာ သွားကာ နေကြ လေ့ ရှိလေတယ်။ ဒါကြောင့် ဝမ်ဟန် နဲ့ သူ့အမေ တို့က အတူတူ မနေ ကြတာ ပဲ ဖြစ်လေတယ်။

ပြီးတော့ တစ်ချို့ သားရဲငယ်လေး တွေက ပုံစံ မပြောင်း ဖို့ပဲ ရွေးချယ် ကြ လေတယ်။ ဥပမာ အားဖြင့် နန်ဟွေး ရဲ့ အမေ ဆိုရင် တောင်ပေါ် မှာပဲ ယုန်လေး တစ်ကောင် အဖြစ် နေထိုင် နေဆဲ ဖြစ်လေတယ်။

စစ ချင်း ကတည်း က နန်ဟွေး တစ်ယောက် ဒီလိုမျိုး အပြင်ကို ထွက်ရင် တစ်ခုခု မှားသွား မှာကို စိုးရိမ်တဲ့ ဝမ်ဟန် က နန်ဟွေး ကို အများသုံး ဘတ်စ် ကားနဲ့ ခေါ်သွား ဖို့ အစီအစဥ် မရှိပါပေ ။

ဒါပေမယ့် နန်ဟွေး က မျက်လုံး အကြီးကြီး ကို ပုတ်ခတ် ပုတ်ခတ် လုပ်ကာ သူ့ကို သနားစရာ ကောင်းစွာ ကြည့် လာချိန်မှာတော့ ဝမ်ဟန် တစ်ယောက် ရွေးချယ် စရာ မရှိတော့ ပဲ အရှုံးပေး လိုက် ရတော့ လေတယ်။

ဒီကိစ္စမှာ သူက နန်ဟွေးရဲ့ နားရွက် နှစ်ဖက်အား ဦးထုတ် ထဲမှာ လုံခြုံစွာ ထည့်ပြီး ဖွက်ထား လို့ ရတာ ကို သေချာ အောင် အတည်ပြု လိုက် လေတယ် ။

ဝမ်ဟန် က လျှာထိုး  ဦးထုတ်လေး တစ်လုံး ကို သွားရှာ ပြီးတော့ သေချာလေး ​ဆောင်းပေး လိုက်တယ်။ ပြီးတော့ နန်ဟွေး ရဲ့ မျက်နှာ သေးသေး လေးကို ပါ မက်စ် တပ် ပေးထား လေတယ်။

လုံးဝ ကို တစ်ကိုယ်လုံး တင်းကြပ်စွာ ဖုံးအုပ် ပေးထားတာ ခဲ့လေတယ်။

ဒီလိုသာ လုပ်ထားမှ မတော်လို့ နန်ဟွေး ရဲ့ နားရွက်တွေ ပေါ်သွား ရင်တောင်မှ မျက်နှာလေး ကိုတော့ မတွေ့ ကြ ရမှာ ပဲ ဖြစ်လေတယ်။

အရာရာ တိုင်း က အဆင်သင့် ဖြစ်တဲ့ အချိန်မှာတော့ သူတို့ နှစ်ယောက် လုံး က စိတ်လှုပ်ရှားစွာ နဲ့ အပြင်ကို ထွက်လာ ကြတော့ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now