အပိုင်း (9.2)

324 55 0
                                    

(9.2)

'' ငါမင်းကို လုံးဝ နားကို မလည် တော့ဘူးရယ်။ မင်း က လူဖမ်းဖို့ ဒီ လို ညစာ စားပွဲ ကို ကျင်းပ ပေးတာ ပဲ မဟုတ်လား ။ မင်းရဲ့ အလုပ်ကိစ္စ တွေပြီးတာ နဲ့ ဘာကြောင့် လာပြီးတော့ အခြေအနေ ကို လာမကြည့် ရတာ လဲ? ''

ခေါင်းထဲမှာ ဦးနှောက်ဆဲလ် လေး တစ်ခုပဲ ပါတဲ့ ထောင်ထျန်း တစ်ကောင် ဖြစ်တဲ့ ဟော်လင်း လို ကောင်မျိုး က ချစ်ရသူ အနီးနားမှာ ရှိလေလေ ပိုပြီးတော့ စိတ်ကို ထိန်းချုပ် ထားရ ပြီး မွန်းကြပ် လာ လေလေ ပဲ ဆိုတဲ့ အဓိပ္ပယ်ကို မသိ ရှာဘူးလေ။

သူက နန်ဟွေးကို ချစ်လွန်းအား ကြီးလို့ အမြဲလိုလို ချုပ်ချယ်ထား ချင်နေတာ ဖြစ်တဲ့ အတွက်ကြောင့် သူက နန်ဟွေး ရဲ့ အရှေ့ကို သွားရမှာ တွန့်ဆုတ် နေတာ ပဲ ဖြစ်လေတယ်။

ပြီးတော့ နန်ဟွေး ရဲ့ စိတ်နေ သဘောထား ကိုလည်း သူ သိ သလောက် အခြေခံ ရရင် သူသာ အတင်းဖိအား ပေးလိုက် မိပါက တစ်ဖက်က ယုန်လေး က ပိုလို့တောင် အဝေးကို မြန်မြန် ပြေးသွား မှာပဲ ဖြစ်လေတယ်။

အဲ့ကျ ရင် သူတော့ သေပြီပဲ။

သူဆိုတဲ့ ကျင်းထန် က ဘယ်တော့ မှ သူ့ခြေထောက် ပေါ်ကို ပြန်ပြီး ကျ လာမယ့် ကျောက်တုံး ကို မသလို ပြဿနာ ရပ်မျိုးကို လုပ်မယ့်သူ မဟုတ် ပါပေ။

အချိန်အတော် ကြာတဲ့ အထိ စောင့်ဆိုင်း ရတဲ့ အတောအတွင်း မှာ ကျင်းထန် က အတော်များများ ကို ဆုံးရှုံးခဲ့ ရတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ရှည် သည်းခံနိုင်စွမ်း ​ကိုတော့ ဘယ်တုံး ကမှ မပျောက်ခဲ့ပါပေ။ သူက လုံလောက် တာထက် ပိုပြီး တော့ စိတ်ရှည် ပါတယ်။

သူက သူ့ရဲ့ ယုန်လေး ကို အဝေးကနေ စောင့်ကြည့် နေပြီးတော့ ကိုယ်ပိုင် အစီအစဉ် တွေ သေချာလေး ချ ပြီးတော့ မှ တစ်လှမ်းချင်း ပဲ သူ့ယုန်လေး အရှေ့ကို ခိုင်မြဲ စွာ လျောက်လှမ်း ပြီးတော့ ဖမ်းဆုပ် ထားမှာ သာ ဖြစ်လေတယ်။

ဟော်လင်း က သဘောပေါက် နိုင်စွမ်း နှေးတဲ့ သူ တစ်ယောက် ဖြစ်ပေမယ့် ကျင်းထန် က အဲ့ အကြောင်း အရာကို ဆက်ပြီး မပြော ချင်တော့ တာ ကို အာရုံခံ ​မိလိုက် လေတယ်။ ဒါကြောင့် သူက လက်ကို ဝေ့ယမ်းကာ သူ့ရဲ့ တုံးတုံးအအ ပုံစံ ကို ပြန်ပြောင်း ပြီး ခေါင်းစဥ်ကို ပြောင်းလိုက် လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now