အပိုင်း (2.1)

1.2K 180 0
                                    

(2.1) ပါးရိုက်ခြင်း ၁

အခုချိန် ကျင်းထန်မှာ မေးစရာ မေးခွန်းတွေ အများကြီး ရှိနေ ပေမယ့် ဒီမြင်ကွင်း ကနေ လွတ်မြောက်ဖို့ အတွက် ဘယ်စကားဝိုင်းကမှ အကျိုးသက်ရောက် မှု မဖြစ်နိုင်တာက တကယ်ကို သိသိသာသာ ပဲလေ။

သူက နင်ဟွေး ရဲ့ ပါးလေး ကို အသာအယာပဲ ပုတ်လိုက်တယ်။

ပြီးတော့ နင်ဟွေး က ကျင်းထန် လက်ဖဝါးရဲ့ အအေးဓာတ်ကို ခံစားမိတော့ သူ့ရဲ့ လက်ဖဝါး ကို မှီပြီး ပွတ်တိုက်ကာ သက်တောင့် သက်သာ ဖြစ်တယ်လို့ ခံစား နေရလေတယ်။

ဘယ်လိုကြောင့်များ ယုန်ငယ်လေး ကနေ ခွေးပေါက်လေး အဖြစ် ပြောင်းလဲ သွားရတာ လဲ။

ကျင်းထန် က ရယ်လိုက်တယ်။

သူ့ရဲ့ လက်ဖဝါး အပိုင်းလေး က နန်ဟွေး ရဲ့ မရပ်မနား ပွတ်သတ်မှုကြောင့် လျင်မြန်စွာပဲ နွေးထွေးလာခဲ့ ပြီပဲ ဖြစ်လေတယ်။

နန်ဟွေး ကတော့ ခေါင်းကို ခါကာ မကျေမနပ် နဲ့ တီးတိုး ရေရွတ် လိုက်တယ်။

ဘယ်လို တောင် ပူလောင် နေရတာ လဲ။

ကျင်းထန် က မျက်မှောင်ကြုတ် လိုက်ကာ နန်ဟွေးမှာ အဖျား လက္ခဏာ တွေ ရှိသလား ဆိုတာကို သံသယ ဝင်မိတာကြောင့် စမ်းသပ်ဖို့ လုပ်လိုက် ပေမယ့် သူ့ရဲ့ လက်ကို နန်ဟွေး က ထပ်ပြီးတော့ ဖမ်းဆုပ် လိုက်ပြန်တယ်။

ကျင်းထန် တစ်ယောက် ခပ်ပါးပါးလေး ပင့်သက်ရှိုက် မိလိုက်လေတယ်။

ဒီယုန်လေး က ဘာမှ ဖျားနေတာ မဟုတ်ဘူး ။ အဲ့တာက ရှင်းရှင်းလင်းလင်း ကို မိတ်လိုက် ကာလ ထဲ ရောက်နေတာ လေ။

ထိုမတော်တဆ မှု က ရုတ်တရက် ကြီး ပေါ်ပေါက် လာတာကြောင့် နန်ဟွေး က အဲ့တာ ကို အရင်ဆုံး အေးဆေး တည်ငြိမ် သွားအောင် လုပ်ရ မှာပဲ ဖြစ်လေတယ်။

အပြင်ဘက်မှာ ရပ်စောင့် နေတဲ့ အတွင်းရေးမှုး ကို ကျင်းထန် တွေးမိ သွားတော့ သူက သူမကို အမြန်ပဲ သံပုရာရေခဲ ရေ တစ်ခွက်ကို အမြန်မှာခိုင်း လိုက်လေတယ်။

အတွင်းရေးမှုး ခမျာ လွတ်ငြိမ်း ချမ်းသာ ရတဲ့သူ တစ်ယောက် လိုမျိုး အောက်ထပ်ကို ပြေးဆင်း သွားပြီးတော့ အပေါ်ထပ်ကို သံပုရာရေခဲ ရေခွက်ကို ယူကာ အလျင်အမြန်ပဲ တက်လာခဲ့လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now