အပိုင်း (12.1)

418 51 0
                                    

(12.1) ငွေရှာ ပြီးတော့ ကလေး ပျိုးထောင် ရမယ်။

'' အခု ရဲ့ အရင် ကတည်း က တောင်မှ အလုပ် တစ်ခု ရှာဖို့ဆိုတာ က လွယ်ကူတာ မဟုတ်ဘူး လို့ ငါ မင်းကို မပြောခဲ့ ဘူးလား။ ပြီးတော့ မင်းက ဒီနေရာကို အခုမှ ရောက်တာ လေ။ ဒီနေရာ ရဲ့ ပစ္စည်းတွေ အတော်များများ နဲ့ မှ မရင်းနှီး သေးတာ ''

ဝမ်ဟန် က ဆိုဖာ ပေါ်မှာ လှဲနေ ပြီးတော့ သူ့ကို အပြုံးလေး နဲ့ ကြညိ့နေ ခဲ့တယ်။

နန်ဟွေး ရဲ့ နားရွက်တွေက နီမြန်း သွား ပြီးတော့ ဖက်ခေါင်းအုံးလေး ကို မြှောက်ကာ သူ့ရဲ့ ခေါင်းကို အဲ့ထဲ နှစ်မြုပ်ထား လိုက်တော့ လေတယ်။

အမှန် ကိုပဲ ဝမ်ဟန် က သူ့ကို သတိပေး ခဲ့တာ ဖြစ် ပေမယ့် သူက အလျင်စလို လုပ်ခဲ့တာ ပဲ ဖြစ်လေတယ်။

'' မင်း ခဏလောက် အချိန်ယူ ပြီးတော့ သင်စရာ ရှိတာ လေးတွေ သင်ပါအုံး။ ငါလည်း ဒီနေရာကို စလာတုံး က အဲ့လို ပဲ လုပ်ခဲ့ ရတာ ''

ထို အချိန် အတော အတွင်းမှာ ပဲ ဝမ်ဟန် က နန်ဟွေးကို အကြောင်းအရာ တွေ အများကြီး အား မပြီးပြတ် သေးတဲ့ အထိ သင်ကြား နေလေရဲ့။ ဥပမာ စမတ်ဖုန်း နဲ့ ကွန်ပြူတာ သုံးနည်း အခြေခံတွေ လိုမျိုးပေါ့ ။ ပြီးတော့ ကျန်တဲ့ ရက်တွေ မှာတော့ အဓိက ကျတဲ့ ထို ဘေးပတ်ဝန်းကျင် က  နေရာ တွေကိုလ​ည်း ဝမ်ဟန် က ခေါ်သွား ပေးသေးတယ်လေ။ ဒါကြောင့် အခုချိန်မှာ နန်ဟွေး တစ်ယောက် ထဲ အပြင်ထွက် ရင်တောင် စိုးရိမ် စရာ မလိုတော့ ပါပေ။

နန်ဟွေး က သူ့ရဲ့ ဗိုက်လေး ကို စိုးရိမ် ပူပန်စွာ နဲ့ ပွတ်လိုက် လေတယ်။ သူက အချိန်တွေ ကြာလာလေလေ သူ့မှာ ရှိတဲ့ အချိန်တွေက ကုန်သွား လေလေ ပဲလေ။ ပြီးတော့ သူ့ရဲ့ ကလေးလေး က ဗိုက်ထဲမှာ ထင်ရှားလာတဲ့ အချိန်ရောက် ရင် သူက မှိုခင်း တစ်ခင်းတောင် စိုက်ပြီး ချင်နေတာ ပဲ ဖြစ်လေတယ်။

နန်ဟွေး က ရက်ပေါင်း များစွာ သက်ပြင်း ချ ပြီးတဲ့နောက် ဖုန်းစိမ်း တစ်ခု ကနေ ရုတ်တရက် ကြီး ခေါ်ဆိုမှု တစ်ခု ဝင်လာ ခဲ့လေတယ်။

နန်ဟွေး က အဲ့ဖုန်းခေါ်ဆို မှုကို မဖြေပြီးခင်  အထိ မိနစ် အတော်ကြာ ကြောင်အ နေခဲ့ လေတယ်။ နောက်တော့ ဆိုဖာပေါ် ကို ထိုင်လျက်လေး ပြိုလဲ ပြုတ်ကျ သွားတော့ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now