အပိုင်း (15.1)

163 31 0
                                    

(15 . 1) ဓာတ်ပုံများ ၁

နန်ဟွေး လည်း အဝတ်လဲ ခန်း ထဲကနေ ထွက်လာရော ရိုက်ကွင်းမှာ ရှိနေ ကြတဲ့ လူတိုင်း က ပင့်သက်ရှိုက် မိ လိုက်ကြ လေတယ်။

ကြီးမားတဲ့ ရှပ် အင်္ကျီ က ကောင်လေး ရဲ့ တစ်ကိုယ်လုံး ကို ဖုံးအုပ်ပေး ထားကာ ကြယ်သီး တစ်လုံးချင်းစီ တိုင်း ကိုလည်း သေချာ တပ်ထား ပေမယ့် ကောင်လေး ရဲ့ အရှိန် အဝါ က လုံး ကို ပျောက်ကွယ် မသွား ပါပေ။

အနက်ရောင် ကော်လာ က ဖြူဖွေး သေးသွယ်တဲ့ လည်တံ ရှည်လေး ကို လွှမ်းမိုး လိုစွာ ပတ်ထားတဲ့ လည်ပတ် တစ်ခု လိုကို ထင်ရ လေတယ်။

ရှုလီ က မျက်မှောင် ကြုတ်ကာ အပေါ် အောက်ကို သေချာ ကြည့်လိုက် ပြီးတော့ ရိုက်ကွင်း တာဝန် ခံကို လှမ်းမေး လိုက် လေတယ်။

'' ဒီဟာ ကလည်း ဒီ အသုတ် ထဲ က နမူနာ အဝတ် ပဲလား? ''

ဟုတ်မှန်ကြောင်း အတည်ပြု ​အဖြေ ကို ရပြီးတဲ့ နောက်မှာ သူမ က ဓာတ်ပုံ ဆရာ ရဲ့ ထင်မြင်ချက် ကို မေးဖို့ သွားခဲ့ လေတယ်။

ဓာတ်ပုံ ဆရာ ခမျာ လည်း အနည်းငယ် ရှုပ်ထွေး သွားလေတယ်။

ဒီဟာ က ထိုဘရန်းမှ အခုတစ်ခေါက် ပေးဖို့ လိုက်တဲ့ အဝတ်သုတ် ထဲက တစ်ထည် ဖြစ်ပေမယ့် လည်း ထို အဝတ် က အသက် ၁၇ ၊ ၁၈ လေးတွေ အတွက် ထုတ်ထား တာ မျိုးနဲ့ လုံးဝ မတူ ပဲ အရွယ်ရောက် အမျိုးသား တစ်ယောက် ရဲ့ အဝတ် အစား ကို တိတ်တိတ် လေး ခိုးဝတ် ထားတဲ့ ဆယ်ကျော်သက် လေး တစ်ယောက် နဲ့ ပိုတူ စေလေတယ်။ ထို ဟာ ကပဲ မထင်မှတ် ထားလောက် အောင် စိတ်ဝင်စား မှုကို နှိုးဆွ ပေးနိုင် နေတယ်လေ။

အလုပ် အပ်တဲ့ ဘရန်း ဘက်က ဘယ်လို မျိုး ရိုက်ပါ ဆိုပြီးတော့ ညွှန်ကြားချက် ရှင်းရှင်းလင်းလင်း မပေး ထားတာ ကြောင့် ဓာတ်ပုံ ဆရာ ခမျာ အကြမ်းဖြင်းကို မှန်းဆ ပြီးတော့ ကောင်းသလို ရိုက်ကူး နေရတာ ပဲ ဖြစ်လေတယ်။

သူက ဒီတစ်ခါ ဘယ်လို ကိုယ်နေဟန်ထား လုပ်ရ မလဲ ဆိုတာ နန်ဟွေးကို ညွှန်ကြား ခဲ့လေတယ်။

အိစက်နူးညံ့ ကျယ်ပြန့်တဲ့ အိပ်ယာပေါ်မှာ အိပ်နေ ပြီးတော့ ဘေး က လိုက်ကာ တွေက တင်းကြပ်စွာ ချထား ပေမယ့် အနည်းငယ် အအေးဓာတ် ကို ခံစား ရသလိုမျိုး နန်ဟွေး က စိတ်ကူးယဥ် ရမှာပဲ ဖြစ်လေတယ်။ နောက်ပြီး မျက်လုံးလေး ကို အသာ လေး ဖွင့်ကာ မျက်ဝန်း ထောင့်လေး တွေကနေ အိပ်မှုံစုံ မွှား အကြည့်လေး ပေးရမှာ ဖြစ်တယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now