အပိုင်း (16. 2)

96 23 0
                                    

(16.2)

သူက သူ့ရဲ့ နတ်ဘုရားလေး နဲ့ ခြေ တစ်လှမ်းပဲ ကွာဝေး တော့တယ်။

ကျင်းထန် က မျက်လုံးတွေ ကို မှိတ်ထား ပြီးတော့ သူ့ရဲ့ ပျော်ရွှင်မှု တွေက ပင်လယ်လေပြေ လေညှင်းလေး တွေကို တိုးထွက် လာခဲ့ လေတယ်။

ပင်လယ်ရဲ့ ဒီရေ က တဖြေးဖြေး တက်လာတာနဲ့ အမျှ မြက်ခင်းစိမ်းလေး ကလည်း ဒီရေရောက်ကို ရောက်သွား မှာ ဖြစ်ကာ ပင်လယ်ကြီး ရဲ့ အငွေ့အသက်တွေ စွဲတင် နေမှာပဲ ဖြစ်လေတယ်။

ကြီးမားပြီးတော့ တိတ်ဆိတ် နေတဲ့ နားနေ ခန်းထဲမှာ သူတို့ နှစ်ယောက် လုံးရဲ့ နှလုံးခုန်သံ စည်းချက် ကျကျ ကြားနေ ရတယ်လို့ တောင် ကျင်းထန် ခံစားရ လေတယ်။

သူက ယုန်လေး ကို ဖမ်းမိဖို့ အခုလေးတင် အတော်လေး ကို နီးစပ်နေ ခဲ့ပြီး ဖြစ်လေတယ်။

မှောင်မိုက်တဲ့ အတွေးတွေ က ပင်လယ်နက်ထဲ က ရေမှော်တွေလို မျိုးတိုးထွက်​ လာခဲ့လေတယ်။

သူ့ကို ပိတ်လှောင်ထားလိုက်!  သူ့ကို ဖမ်းစီး ထားလိုက် ! အဲ့တာမှ ငါ တစ်ယောက် ထဲ သူ့ကိုတွေ့ နိုင်မှာ!  အဲ့တာ မှ ငါတစ်ယောက် ထဲ သူ့ကို ထိတွေ့ နိုင်မှာ!

သူ့ကိုယ်ထဲ က မကောင်းဆိုးဝါး က အသံကုန် ဟစ်အော် လာခဲ့တယ်။ ပြီးတော့ ကျင်းထန် ကလည်း အဲ့လို လိုက်လုပ် မိလုနီးပါးပဲ ။

အဲ့အချိန်မှာ ပဲ သူက ဂူ အသေးလေး တုံးက အကြောင်း တွေကို ပြန်ပြီး အမှတ်ရ သွား ခဲ့တယ်လေ။

တိမ်စိုင်တွေ လို ဖြူဖွေးပြီး နူးညံ့တဲ့ ယုန်အသေးလေး တစ်ကောင်က နားရွက်လေး တွေကို သူ့အနား ကပ်ထောင် ပြီးတော့ မျက်လုံး နီနီလေး တွေ ကလည်း စိတ်လှုပ်ရှား မှုတွေ အပြည့် ဖြစ်နေခဲ့တယ်။

'' ငါသာ လူသား ပုံစံကို ပြောင်းလဲ လို့ ရရင် လူသား တွေရဲ့ ကမ္ဘာကြီး ကို မြင်တွေ့ဖို့ အတွက် မင်းကို ခေါ်သွား ပေးမယ်နော်။ အဲ့နေရာ က ဒီဂူထက်တောင် ပိုပြီးတော့ ကြီးသေးတယ်ကွ ''

အဲ့အချိန်တုံး က သူဟာ စကား မပြောနိုင်သေးတဲ့ အတွက်ကြောင့် ထို ကတိ ကို သူ့ရဲ့ နှလုံးသား ထဲမှာ ရေးထိုး မှတ်ယူ ထားပြီး ဖြစ်လေတယ်။ ဒါကြောင့် အခုချိန်မှာတော့ ကျင်းထန် ရဲ့နှလုံးသား ကို နူးညံ့တဲ့ အရာလေး တစ်ခု က ရိုက်လိုက် သလို ခံစား ရပြီး အသိ တရား ပြန်ဝင် လာခဲ့တယ်။ အဲ့နေ့တုံး က သူ့ကို ထွေးပွေ့ပြီး နွေးထွေး စေတဲ့ ယုန်နားရွက် ဖြူလေး တစ်စုံလိုမျိုးပေါ့။

You've reached the end of published parts.

⏰ Last updated: Jun 13 ⏰

Add this story to your Library to get notified about new parts!

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now