အပိုင်း (11.2)

306 52 1
                                    

(11.2)

နန်ဟွေး က ဝမ်ဟန် ရဲ့ လက်မောင်း ကို ကိုင်ထား ရာ ကနေ လွတ်ပေး လိုက်ပြီးတော့ ဝမ်ဟန် ရဲ့ ဖုန်းကို  လက်ညိုးညွှန် ပြလိုက် လေတယ်။

'' အခုလေးတင် ငါတို့ တွေ့လိုက် ရတဲ့ လူက လေ မနေ့ က ငါ့ကို တိုက်ခိုက် ခဲ့တဲ့ လူပဲ........ ''

နွေးထွေးပြီး အေးစက် မှု က တစ်ပါတည်း ချဥ်းနှင်း ရောယှက် နေလေတယ်။

'' မြေခွေးလေး အဲ့ လူက လေ ဝံပုလွေ မျိုးနွယ်စု က လူပဲ ''

နန်ဟွေး က သူ့ရဲ့ လက်တွေကို တင်းကြပ်စွာ ဆုပ်ထား တာကြောင့် လက်ချောင်း လေးတွေ တောင် ​ဖြူစွက် လာပြီပဲ ဖြစ်လေတယ်။

လူသားတွေ ကြားထဲ မှာ ဝင်ရောက် ပြီး ရောနှောနေထိုင်တဲ့ လူသား မဟုတ်တဲ့ သူတွေက သူတို့ ထင်ထား တာ ထက်တောင် များနေမယ် ဆိုတာ ကို သူတို့ တစ်ခါမှ မတွေးခဲ့ ကြ ဘူးပေ။

ဝမ်ဟန် က ယန်ဖန် လို လူသား မဟုတ်တဲ့ သူကိုတောင် မှ အလွယ်လေး အမှောက် သိပ်လိုက် နိုင်တဲ့ ဟော်လင်း အကြောင်းကို တွေးမိ သွားလေတယ်။

အဲ့ လူ ကရော လူသား မဟုတ် လောက်ဘူး ထင်တယ်?

ဒါဆိုရင် ကျင်းထန် ကရော.........။

သူက သူ့ရဲ့ ခေါင်းကို ခါလိုက်တယ်။ သူက အခုတလော အရမ်းတွေ သံသများ ပြီးတော့ အတွေးတွေ အရမ်း လွန်နေ မိတယ် လို့ပဲ ထင်မိ လေတယ်။

ဒါပေမယ့် ယန်ဖန် ရဲ့ ကား မတော်တဆ မှု က အရမ်းကို တိုက်ဆိုင် လွန်းမနေ ဘူးလား။ အဲ့တာကို မပြောနဲ့ အုံးစို့။ ကိုယ်ခန္ဓာ ကြံခိုင်မှု အားကောင်း ပါတယ်ဆိုတဲ့ ဝံပုလွေ လူသား တွေက ဒီလောက် လေး ကားမတော်တဆ ဖြစ်မှုကြောင့် အပြင်းအထန် ထိခိုက် ဒဏ်ရာ ရသွားသတဲ့လား။

အဲ့တာ က အတော်လေး ကို အထင်သေး ဖို့ ကောင်းတယ်နော်။ ပြီးတော့ နန်ဟွေးကို တိုက်ခိုက်ခဲ့ ပြီး နောက်တစ်ရက် မှာတင် ဖြစ်သွားတာ လေ။

တစ်စုံ တစ်ယောက် က နန်ဟွေး အတွက် ဒေါသ တွေ အကုန်လုံးကို အဲ့ကောင် အပေါ်မှာ ပုံချ ဖြေရှင်း ပေးလိုက် တာနဲ့ အတော်လေး.....ဆင်တူ နေတယ် မဟုတ်ဘူး လား။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now