အပိုင်း (2.3)

956 159 1
                                    

(2.3) ပါးရိုက်ခြင်း

နန်ဟွေး က သူ့လက် ထဲ မှာ ရင်းနှီး နေတဲ့ အမွေးဖွှာဖွှာ နားရွက်တွေကို ထိလိုက် မိတော့ ခံစားချက်တွေ ပြီးဆုံးတဲ့ အရှိန်အဟုန်ကြောင့် ထွက်လာတယ် လို့ပဲ ထင်မိ လိုက်လေတယ်။

ဒါပေမယ့် သူက မကြာခင်မှာ ပဲ အဲ့တာက ကွဲပြားနေတယ် ဆိုတာကို သိသွားတော့တယ်။

သူ အဲ့တာ တွေကို ပြန်သွင်းလို့ မရတော့ဘူး ။

ပြီးတော့ မြီးညှောင့် ရိုးလေး နားမှာလဲ အမြီးလုံးလေး က ထွက်ပေါ် လာတာ ဖြစ်ပြီး အဲ့အထိတွေ့ က အရမ်းကို ရှင်းလင် ပြတ်သား ပြီးတော့  ခိုးလုခုလု နဲ့ လျစ်လျု ရှုဖို့ရာ အတွက် တကယ့်ကို ခက်ခဲ လေတယ်။

နန်ဟွေး ရုတ်တရက် ခံစား လိုက်ရတာ ကတော့ တစ်ညလုံး မိုးရွာပြီး အိမ်တစ်ခုလုံး ရေမြုပ် သွား သလို မျိုး ပဲပေါ့။

( ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ)

နန်ဟွေး က သူ့အမြီးတွေ ၊  နားရွက် တွေ နဲ့ ရုန်းကန် နေရချိန်မှာ သူ့ရဲ့ ဘေးက အိပ်ပျော်နေတဲ့ အမျိုးသား က အသာလေး လှုပ်ရှား သွားတာ ကို သိလိုက် ရတော့  သူ့ခမျာ တစ်ခဏ အေးခဲ သွားတော့တယ်။

ကျင်းထန် တစ်ယောက် အခုချိန်ထိ အိပ်ပျော် နေဆဲ ဖြစ်တာ က သိမ်းဆည်းထား တဲ့ အလိုရမ္မက် တွေ အကုန်လုံး ကို တစ်ညထဲ စွန့်ထုတ် လိုက်ရလို့ မဟုတ်ပဲနဲ့ ပိုအရေးအကြီး ဆုံး အချက် ကတော့  နန်ဟွေး ကိုယ်တိုင် က သာ သူ့ကို အေးချမ်း မှုနဲ့ စိတ်သက်သာရာ ရမှုကို ပေးစွမ်း နေတာ ကြောင့် ဖြစ်လေတယ်။

သူက သူ့မျက်လုံး တွေကို ရွေ့လိုက် ပေမယ့် အခုချိန်ထိ ပြည့်ပြည့် ဝဝ မနိုး သေးပါပေ။ ဒါပေမယ့် မသိစိတ် ကနေ သူ့ဘေး က အပူ အရင်းအမြစ် ကို လိုက်ရှာ နေမိ လေတယ်။

မနေ့ည က နန်ဟွေး ရဲ့ စိတ်အား ထက်သန် တက်ကြွ မှု က သူ့ကို အတော်လေး တုန်လှုပ် သွားစေ တယ်ဆိုတာ က ပြောနေစရာ ကို မလိုတော့ ပါပေ။ သူတို့ နှစ်ယောက် လုံး အတူတူ နေသွား ရမယ့် လမ်း အတွက် သူခမျာ အတိုချုပ် ဖို့ အချိန် အနည်းငယ် တော့ လိုအပ် လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now