အပိုင်း (8.1)

395 70 1
                                    

(8.1) အသူရာချောက်နက် (Abyss)

ကျင်းထန် က ထို အဝတ်အစား ကို ကိုင်သာ ကိုင်ထား ပြီးတော့ ဘာမှ မပြောတဲ့ အတွက်ကြောင့် ဟော်လင်း တစ်ယောက် အနည်းငယ် စိုးရိမ်စ ပြုလာ လေ ပြီပဲ ဖြစ်လေတယ်။

သူဆိုတဲ့ ဟော်လင်း က အတင်းအဖျင်း ဖရဲသီး စား ကြတဲ့ စကွက် မှာဆိုရင် ထိတ်ဆုံး နေရာကနေ ပြီးတော့ ဝင်ပါ တက် ပေမယ့် သူက အတင်းအဖျင်း ဖရဲသီး သတင်း တွေကို နားလည် သဘောပေါက် နိုင်စွမ်း က အတော်လေး နှေးကွေး လေတယ်။ ဒါကြောင့် သူက ချက်ချင်း ပဲ အမြန်လေး မေးလိုက် လေတယ်။

'' ဘာမှား နေလို့လဲ?  အဲ့ အဝတ် အစားနဲ့ ပတ်သက်ပြီး တော့ ဘာ များ မှားယွင်း နေလို့လဲ? ''

ကျင်းထန် ရဲ့ လှပတဲ့ လက်ချောင်း သွယ်သွယ်လေး တွေရဲ့ ထိပ်လေး တွေနဲ့ စျေးကြီး ပေးရတဲ့ ချည်ထည် အစ ကို ဖြေးဖြေးချင်း ပွတ်သပ် နေခဲ့ လေတယ်။ သူ့ရဲ့ မျက်ဝန်း တွေထဲ မှာတော့ မရှင်းလင်း တဲ့ ပုံရိပ်တွေ ရှိနေ ဆဲ ဖြစ်ကာ အသံ နိမ့်နိမ့် လေးနဲ့ ပြောလိုက် လေတယ်။

''သူက ငါ့ရဲ့ အဝတ်အစား တစ်ထည် ကို ယူသွား ခဲ့တယ်။ ''

'' ဘယ်သူလဲ?  အစောက ဝိတ်တာ လေးကို ပြော​နေတာလား? ''

ဟော်လင်း ရဲ့ ဦးနှောက် က အခုချိန် ထိကို အလုပ် ကောင်းကောင်း မလုပ်နိုင် သေးပါပေ။

'' မဖြစ်နိုင် တာကွာ။ ငါက အဲ့ကောင် လေးကို ချိတ်နိုင် ဖို့ စိတ်ကူး နေတုံး ပဲ ရှိနေ သေးတယ် တစ်ဖက် လူက မင်းဘက် ကိုတောင် ပါသွား ပြီပေါ့လေ?  ဒါက လုံးဝ ကြီးကို မတရားတာ ပဲကွ! ''

ဟော်လင်း က ဒေါသ တကြီး နဲ့ ပြောလိုက် လေတယ်။

ကျင်းထန် ကတော့ ဟော်လင်း ကို စိတ်ကုန်တယ် ဆိုတဲ့ အကြည့်နဲ့ ကြည့် ပြီးတော့ အထင် သေးစွာနဲ့ ပြောလိုက်တယ်။

'' မင်းရဲ့ ဦးနှောက် ဆဲလ် တွေက အခုချိန်ထိ တစ်ခု ထည်းပဲ ရှိနေ သေးတာလား? ဖွံ့ဖြိုး တိုးတက် မှုတောင်  မရှိဘူးလား? ''

ငထုံ ဦးနှောက် ရှိတဲ့ အကိုတော် ချော ဟော်လင်း ခမျာ တစ်ဖြေးဖြေး သဘောပေါက် လာသလိုလို ရှိပြီးတော့ ဖြေးဖြေးချင်း ပဲ ထောင့်နားလေး ကို လှည့်ကြည့် ရင်းနဲ့ တုန်လှုပ်စွာ မေးလိုက် လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now