အပိုင်း (6.2)

560 96 2
                                    

(6.2) ယုန်လေး မှာ ကိုယ်ဝန် ရှိနေပြီ

လုံခြုံရေး အစောင့် က အရှေ့မှ မောင်းတံ ကို ဖွင့်ပေး နေရင်း နဲ့ ကားထဲ က လူကို ပြုံးပြ ပြီးတော့ ပြောလိုက် လေတယ်။

'' ဒေါက်တာ ခုန်း က ဒီနေ့ အလုပ်ကို မသွား တော့ဘူး ထင်ပါ့ဗျာ ''

'' ဟုတ်ပ။ ဒီနေ့တော့ နားရက်လေး ယူမလား လို့လေ''

ခုန်းယင် က လုံခြုံရေး အစောင့်ကို ပြန်ပြီးတော့ ခေါင်းငြိမ့် ပြလိုက် လေတယ်။

'' စကားပြောနေ ရင်းမှပဲ မှတ်မိတယ် ဗျာ။ ဒီနေ့ ဒေါက်တာ ခုန်း ကို ရှာဖို့ ဆိုပြီးတော့ ကောင်လေး ငယ်လေး နှစ်ယောက် လာတယ်ဗျ။ ကျွန်တော် က ဒေါက်တာ ကို မတွေ့ရ သေးခင်မှာ တင် အဲ့ ကလေးတွေကို တွေ့ခဲ့ ရတာ လေ ''

လုံခြုံရေး အစောင့် က သိပ်မဝေးတဲ့ နေရာဆီကို ညွှန်ပြ လိုက် ပြီးတော့ ပြောလိုက်တယ်။

'' အဲ့မှာလေ။ အဲ့နားမှာ ရပ်နေ တဲ့ ကလေး နှစ်ယောက် ဗျာ ။ ''

ခုန်းယင် က ထို နှစ်ယောက် ကို အလင်းပြန် နေတဲ့ မှန်ကနေ တစ်ဆင့် လှမ်းပြီး တော့ မြင်လိုက် ရ လေတယ်။

'' အဲ့ကလေး တွေက ဘာကြောင့် ကျွန်မ ဆီ လာကြတာ လဲ ဆိုတာကို ရော ပြောသေးလား? ''

'' မပြော ပါဘူး ဗျာ ''

လုံခြုံရေး အစောင့် က သူ့ရဲ့ ခေါင်းကို ကုတ်ကာ ပြောလိုက် လေတယ်။

'' သူတို့ ကို ခေါ်ပြီးတော့ မေးပေး ပါရစေ ။ ဒီနေရာမှာ ကျွန်တော်က အမှားလုပ်မိမှာ စိုးရိမ်လို့ပါ ''

အဆုံးမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက် က ဆေးဘတ်ဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်ပွား ခဲ့ဘူးတယ်လေ။ ဒါကြောင့် သူက ထိုကောင်လေး နှစ်ယောက် တစ်ခုခု ဖြစ်သွားမှာ ကို ကြောက်မိတာ ပဲ ဖြစ်လေတယ်။ မဟုတ်ရင် သူ့ရဲ့ အလုပ် လေး က ဆုံးရှုံး သွားနိုင် လေတယ်။

'' အဲ့တာ က ကလေး နှစ်ယောက် ပဲလေ အဆင်ပြေ ပါတယ် ''

ခုန်းယင် က သူမရဲ့ နေကာ မျက်မှန် ကို ချွတ်လိုက် လေတယ်။

'' ကျွန်မ အရင်ဆုံး အထဲကို ဝင်သွား လိုက်မယ်။ မင်းက အဲ့ကလေး နှစ်ယောက် ကို အထဲကို ခေါ်လာ ပေးပါအုံး ''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now