အပိုင်း (3.3)

1K 154 6
                                    

(3.3) သားပေါက်လေး

နန်ဟွေး က ဟော်တည် ထဲမှာ သူက နှစ်ကြိမ်လောက် နံရံကို ဖြတ်ကျော် ခဲ့တာ ကို ပြန်ပြီးတော့ သတိ ရသွား လေတယ်။

သူက သိသိသာသာ ကြီး ကိုပဲ လူနည်းတဲ့ ထောင့်နား လေးကို ရွေးချယ် ပြီးတော့ ဖြတ်ကျော် ခဲ့တာ ဖြစ်ပေမယ့် ရှောင်ဟိုလီ ပြောတဲ့ အတိုင်း သူ့ရဲ့ လှုပ်ရှား မှုတွေ မှတ်ယူထား နိုင်တဲ့ ဟာသာ ရှိရင် အဲ့မှတ်တမ်း ထဲမှာ သူလုပ်ခဲ့ တဲ့ ဟာတွေက လူသား တွေကို သေချာပေါက် ကြောက်လန့် စေမိ သွားမှာ ပဲ ဖြစ်တယ်။

နန်ဟွေး က တွေးလေလေ မြေခွေး လေး က သူ့ထက်တောင် ပိုပြီး အတွေ့အကြုံ များကာ အရမ်း​ကို တော်တယ် ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ကိုက်ညီတယ် လို့ ခံစား ရလေတယ်။

မြေခွေးလေး က သိပ်ကို စဥ်းစား တက်တာ ပဲရော်။

'' ကောင်းပြီ။ ငါ တစ်ခဏ လောက် အတွင်း ပဲ ပြန်လာ ခဲ့မယ်နော် ''

ဟော်တည် ရဲ့ ပထမထပ် မန်နေဂျာ ရဲ့ ရုံးခန်း ထဲမှာ ကျင်းထန် တစ်ယောက် တိတ်တဆိတ် ထိုင်နေ ခဲ့လေတယ်။

သူ့နောက်မှာ ရပ်နေတဲ့ အတွင်းရေး မှုးခမျာ ဘာမေးခွန်း ကိုမှ မမေးရဲ ပါပေ။

မစ္စတာ ကျင်း က သူမ ကို မနက်ခင်း အစောကြီး ကတည်း က လှမ်းခေါ်ထား ပြီးတော့ ဘာကိုမှ မပြောခဲ့ ပါပေ။ ပြီးတော့ ဟော်တည် မန်နေဂျာ ကို ခေါ်ကာ အနီးကပ် စောင့်ကြည့် ရေး ကင်မရာ မှတ်တမ်း  တွေကို ပြုပြင် ခိုင်းတာ ပဲ ဖြစ်လေတယ်။

ပြီးတော့ သူမ ဘော့စ်ရဲ့ ဘယ်ဘက် ပါးပေါ်က အနီရောင် လက်ဝါးရာ အကြီးကြီး ကိုလည်း သူမ တွေ့လိုက် ရလေတယ်။ ဒါကြောင့် ပေါက်ကွဲ ထွက်လာ မတက် သိချင် နေတဲ့ စိတ်တွေကို သူမ ခမျာ အတက်နိုင်ဆုံး ဖိနှိပ်ထား ရလေတယ်။

သိချင်လို စိတ်က လူ တစ်ယောက် ကိုတောင် သေစေ နိုင်ရုံသာ မကပဲ သူမရဲ့ လစာ အများကြီး ရတဲ့ အတွင်းရေးမှုး အလုပ်လေး ကိုတောင် ဆုံးရှုံး သွားစေ နိုင်တယ်လေ ။

သူမ က သူမ အတွက် ထောက်ပံ့ နေရဆဲ ပဲ ဖြစ်ပြီးတော့ ဒီကနေ ရလာမယ့် အကျိုးဆက်ကို လည်း ခံစားနိုင်စွမ်း မရှိသေးပါပေ။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now