အပိုင်း (7.3)

443 77 0
                                    

(7.3)  အနက်ရောင် ရှပ်အင်္ကျီ

ဟော်လင်း က ဝမ်ဟန် ရဲ့ ရင်းနှီး ကျွမ်းဝင် နေတဲ့ မျက်နှာကို တွေ့လိုက်တော့ မသိလိုက် ပါပဲနဲ့ လက်ညိုး ထိုးပြီး ပြောလိုက် လေတယ်။

'' ဟေး ငါ မင်းကို မှတ်မိ နေ သလိုပဲကွ....... ''

ကျင်းထန် က သူ့ကို တစ်ချက် လှမ်းကြည့်လိုက် တော့ ဟော်လင်း က သူ့ရဲ့ ပါးစပ်ကို တန်းပြီး ပိတ်သွား တော့ ​လေတယ်။

သေချာ တာပေါ့ သူက ကျင်းထန် ဆီကို မန်နေဂျာ က အနီးကပ် ထောက်လှမ်းရေး ဗီဒီယို တစ်ခု ပို့လိုက်တဲ့ အချိန်တုံး က ဟော်လင်း လည်း ဘေးနား ကနေ ပြီးတော့ ကပ်ကြည့် နေခဲ့ တယ်လေ ။ ဒါကြောင့် မလို့ သူ့ အတွက်တော့ ဝမ်ဟန် ရဲ့ မျက်နှာ က အစိမ်း သက်သက် ကြီး ဖြစ်မနေ ပါပေ။

သူတို့ နှစ်ယောက် က နန်ဟွေး နဲ့ ဝမ်ဟန် ကြား က ပတ်သက် ဆက်နွယ်မှု ကို သေသေချာချာ လေး နားမလည် သေးပေမယ့် သူတို့က သူ့ အပေါ်ကို အရမ်းကြီး ထူးထူးဆန်းဆန်း မတွေး ခဲ့ပါပေ။  ပြီးတော့ တာဝန် အပြောင်းအလဲ လုပ်ရုံ လောက်ပဲ သာမန် တွေးခဲ့ ကြ လေတယ်။

ဒါပေမယ့် အခုလိုမျိုး ဒီနေရာမှာ ဝမ်ဟန် ပေါ်လာတာ ကိုတွေ့တော့ ဒါက အတော်လေး ကို ထူးဆန်းတယ် လို့ သူတို့ ခံစား လိုက်ရ လေတယ်။

အဲ့တာ က မတော်တဆ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ အခု ကတော့ လုံးဝ ကို တိုက်ဆိုင် နေပြီလေ။

ကျင်းထန် က မြက်တောထဲ က မြွေကို မခြောက်လန့် ချင် ပါပေ။

သူက ပုံမှန် အတိုင်း ကြည့်လိုက် ပြီးတော့ သာမန်သာ မေးမြန်း လိုက် လေတယ်။

'' ငါ မှတ်မိ သလောက် ကတော့ အခန်း သန့်ရှင်း ရေး လုပ်နေကြ လူက မင်း မဟုတ်ဘူး လား လို့ လေ? ''

'' သူက ယာယီ လုပ်စရာ ကိစ္စလေး ပေါ်လာ တာကြောင့်ပါ။ ဒါကြောင့်မို့ သာ ကျွန်တော် က ဘော့စ်ကျင်း ရဲ့ အခန်း သန့်ရှင်း ထိန်းသိမ်း ရေးကို ကျွန်တော် ကူပြီးတော့ ဆောင်ရွက် ပေးတာပါ ''

ဝမ်ဟန် က ဟန်ဆောင် ကောင်းစွာနဲ့ သေချာလေး ထောင့်စေ့ အောင် ပြန်ပြီး ဖြေ လိုက်လေတယ်။ အဲ့တာ က လုံးဝ ကို အပြစ်ကင်းလု နီးပါးပဲ။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now