အပိုင်း (6.3)

567 96 0
                                    

(6.3) ယုန်လေး မှာ ကိုယ်ဝန် ရှိနေပြီ

'' ကျင်းထန် ဆိုတာ က ရှီထျန်း ရဲ့ ကျင်းထန် လား? ''

နန်ဟွေး က သူ့ခေါင်းလေး ကို စောင်းကာ ဘေးမှာ ထိုင်နေတဲ့ ဝမ်ဟန်ဆီကို အဲ့တာ က အဲ့လူ လား ဆိုတာ ကို လှမ်း မေးနေ တဲ့ဟန် ပေါ်နေ လေတယ်။

ဝမ်ဟန် က ခေါင်းကို ငြိမ့်လိုက် ပြီးတော့ ခုန်းယင် ရဲ့ အမေးကို အတည်ပြု ပေး လိုက် လေတယ်။

'' ဒီကလေး တော့ အဲ့လို လူမျိုး နဲ့ အိပ်ခဲ့ ရတာ အတော်လေး ကို မလွယ်ကူ ခဲ့မှာပဲ''

ခုန်းယင် က ပြော ရင်းနဲ့ နန်ဟွေး ကို လက်မ ထောင်ပြ လိုက် လေတယ်။

အဆုံးမှာတော့ ကျင်းထန် က ကျော်ကြား တယ်လေ။ သူ့အကြောင်း တွေကို ခုန်းယင် က လည်း ကောလ ဟာလ တစ်ချို့ ကို ကြားထား ပြီးသား ဖြစ်လေတယ်။

နန်ဟွေး က သူ့ လက်ချောင်း လေး တွေကို အမြန်ခါ လိုက် ပြီးတော့ အရမ်းကို ရှက်တာ ကြောင့် ခုန်းယင် ကိုတောင် နောက်တစ်ခါ မကြည့်ရဲ တော့ ပါပေ။

'' ငါ မင်း ရဲ့ နားတွေကို တစ်ချက် လောက် အရင်ဆုံး ကြည့်ကြ ရအောင်''

ခုန်းယင် က ထလာ ပြီးတော့ လက်တွေကို ဆန့်ထုတ်ကာ  နန်ဟွေးရဲ့ အမွှေးပွ နားရွက်လေး တွေကို ကိုင်လိုက် လေတယ်။

'' ကြည့်ရတာ တော့ ကိုယ်ထဲက အရေးကြီး လုပ်ငန်းဆောင် တာ တစ်ချို့ ဖြစ်သွားပြီး တစ်ချို့ ရုပ်ပိုင်း ဆိုင်ရာယာယီ ချို့ယွင်းမှု တွေ ဖြစ်လာတဲ့ ပုံပဲ။ ဒါပေမယ့် ကိုယ်ဝန် နဲ့ ပတ်သက်ပြီး တော့ အဲ့လို မျိုး ဖြစ်ပျက် သွားတယ် ဆိုတာ ကိုတော့ ငါ တစ်ခါမှ မကြား ဘူးသေးဘူးရယ်။ ''

ယေဘူယျ အားဖြင့် ပြောရရင် တော့ လူသား တစ်ယောက် အနေနဲ့ ကိုယ်ဝန် ရှိမရှိ သိနိုင်ဖို့ အတွက် တစ်ဆယ့်ငါးရက် စောင့် ပြီးမှ သာ စစ်ဆေး ကြည့်လို့ ရနိုင်တာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် အဆုံးသတ်မှာတော့  ပထမဆုံး အနေနဲ့ နန်ဟွေး က လူသား တစ်ယောက် မဟုတ်ပဲ ပုံပြောင်းထား တဲ့ အကောင်ငယ် လေး ဖြစ်ပြီးတော့ ဒုတိယ အချက် ကတော့ ထို လက္ခဏာ တွေက အတော်လေး ကို ထူးဆန်း နေတယ်လေ။ ဒါကြောင့် ခုန်းယင် က အခုချိန်မှာ တော့ ဘာကိုမှ သဲသဲ ကွဲကွဲ မမြင်နိုင် သေးပါပေ။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now