အပိုင်း (4.1)

776 146 4
                                    

(4.1) ယုန်ငယ်လေး က အဝေးကို ထွက်ပြေး သွားတယ်

ရှီထျန်း အဆောက်အဦး အတွင်းရှိ ကျင်းထန် ရဲ့ ရုံးခန်း ထဲ တွင်တော့ ဟော်လင်း က ကျင်းထန် ရဲ့ ပါးပေါ်က လက်ဝါးရာ ကြီးကို ကြည့်ကာ ဆယ်မိနစ် ကျော် အထိကို ရယ်မော နေလေတယ်။ ရယ်လွန်း လို့ အူတက်ပြီး သေမတက် ထိကို ရယ်နေ ခဲ့တာ ပဲ ဖြစ်လေတယ်။

ကျင်းထန် က ရယ်ပြီးတော့ သေမတက် ဖြစ်နေတဲ့ ကောင်ကို ကြည့်ကာ သူ့ရဲ့ နာကျင်နေတဲ့ နားထင် တွေကို နှိပ်ပြီးတော့ စားပွဲ ပေါ်က ပြာခွက် ကိုကောက်ကိုင်ကာ ထိုကောင်ဆီ ပစ်လိုက် ရင်း နဲ့ အတွင်းရေးမှုး ကို အထဲဆီ ဝင်လာ ဖို့ ပြောလိုက် လေတယ်။

''သူ့ကို အထဲဝင် ခွင့် ပေးဖို့ ဘယ်သူ က ပြောထားလို့လဲ? ''

အတွင်းရေးမှုး ခမျာ အခန်းထဲ မှာ အမေးခံ ရတဲ့ အတွက်ကြောင့် သူမ လည်း မတက်နိုင်တော့ ပဲ ခေါင်းသာ ငုံ့ထား လိုက် ရ လေတယ်။ ဘာစကား မှ မပြောနိုင် တော့ပါပေ။

''ကျင်းထန်ရာ ငါက ပဲ အထဲကို အတင်း ဝင်လာ တာပါကွ။ အတွင်းရေး မှုး မမကို အခက်တွေ့ အောင် မလုပ် ပါနဲ့ ကွာ ''

ဟော်လင်း က အတွင်းရေးမှုး ဆီကို မျက်လုံး တစ်ဖက် ပိတ်ပြ လိုက် ပေမယ့် ဟိုကတော့ သူ့ကို လျစ်လျုသာ ရှုထား ခံ လိုက်ရ လေတယ်။

ကျင်းထန် က သူ့ကို လက်ကို ဝှေ့ယမ်း ပြီးတော့ သာ ထွက်သွား ခိုင်းလိုက် တော့တယ်။ အခုချိန်မှာ ထိုကိစ္စ နဲ့ ပတ်သတ် လို့ သူ့ရဲ့ အတွင်း ရေးမှူး ကို အရှက်ရအောင် မဆူ ပူ ချင် နေပါပေ။

အတွင်းရေးမှုး က ဥက္ကဋ္ဌ ရုံးခန်း ထဲ ကနေ ထွက်လာ ပြီးတဲ့နောက် သူမရဲ့ နေရာ ဆီကို သွားလိုက် လေတယ်။ နောက်တော့ သူမ က ဖုန်းကို ထုတ်ကာ ဂရုတွေ ထဲက တစ်ခု ထဲကို ဝင်လိုက် လေတယ်။

ထို Wechat မှာ ဂရုတွေ အများကြီး ရှိပေမယ့် အဲ့ထဲ မှာမှ ပိုပြီး အတက်ကြွ ဆုံး ရှိတဲ့ ဂရု ကတော့ '' မြေကမ္ဘာ ဘုရင်မ ကြီး ရဲ့ ဥယျာဥ် '' ဆိုတာ ပဲ ဖြစ်လေတယ်။

လူသား အရင်းအမြစ်ဌာန/ စွမ်းဆောင်ရည် ရှိသူ -[ ဖာ့ခ်၊ ဖာ့ခ် ၊ မင်းတို့ ကောင်တွေ ဒီနေ့ မစ္စတာ ကျင်း ရဲ့ မျက်နှာ ပေါ်က လက်ဖဝါး ရာ ကြီးကို တွေ့ကြ ရဲ့လား ဟေ့]

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now